Monday, July 16, 2012

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့် ဂျာမနီနိုင်ငံ Suddeutsche Zeitung သတင်းစာ အင်တာဗျူး

မေး။ ။သမ္မတကြီး ခင်ဗျာ တစ်ကမ္ဘာလုံးက သမ္မတကြီး လုပ်နေတဲ့ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်ကို အင်မတန်ကြိုက်နှစ်သက် နေကြပါတယ် ။ ကြီးမားမြင့်မြတ်တဲ့ ပြုပြင်ပြောင်းလဲရေး သမား မြန်မာနိုင်ငံရဲ့ ဂေါ်ဘာချော့ လို့ အခေါ်ခံရရင် ဘယ်လိုခံစား ရပါမလဲ ။
ဖြေ။ ။ကျွန်တော် အစောပိုင်း ကပြောခဲ့တဲ့ ရှင်းလင်းချက်တွေ ထဲမှာ အဲဒီအချက် အတော်များများကို ဖြေထားခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်ပြောသလိုပါပဲ၊ ကျွန်တော်တို့ အစိုးရဟာ မြန်မာပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ သဘောထားကိုဖြည့်ဆည်းပေးရမယ့် တာဝန် ကျွန်တော်တို့မှာ ရှိတယ်။ အဲဒီအတွက် ကြောင့်လည်း ပြည်သူ့ဆန္ဒနဲ့ သဘောထားကို ကျွန်တော်တို့က အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတယ်။ ကျွန်တော် ဟာ မြန်မာပြည်သူတွေ ယုံကြည်စိတ်ချစွာနဲ့ ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့သူ တစ်ယောက်လို့ ကိုယ့်ကိုယ် ကိုယ်လက်ခံထားပါတယ်။ ကျွန်တော်ဟာ မြန်မာပြည်သူတွေရဲ့ လိုအင် ဆန္ဒတွေကို ဖြည့်ဆည်းပေးရမယ့် တာဝန်နဲ့ ဝတ္တရား တွေကို ထမ်းဆောင်နေတဲ့ သူတစ်ယောက်ပါ။
မေး ။ ။ ပြည်သူလူထုရဲ့ ဆန္ဒတွေကို သမ္မတကြီးက ဖြည့်ဆည်းပေးနေတာ လို့ဆိုတော့ ပြီးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်တုန်းက ပြည် သူတွေရဲ့ ဆန္ဒထုတ်ဖော်ခဲ့ပြီးပြီမဟုတ်ပါလားခင်ဗျာ။ ဘာကြောင့် ယခုအချိန်မှ သူတို့ရဲ့ ဆန္ဒတွေကိုဖြည့်ဆည်း ပေးရ တာ လဲ၊ အဲဒီအချိန်တုန်းက ဘာကြောင့် မဖြည့်ဆည်းပေးခဲ့တာလဲ။

ဖြေ ။ ။အဲဒီ အချိန်တုန်းက ကျွန်တော်တို့ တိုင်းပြည်မှာ ယနေ့အချိန် ကာလလိုမျိုး ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုမရှိခဲ့ပါဘူး။ အဲဒီတုန်း ကပြည်သူတွေရဲ့ ဆန္ဒဟာငြိမ်းချမ်းမှုပြည့်ဝတဲ့ သဘောနဲ့ ထုတ်ဖော်တာ မဟုတ်ပါဘူး။ သူတို့ကလိုချင်တာ၊ ရချင်တာ၊ ဖြစ်ချင် တာကိုပဲထုတ်ဖော်ခဲ့တာပါ။ အဲဒါကြောင့်အဲဒီအချိန်တုန်းက တိုင်းပြည်ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းဖို့ ဆိုတာဟာ တပ်မတော် တစ်ခုတည်းအပေါ်မှာသာ လုံးလုံးလျားလျား မူတည်ခဲ့ပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း တပ် မတော်အစိုးရက တိုင်းပြည်တာဝန်ကို မလွဲမသွေရယူထားရတဲ့ အချိန်မှာတည်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်အုတ် မြစ်ချနိုင်ရေးဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ အမြင်သူ့မှာ ရှိခဲ့တာပါ။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး ဆိုတဲ့ ဦးတည်ချက် တပ်မတော် အစိုးရမှာ ရှိခဲ့ပါတယ်။ မည်သို့ပင် ဆိုစေ အဲဒီ အချိန်တုန်းက တိုင်းရင်းသားလူမျိုးတွေကြားမှာ ညီညွတ်မှုဆိုတာ မရှိခဲ့ပါဘူး။ တိုင်းပြည်ရဲ့ အခြေခံ အဆောက်အဦးတွေဟာလည်း ပြည့်ဝမှုမရှိခဲ့သလို ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်းမရှိခဲ့ပါဘူး။ တကယ်တော့ အပြောင်းအလဲတွေနဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာ ယနေ့အချိန်ရောက်မှ လုပ်ဆောင်တာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀ဝ၃ ခုနှစ်ကတည်းက အကောင်အထည်ဖော်လာခဲ့တာပါ။ အဲဒီနှစ်မှာ တပ်မတော်အစိုးရက ဒီမိုကရေစီရှေ့ဆက် ဖော် ဆောင်နိုင်မယ့် အဆင့်ခုနှစ်ဆင့်ပါ လမ်းပြမြေပုံရေးဆွဲခဲ့ပြီး တိုင်းပြည်မှာ ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေး အတွက် အဲဒီလမ်း  ပြမြေပုံအတိုင်းတစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ခဲ့တာကို ခင်ဗျား သိရှိထားပြီးဖြစ်မယ်လို့ ထင်ပါတယ်။ လမ်းပြမြေပုံကိုတစ်ဆင့်ချင်း အကောင်အထည်ဖော်ခဲ့ပြီး နောက်ဆုံးအဆင့်မှာ ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူတွေ ကရွေးကောက် တင်မြှောက်တဲ့ အစိုးရပေါ်ထွန်းခဲ့ပါတယ်။ ဒီမိုကရေစီရှေ့ဆက်ဖော်ဆောင်မယ့်လမ်းပြ မြေပုံအကောင် အထည်ဖော်မှုရဲ့ ရလဒ်အနေနဲ့ ပေါ်ထွန်းလာတာဖြစ်ပါတယ်။

မေး ။ ။ ကျွန်တော် နားလည် သဘောပေါက်တာ မမှားဘူးဆိုလျှင် ယနေ့၏ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာ ယခင်တပ်မတော် အစိုးရခေါင်းဆောင် ဦးသန်းရွှေ (အင်တာဗျူးလုပ်သူပြောသည့်အတိုင်း) သတ်မှတ်အတည်ပြု ပြဋ္ဌာန်းခဲ့ တဲ့ရေရှည် မဟာဗျူဟာရဲ့ဲ့ တစိတ်တပိုင်း လို့ဆိုလို့ရမလား ခင်ဗျာ။

ဖြေ ။ ။ မတူညီပါဘူး ။ တပ်မတော် အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်။ ကျွန်တော်တို့အ စိုးရကပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရဖြစ်ပြီး တိုင်းပြည်မှာ ဒီမိုကရေစီ စနစ်အောင်မြင် ဖြစ် ထွန်းလာစေရေး၊ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေပြည့်ဝနိုင်ရေး၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု တည်တံ့နိုင်ရေးအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်။ ခင်ဗျားအနေနဲ့ရှင်းရှင်းလင်း လင်းဖြစ်သွား အောင်ပြောရမယ်ဆိုလျှင် " တပ်မတော်အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီစနစ် အုတ်မြစ် ချနိုင်ဖို့ကြိုးပမ်းခဲ့တယ်။ ကျွန် တော်တို့အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီစနစ် အောင်မြင်ဖြစ်ထွန်းအောင်လုပ်ဖို့ကြိုးပမ်းနေတယ်" ပေါ့ဗျာ။

မေး ။ ။ သမ္မတကြီးခင်ဗျား၊ဒါဆိုရင် သမ္မတကြီးက တပ်မတော် အစိုးရရဲ့ ဆန္ဒကိုပြီးပြည့်စုံ အောင်အကောင်းဆုံး လုပ် ဆောင်ပေးနေတယ်ဆိုတဲ့ သဘောမျိုး ဟုတ်ပါသလား။အခု ပြုပြင်ပြောင်းလဲမဲမှုတွေဆိုတာကအဲဒါနဲ့ဲ့ပဲ အားလုံး ပတ် သတ်နေတာလား။

ဖြေ ။ ။ လုံးဝကွဲပြားခြားနားပါတယ်။ ကျွန်တော်ပြောမယ်၊ အဲဒီမှာ နှစ်ပိုင်းရှိတယ်၊ တပ်မတော်အစိုးရကကျွန်တော်တို့ဆီမှာ ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းလာဖို့၊ အုတ်မြစ်ချနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်။ ကျွန်တော့်အပိုင်းက တိုင်းပြည်မှာ ဒီမို ကရေစီစနစ်အပြည့်အဝအောင်မြင်ဖြစ်ထွန်းရေးအတွက်လုပ်ဆောင်ပေးဖို့ပါ။ အဲဒီလိုမျိုး အပိုင်းနှစ်ပိုင်းဖြစ်ပါတယ်။ ခင်ဗျား
နားလည်သဘောပေါက်ရဲ့လား။

မေး ။ ။ သမ္မတကြီးက ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဟာ အင်မတန်ကျဉ်းမြောင်းပြီး နောက်ပြန်လှည့်လို့မရနိုင်ဘူးလို့ ဖော်ပြပြောဆိုခဲ့တယ်။ဒါပေမဲ့ တိုင်းပြည်မှာရှိတဲ့လူတိုင်းကသမ္မတကြီးရဲ့လမ်းကြောင်းအတိုင်း လျှောက်ဖို့ဆန္ဒ ရှိတယ်လို့အ သေအချာပြောနိုင်ပါသလား၊ ဒါမှမဟုတ် မလိုက်ဘဲ တင်းခံနေတာမျိုးရောရှိလား။

ဖြေ ။ ။ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာနောက်ကြောင်း ပြန်လှည့်မှာမဟုတ်ပါဘူး။ ဒီမိုကရေစီရှေ့ ဆက် ဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ လမ်းကိုနောက်ကြောင်းပြန်လှည့်အောင်လုပ်လိုတဲ့ဦးတည်ချက် လည်း မရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီဖော်ဆောင်မယ့် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ပြောနိုင်ပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်တွေနဲ့ ကျွန်တော်တို့ရှေ့ဆက်သွားကြမှာပါ။ ကျွန်တော်တို့ရဲ့လမ်းကြောင်း ခရီးကို ပြောင်း ပြန်ဖြစ်အောင်လုပ်ဖို့ရည်ရွယ်ချက်ကျွန်တော်တို့မှာမရှိပါဘူး။ ကျွန်တော်တို့ မဖြစ်မနေရှေ့ဆက်လျှောက်ကြရပါမယ်။

မေး ။ ။ ဒါပေမဲ့ အစိုးရအဖွဲ့နဲ့ စစ်တပ်ထဲမှာ နောက်ကြောင်းပြန်လှည့် လိုစိတ်ရှိပြီး သဘောထားတင်းမာတဲ့ သူတွေရှိတယ် လို့ ပြောနေတာတွေရပါတယ်။ အဲဒီတော့ " ပြုပြင်ပြောင်းလဲမှုတွေ ခြိမ်းခြောက်မှုတွေ နဲ့ ရင်ဆိုင်ကြုံတွေ့နေရလား " လို့ မေးလိုပါတယ်။

ဖြေ ။ ။ ခင်ဗျားကို တစ်ခုအသေအချာပြောနိုင်တာက ကျွန်တော်တို့ အစိုးရထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ် ဆောင်လိုစိတ် မရှိတဲ့သူ တစ်ဦးတစ်ယောက်မှ မရှိဘူးဆိုတာပါ။ အဲဒီလိုပြောနေတာတွေက သံသယ ဝင်ရုံသက် သက်ပဲဖြစ် ပါတယ်။ ကျွန်တော်တို့ အစိုးရထဲမှာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို တစ်ပြိုင်နက်တည်း ဆက်လက် လုပ်ဆောင်သွားကြမယ် ဆိုတဲ့ ညီညွတ်မှု ရှိတယ်လို့ပြောနိုင်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုပြောရမယ်ဆိုရင် တပ်မတော် ဆိုတာဟာ အခြေခိုင် ပြီးဖြစ်တဲ့ အဖွဲ့အစည်းဖြစ်ပြီး အမိန့်နာခံမှု အပြည့်ရှိတယ်ဆိုတာ ခင်ဗျား သိရှိထားပြီးဖြစ်ပါလိမ့်မယ်။ တပ်မတော်ဟာကာ ကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်တွေကို တစ်သဝေမတိမ်း လိုက်နာရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦး စီးချုပ် ရာထူးကို သမ္မတက ခန့်အပ်ရတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် တပ်မတော်ထဲမှာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကိုမကြိုက် မနှစ်သက်ဘဲ ဆန့်ကျင်မှုပြုလုပ်တာမရှိပါဘူး။ တပ်မတော်မှာနိုင်ငံတော် အရေးကိစ္စတွေ အတွက် သီးခြား အခန်းကဏ္ဍရှိ ထားပါတယ်။ တိုင်းပြည် အုပ်ချုပ်ရေး မဏ္ဍိုင်ကို တပ်မတော်ကဝင်ရောက်မစွက်ဖက်ပါဘူး။ တကယ်တမ်းပြောရလျှင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ဖော် ဆောင်ရေးဖြစ်စဉ်မှာ ကျွန်တော်တို့တိုင်းပြည်ထဲက စိန်ခေါ်မှုတွေမရှိပါဘူး။ စိန်ခေါ်မှုတွေကဘာလဲဆိုရင် ပြည်ပကလာတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ၊ ဘဏ္ဍာရေး ကန့်သတ် ထိန်းချုပ်မှုတွေ နဲ့ နိုင်ငံရေး ဖိအားပေးမှုတွေပဲဖြစ်ပါတယ်။ ပြည်တွင်း ကလာတာမဟုတ်ပါဘူး။

မေး ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြုပြင် ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး မေးမြန်းကြတဲ့အခါ တုန်းက သူက မဆင်မခြင်သဘောနဲ့ အကောင်းမြင်မှုတွေကိုသတိထားဖို့ု့ပြောခဲ့ပြီးသံသယတွေ ထားရှိဖို့တိုက်တွန်းခဲ့ပါ တယ်။သူ့ရဲ့မှတ်ချက်တွေကို သမ္မတကြီးအနေနဲ့ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂလအမြင်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြည်သူလူထုအများစုက ကျွန်တော် တို့တိုင်းပြည်မှာရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတာကို တွေ့မြင်ချင်ကြတာပါ။ အဲဒါမှ လူအများစုအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ကျွန်တော်တို့ဖန်တီးနိုင်ကြမှာပါ။နောက်ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်ပုဂ္ဂိုလ်ရေး အမြင် (သဘောထား)လို့ပဲကျွန်တော်ပြောနိုင်ပါတယ်။ သူ့ရဲ့အမြင်ကိုသူ့အနေနဲ့လွတ်လပ်စွာထုတ်ဖော်ပြောလို့ရပါတယ်။ ကျွန် တော်တို့ကဒီလိုမျိုးမှတ်ချက်တွေကြောင့် ပဋိပက္ခလို့မရှုမြင်မိပါဘူး။ နိုင်ငံရေးနယ်ပယ်မှာဆိုရင် မတူကွဲပြားခြား နားမှုတွေ နဲ့အတူညီညွတ်မှုဆိုတာရှိပါတယ်။ အဲဒါကြောင့် တူညီတဲ့အမြင်သဘောထားတွေအပေါ်မှာ ကျွန်တော်တို့ပူး ပေါင်းလုပ် ဆောင်နိုင်မှာဖြစ်ပါတယ်။

မေး ။ ။ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမူရေးအရ မြန်မာနိုင်ငံကို ဘယ်ဆီကို ဦးတည်ဖို့ စီစဉ်ထားပါသလဲ ။

ဖြေ ။ ။ ကျွန်တော် အစောပိုင်း မှာရှင်းပြခဲ့သလိုပါပဲ။ ကျွန်တော်တို့ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေကိုခဲရာခဲ ဆစ်လုပ် ကိုင်နေရရုံသာမက ပြည်သူတွေရဲ့ လူမှုစီးပွားရေး အခြေအနေမြှင့်တင်နိုင်ရေးအတွက် အကောင်းဆုံးဖြစ်အောင်လုပ် ကိုင် နေကြရပါတယ်။ ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေး၊ အထွေထွေလူနေမှု အဆင့်အတန်း အပါအဝင်တ ရား ဥပဒေ စိုးမိုး ရေးလည်းပါဝင်ပါတယ်။ အဲဒီတော့ကျွန်တော်တို့ဟာ နိုင်ငံရေး နယ်ပယ်အတွက်ရော လူမှုစီးပွားရေးနယ်ပယ် အတွက်ပါ ပြိုင်တူကြိုးပမ်း လုပ်ဆောင်နေကြရတာပါ။ နှစ်ခုစလုံးဟာလည်း အနီးကပ် ဆက်နွှယ်နေကြပါတယ်။နိုင်ငံရေး တည်ငြိမ်မှုမ ရှိရင် စီးပွားရေး ဖွံ့ဖြိုးမှုကို မရရှိနိုင်ပါဘူး။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ ကျွန်တော်တို့လိုအပ်ပါ တယ်။ အဲဒါကြောင့် အဲဒီအရေး ကိစ္စကြီးနှစ်ခုကို ကျွန်တော်တို့က တစ်ပြိုင်နက်တည်း ခဲရာခဲဆစ်ကြိုးပမ်းလုပ် ဆောင်နေကြရ ပါတယ်။

မေး ။ ။ ၁၀ နှစ်ဆိုတဲ့အချိန်အတိုင်းအတာ ယူမယ်ဆိုရင် မြန်မာနိုင်ငံဟာ၁၀နှစ်အတွင်း ဘယ်လိုဖြစ်လာမလဲလို့ သမ္မတကြီး ထင်ပါသလဲ ။ထိုင်းနိုင်ငံလိုလား ။ အင်ဒိုနီးရှားနိုင်ငံလိုလား ။ အနောက်ဒီမိုကရေစီနိုင်ငံလိုလား ။

ဖြေ။ ။ဒီကိစ္စဟာ ဖြစ်ရပ်တွေနဲ့ အခြေအနေအရပ်ရပ်ပေါ်မှာ မူတည်ပါလိမ့်မယ်။ ဥပမာ-တကယ်လို့နိုင်ငံရေးဘက်မှာ အစ စအရာရာကောင်းစွာ လုပ်ကိုင်နိုင်တယ်၊ နိုင်ငံရေးတည်ငြိမ်မှုရှိတယ်၊ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေရော နိုင်ငံရေး ဖိအားပေးမှုတွေပါ ဖယ်ရှားပေးတယ်ဆိုလျှင် ကျွန်တော်တို့ တိုင်းပြည်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြွယ်ဝ ချမ်းသာမှုတွေ ရရှိလာမယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုအချိန်မှာတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ ဖောင်ဒေးရှင်းတွေရှိလာဖို့ အလားအလာတွေ ရထားပြီလို့ကျွန်တော်မြင်မိပါတယ် ။

မေး ။ ။ ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသား လူမျိုးစုတွေ အတူတကွငြိမ်းချမ်းစွာ နေထိုင်ကြမယ့် ဖယ်ဒရယ်နိုင်ငံမျိုး ဖြစ်မှာ လား။

ဖြေ ။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျွန်တော်တို့ တိုင်းပြည်ဟာ တိုင်းရင်းသား လူမျိုးစုတွေ နယ်နိမိတ်တစ်ခုတည်းမှာ အတူ တကွ ပါဝင်နေထိုင်ကြတဲ့ပြည်ထောင်စုတစ်ခုပါ။ အခြေခံဥပဒေအရ ကျွန်တော်တို့ဆီမှာ ပြည်နယ်ကြီး ခုနစ်ခုရှိပါတယ်။ ကျွန် တော်တို့မှာ ပြည်ထောင်စု အဆင့် အစိုးရရှိသလိုပြည်နယ် အဆင့်အစိုးရတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့အုပ် ချုပ်ရေး အာဏာကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ပါတယ်။

မေး ။ ။ လက်ရှိ မြန်မာ့နိုင်ငံရေးစနစ်ဟာ စစ်တပ်ရဲ့လွှမ်းမိုးမှုကို အများကြီး ခံနေရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုစစ်တပ်အတွက်ပေးထားပြီးး စစ်တပ်ရဲ့အခန်း ကဏ္ဍကြီးမားအောင် အခြေခံ ဥပဒေက အသားပေးထားပါတယ်။ အဲဒီကိစ္စဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်လိုဖြစ်မနေဘူးလားခင်ဗျာ။ ရေရှည်မှာ စစ်တပ်အနေနဲ့ ဘားတိုက်ကိုပြန် သင့် တယ်လို့ သမ္မတကြီး ထင်မြင်မိပါသလား။

ဖြေ ။ ။ ကျွန်တော်တို့နိုင်ငံမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အခြားနိုင်ငံတွေလိုမဟုတ်ဘဲ တစ်မူထူးခြားပါတယ်။ တပ်မ တော်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားနိုင်ငံရေးကို ဦးဆောင်လုပ်ကိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။ အဲဒီတော့ နိုင်ငံရေး နယ်ပယ်မှာ တပ်မတော်ကို ချန်ထားခဲ့လို့မရပါဘူး။ တပ်မတော်ဟာ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှု တည်တံ့ခိုင်မြဲရေး အတွက်အ ဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဥပမာပြောရလျှင် အင်ဒိုနီးရှားနဲ့တောင်ကိုရီးယားလိုနိုင်ငံတွေရဲ့ နိုင်ငံရေး အခန်းကဏ္ဍမှာသူတို့ရဲ့ တပ်မတော်က ဦးဆောင်မှုပြုတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကိုတွေ့ရပါလိမ့်မယ်။ အချို့သော အနောက်နိုင်ငံတွေမှာတောင် ပါလီမန်လွှတ်တော်မှာ ရွေးကောက်တင်မြှောက်မှုမပြုဘဲနေရာရရှိတဲ့ ကိုယ်စားလှယ် တွေရှိ ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ မတူဘဲ တစ်မူထူးခြားတဲ့အခြေအနေရှိတာကြောင့် တပ်မတော်ဟာ တိုင်း ပြည်ရဲ့နိုင်ငံရေးမှာ မဖြစ်မနေပါဝင်သင့်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ကျွန်တော်တို့ရဲ့ ဦးတည် ချက်နဲ့ ရည်မှန်း ချက်တွေအကောင်အထည်ဖော်နိုင်ဖို့ တပ်မတော်နဲ့ မဖြစ်မနေ ပူးပေါင်းလက်တွဲသွားရမှာဖြစ်ပါတယ်။အဲဒါမှ ကျွန်တော်တို့ ရဲ့ပန်းတိုင်ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။

မေး ။ ။ သမ္မတကြီးက အင်ဒိုနီးရှားကို ဥပမာပေးဖော်ပြပြောဆိုခဲ့တယ်။ဒါပေမဲ့ အခု အင်ဒိုနီးရှားမှာ စစ်တပ်က နိုင်ငံရေး အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်ပတ်သက်မှုမရှိတော့ပါဘူး။ အဲဒီလို ဥပမာပုံစံမျိုးသမ္မတကြီးအနေနဲ့လိုက်လုပ်မှာလား။

ဖြေ ။ ။ အင်ဒိုနီးရှားနဲ့တောင်ကိုရီးယားတို့ သူတို့နိုင်ငံ တည်ဆောက်ရေး လုပ်ကြတဲ့အခါမှာ သူတို့လေးစားရတဲ့ တပ်မ တော်က သိသာထင်ရှားတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်လည်း ပေါ်ထွန်းလာချိန်မှာ တပ် မတော်က သူ့ရဲ့အခန်းကဏ္ဍကိုတဖြည်းဖြည်းချင်းလျှော့ချသွားတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလိုအလားတူပါပဲ။ ကျွန် တော်တို့ရှေ့ဆက်လျှောက်သွားပြီး တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီရှိလာတာနဲ့အမျှ အဲဒီနှစ်နိုင်ငံ လိုအခြေအနေမျိုး တွေ ရရှိလာမှာပါ။ ကျွန်တော်နောက်ထပ် တွေ့ဆုံရမယ့် ကိစ္စတွေရှိနေသေးတယ်။ အဲဒီတော့ နောက်ဆုံးမေးခွန်းတစ်ခု ကိုဖြေပေး ပါ့မယ်။

မေး ။ ။ သမ္မတကြီးကဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကိုလာဖို့ဖိတ်ခေါ်ပြီး မကြုံစဖူး ထူးခြားတဲ့ အဆင့်တစ်ခုကိုရ အောင်လုပ်ကိုင်ပေးခဲ့တယ်။ ဘာကြောင့်အဲဒီလိုလုပ်တာပါလဲ။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစြုကည်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းရဲ့သမီး တစ် ယောက်ပါ။ အဲဒီတော့ သူ့ကိုမြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့ အပြင်မှာ ချန်ထားခဲ့လို့ မရနိုင်ပါဘူး။ အတိတ်ကာလမှာ တုန်းက သူဟာ တပ်မတော် အစိုးရအပေါ် ဆန့်ကျင်တဲ့ အမြင်ရှိခဲ့တယ်။ ဒါပေမဲ့နိုင်ငံတော် တာဝန်ကို ကျွန်တော်ရယူလိုက်တဲ့ အချိန်မှာ ကျွန် တော်တို့ မျက်နှာချင်းဆိုင်တွေ့ဆြုံပီး ဒိုင်ယာလောခ့် လုပ်ခဲ့ကြတယ် ကျွန်တော်ပြောခဲ့သလိုပါပဲ။ မတူကွဲပြားခြား နားမှုတွေထဲမှာ ညီညွတ်မှုဆိုတာရှိတယ်။ အဲဒီတော့ နိုင်ငံနဲ့ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် "ဘုံ"တူညီမှုရှိတဲ့ အနေအထားကို ရောက်အောင်ကြိုးစားခဲ့ကြတယ်။ မတူတာတွေဘေးဖယ်ပြီး တူညီတဲ့အမြင်သဘောထားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လုပ်ခဲ့ ကြပါတယ်။

မေး ။ ။ ဥရောပဒေသက ပြည်သူတွေက လာမယ့် ၂၀၁၅ သမ္မတရွေးကောက်တင်မြှောက်ပွဲမှာ ဒေါ်အောင်ဆန်းစြုကည်ဝင် ရောက်ယှဉ်ပြိုင်နိုင်မလား ဆိုတဲ့အချက်ကို မေးခွန်းတုတ်ကြပါတယ်။ ဒါမှ မဟုတ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကဝင်ရောက် ယှဉ်ပြိုင်လို့ မရအောင် တားမြစ်မလားပေါ့ ခင်ဗျာ ။

ဖြေ ။ ။ ဒီမေးခွန်းက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့မပတ်သက်ပါဘူး။ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ပိုပြီးပတ်သက်တာပါ။တကယ်လို့ အများ သဘောတူညီမှုရှိတယ်ဆိုလျှင် အခြေခံဥပဒေကိုပြင်ဆင်လို့ရပါတယ်။ အဲဒီတော့ ဒီကိစ္စဟာပါလီမန်လွှတ်တော် အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်လည်းခင်ဗျားကိုမေးခွန်းတစ်ခုမေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ နိုင်ငံ ရဲ့သမ္မတကြီးအဖြစ် ခင်ဗျားမြင်တွေ့လိုပါသလား။

ဖြေ ။ ။ ဩော.် . ဒါကမြန်မာပြည်သူတွေအပေါ်မှာမူတည်လိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်ကနိုင်ငံခြား သားတစ် ယောက်ပါ။ ဒါပေမဲ့ အခုဥရောပမှာ ဒေါ်အောင်ဆန်းစုကြည်ကို အထူးအရေးကြီးပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ချီးမြှောက်ဂုဏ် ပြုကြ တာတွေကို ကျွန်တော် တွေ့မြင်ရပါတယ်။ နိုင်ငံတော် အကြီးအကဲ တစ်ဦးကဲ့သို့ သဘောထားပြီး ဂုဏ်ပြုကြတာပါ။သူက ဝက် မင်စတာမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ကိုယ်စားလှယ်တော်ကြီးတွေရှေ့မှာ မိန့်ခွန်းပြောတယ်။ သူ့ကို အခုလိုမျိုး ဆက်ဆံမှုတွေလုပ်ကြတာကိုသမ္မတကြီးအနေနဲ့ ဘယ်လိုမြင်မိပါသလဲ။

ဖြေ ။ ။ ဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အထူးအရေးကြီး ပုဂ္ဂိုလ်တစ်ဦးလို မျိုးဆက်ဆံကြတာကိုမြင်ရတာ ကျွန်တော် တကယ့်ကိုဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ဒါပေမဲ့ သူသမ္မတဖြစ်မလား၊ မဖြစ်ဘူးလားဆိုတဲ့မေးခွန်း အတွက် ကတော့ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်မှာပဲ မူတည်ပါတယ်။ နောက်မေးခွန်းတစ်ခွန်းက ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ် သက် မယ်လို့ထင်တယ်။ ဟုတ်လား။ ကျွန်တော်တို့နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေဟာကောင်းလား၊ မကောင်းဘူးလားဆို တာကို ခင်ဗျားအနေနဲ့ဖြေကြားပေးသင့်တယ်လို့ထင်တယ်။ ဒီမေးခွန်းကို ခင်ဗျားဖြေကြည့်သင့်တယ်။ (ရယ်လျက်)

မေး ။ ။ အနောက်နိုင်ငံတွေက သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားတက်သရော တုံ့ပြန်ခဲ့တယ်လို့ ထင်ပါသလား၊ ဒါမှမဟုတ် အနောက်အနေနဲ့ ယခုထက်ပိုပြီး လုပ်ပေးသင့်တယ်လို့ ထင်လား။

ဖြေ ။ ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိအောင် ထိန်းသိမ်းသွားရေးပဲဖြစ်ပါတယ်။ကမ္ဘာ့မိသားစုကြီးထဲက အဖွဲ့ဝင်တစ်နိုင်ငံဖြစ်နေတဲ့အတွက် ပိတ်ဆို့အရေးယူမှုတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ခက်ခဲနှောင့်နှေးစေပြီး ပြည်သူတွေကိုလည်း ထိခိုက်နစ်နာ စေတယ်လို့ရှုမြင်ပါ တယ်။လက်ရှိမှာ အနောက်နိုင်ငံတွေက ကန့်သတ် ပိတ်ဆို့မှုထဲက အချို့ကို ဆိုင်းငံ့ပေးတာ၊ လျှော့ချပေးတာတွေ စတင် လုပ်ဆောင်လာပြီဖြစ်ပေမယ့်လည်း ကျွန်တော်တို့ရဲ့ဆန္ဒက ပြည်သူတွေ အကျိုးအမြတ်ရှိအောင်၊ အများကြီး လုပ်ဆောင် ပေးနိုင် အောင် လုံးလုံးလျားလျား ဖယ်ရှားပေးတာမျိုးပါ။

နောက်ဆုံးမေးခွန်းပါ ။ ။တကယ် ကြီးရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ၁၀ဝ ရာခိုင်နှုန်း ဆိုတဲ့ ရည်မှန်းချက်ထားရှိ ထားတယ်ဆိုလို့ရှိလျှင် ယခုအချိန်မှာ ဘယ်လောက်ပြီးမြောက်နေပါပြီလဲ။ ၅ ရာခိုင်နှုန်းလား၊ ၁၀ ရာခိုင်နှုန်းလား၊ ၂၀ လား။

ဖြေ ။ ။ ဒါဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ရဲ့ တကယ့်ကို ပထမ အဆင့်ပဲ ရှိသေးတယ်လို့ ပြောလို့ရမယ် ထင်ပါတယ်။

No comments:

Post a Comment

My Blog List