Tuesday, July 17, 2012

မန်းတက္ကသိုလ်ကို ပြန်လည်အသက်သွင်းစေလို

မန္တလေး တက္ကသိုလ်တွင် ပြန်လည်ပြီး စာသင်ခွင့်ရရှိ လာရန်ကြိုးစား စေချင်ကြောင်း (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်က မန္တလေးမြို့သို့ ရောက်ရှိနေချိန် စာနယ်ဇင်း သမားများနှင့်
 ခေတ္တတွေ့ဆုံခိုက် ပြောကြား လိုက်ခြင်း ဖြစ်သည်။

`` မနှစ်မြို့စရာကောင်းတဲ့ ပုရ၀ဏ်တစ်ခုကို ပို့လိုက်တာမျိုးပေါ့ဗျာ ၊အားလုံးလဲ သိပြီးသားပါ ထန်းတောထဲ အရက်ပုန်း ဆိုင်တွေကြားထဲမှာ ၊လောင်းကစားဝိုင်းတွေကြား ထဲမှာ နောက်တစ်ခါ တည်းခိုခန်းတွေ ကြားထဲမှာကျွန်တော်တို့   နောက်မျိုးဆက်တွေအတွက်တော့  ရင်ထုမနာဖြစ်မိတယ်ဗျာ ´´ ဟုမင်းကိုနိုင်က ပြောကြားခဲ့ သည်။မန်းတက္ကသိုလ်ထွက်ကျောင်းသားဟောင်းများအနေဖြင့် ပြန်လည်ပူးပေါင်း၍မိခင်တက္ကသိုလ်တွင် ပြန်လည်စာသင်ခွင့်ရရှိရေး
ကြိုးစားစေချင်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

`` မန္တလေးဆိုရင် အရင်တုန်းက မန်းတက္ကသိုလ်ပေါ့ မာဇူးပြန်အသက်ဝင်အောင်ပေါ့၊ အရင်ကျောင်းတက်ခဲ့ဖူးတဲ့ မျိုးဆက်တွေပေါင်း ပြီးတော့ အဲဒါကိုအင်နဲ့အားနဲ့လုပ်စေချင်တယ်ဗျာ ၊ မာဇူးရဲ့ ခေတ်တစ်ခေတ်ပြန်ပြီးတော့ဖြစ်အောင်၊ အဲဒီကထွက်ခဲ့တဲ့ သူရဲကောင်းတွေ ၊နိုင်ငံရေးမှာပဲဖြစ်ဖြစ် ၊ စာပေနယ်မှာပဲဖြစ်ဖြစ်ပါ ၊ အရင်က မာဇူးဘယ်လို အစဉ်အလာကောင်း  ခဲ့တယ်ဆိုတာကို မာဇူးပြန်ပြီးတော့ အသက်ဝင်ရေးနဲ့အတူကျောင်းသားလှုပ်ရှားမှု ၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေနဲ့အတူ ပြန်ပြီးတော့ဖော်ဆောင်စေချင်ပါတယ် ´´
ဟု မင်းကိုနိုင်က မန္တလေးစာနယ်ဇင်းများသို့ ပြောကြားခဲ့သည်။

မန္တလေးတက္ကသလိုလ်ကို အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည့်ဆရာကြီးဦးရာဇတ်မှ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါတက္ကသိုလ်မှနေ၍မောင်စွမ်းရည် ၊ မောင်သာနိုး နှင့် ဆရာတင်မိုးကဲ့သို့ နာမည်ကြီးစာရေးဆရာ များ နိုင်ငံရေးသမားများ ထွက်ပေါ်ခဲ့သည်။
 
 


သစ်ထူးလွင်

No comments:

Post a Comment

My Blog List