Thursday, July 19, 2012

ထွန်တုံးတိုက်ပွဲဝင် လယ်သမားတချို့ တရားစွဲခံရ


 
တနင်္ဂနွေနေ့ မနက်ကလည်း ရန်ကုန်မြို့မှာ လယ်သမားတွေ ဆန္ဒပြခဲ့ ကြပါတယ်

မန္တလေးတိုင်း မိတ္ထိလာနဲ့ ပဲခူးတိုင်း ပန်းတောင်း မြို့နယ်မှာ ဇွန်လ ၁၁ရက်က စပြီး သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရှိရေး ထွန်တုံး တိုက်ပွဲ လုပ်ခဲ့တဲ့ လယ်သမားတချို့ကို သက်ဆိုင်ရာ က တရာစွဲဆို လိုက်ပါတယ်။
လယ်သိမ်းခံ လယ်သမားတွေနဲ့ အာဏာပိုင်တွေ ညှိနိုင်းနေဆဲ ကာလမှာ မိတ္ထိလာမြို့နယ် ကံကောင်းရွာက လယ်သမား ၁၉ ယောက်ကို သက်ဆိုင်ရာက တရားစွဲ လိုက်တာ ဖြစ်ပါတယ်။

တရားစွဲဆိုခံထား ရတဲ့ လယ်သမားတွေ အတွက် မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ရုံးချိန်းရှိပြီး၊ အဲဒီသူတွေ အတွက် အာမခံဖို့ လူတွေကိုပါ လာဖို့ တရားရုံးက မှာကြားထားတယ်လို့ ကြားဝင် ကူညီပေးနေတဲ့ မိတ္ထိလာ ပြည်သူ့ အကျိုးဆောင် ကွန်ယက် တာဝန်ခံ ဒေါ်မြင်မြင့်အေးက ပြောပါတယ်။
ဒီလို အလားတူဘဲ မိတ္ထိလာခရိုင် မလှိုင်နဲ့ဝမ်းတွင်း မြို့နယ် အတွင်း ရန်ကုန်မန္တလေး အမြန်လမ်းမကြီး ဘေးမှာ ကောင်းကင် ကုမ္ပဏီက သိမ်းယူထားတဲ့ လယ်မြေတွေပေါ် လယ်သမားတွေက ထွန်ယက် တုန်းကလည်း ကုမ္ပဏီဘက်က ပြေလည်အောင် ဖြေရှင်းပေးပါ့မယ် ပြောပြီး အခုအချိန် အထိ ပြေလည်မှု မရဘူးသေးဘူးလို့ ပြောပါတယ်။
မိတ္ထိလာဘက်က လယ်သမားတွေ တရားစွဲခံရသလိုဘဲ ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှာ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၅) က သိမ်းထားတဲ့ လယ်တွေပေါ်မှာ ဝင်ရောက်ထွန်ယက်လို့ဆိုပြီး ပန်းတောင်းမြို့နယ် ဒေါင်းတိုက်နဲ့ ပဲကြီးရွာက လယ်သမား ၆ယောက်ကိုလည်း ကပစ ၅က တရားစွဲဆိုလိုက်ပါတယ်။
သက်ဆိုင်ရာဘက်က ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲထား တာကြောင့် တောင်သူတွေဘက် ကလည်း ခုခံချေပပြီး တန်ပြန် တရားစွဲဆို သွားမယ်လို့ သိရပါတယ်။
အခု အငြင်းပွား စရာ ဖြစ်နေတဲ့ ပန်းတောင်းမြို့နယ်က လယ်မြေဧက ၇၀ ကျော်ဟာ ကာကွယ်ရေး ပစ္စည်းရုံ ကပစ(၃) နဲ့ ကပစ (၅)က ၁၉၈၉ ခု ကတည်းက လျော်ကြေး မပေးဘဲ သိမ်းယူထားခဲ့ပြီးတော့ မူလ လယ်ပိုင်ရှင်တွေကို သီးစားခ ယူပြီး ပြန်လည် လုပ်ကိုင်ခွင့် ပေးထားခဲ့တာ ဖြစ်ပါတယ်။
ခုလို လယ်သိမ်းခံနဲ့ လယ်သိမ်းသူတွေ အကြား ဖြစ်နေတဲ့ ပြဿနာတွေ အပေါ် လက်ရှိ လွှတ်တော်က ချမှတ်ထားတဲ့ လယ်ယာမြေ ဥပဒေက ဘယ်သူ့ ဘက်ကို အကာအကွယ် ပေးသွားမလဲ ဆိုတာ လယ်သမားတွေက စိတ်ဝင်တစား မျှော်လင့် နေကြောင်း သိရပါတယ်။

No comments:

Post a Comment

My Blog List