Wednesday, July 18, 2012

ဘတ်စ်ကားအိုများရဲ့ နေဝင်ချိန်



(Photo: Steve Tickner / The Irrawaddy)

ဒီနှစ်အတွင်းမှာ ဂျပန်က ဘတ်စ်ကားသစ် အစီး ၃,၀၀၀ မြန်မာနိုင်ငံကို တင်သွင်းတော့မယ် တဲ့။
ဒါဆို ရှိနေတဲ့ ဘတ်စ်ကားအိုတွေ ရန်ကုန်မှာ နေဝင်ချိန်ရောက်ပြီလို့ ဆိုနိုင်တာပေါ့။

ကားသစ်တွေနဲ့အတူ ဂျပန် အင်ဂျင်နီယာ ၇၀ လောက်လည်း အတူပါလာကြမယ်လို့ မီးရထားဒုဝန်ကြီး ဦးသန့်ရှင်းက ပြောပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ သင်တန်းတွေပေးဖို့ပါ တဲ့။“ဂျပန်ကားကုမ္ပဏီတွေက အစီး ၃၀၀ ပဲ တင်သွင်းဖို့ ပြောတာ၊ ဒါပေမယ့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) က အစီး ၃,၀၀၀ ခွင့်ပြုလိုက်တယ်။
ပြည်သူတွေ သွားရေး လာရေးအတွက် ပိုအဆင်ပြေအောင် လုပ်ပေးဖို့ လိုတယ်လေ” လို့ သူက ဆိုပါတယ်။

ဒီကားသွင်းတဲ့ စီမံကိန်းကို ဖက်စပ်လုပ်ငန်း အဖြစ်နဲ့ အရှေ့တိုင်း သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ (Oriental Transportation Company) က လည်ပတ်သွားမှာဖြစ်ပြီး
အကျိုးအမြတ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ဂျပန်ကား ကုမ္ပဏီတွေက ယူမယ်၊ ၄၀ ရာခိုင်နှုန်းကိုတော့ ပို့ဆောင်ရေးဝန်ကြီးဌာနက ယူမယ်လို့ သိရပါတယ်။

“အဆင့်မြင့် ဂျပန်ဘတ်စ်ကားတွေ ရန်ကုန်ကလမ်းတွေပေါ် ဘယ်လိုမောင်းကြမယ် ဆိုတာ ကျနော်တော့ စိတ်ကူးကြည့်လို့တောင် မရဘူး” လို့
အင်ဂျင်နီယာဘွဲ့ရထားတဲ့ ကိုမင်းမင်းနိုင်က ပြောပါတယ်။

သူက “လမ်းအများစုက ဒီလိုကားကြီးတွေမောင်းဖို့ မလွယ်ဘူး၊ သိပ်ကျဉ်းတာပဲ။ ဂျပန်ကားတွေ မသွင်းခင် လမ်းတွေပြင်ဖို့ အရင်စဉ်းစားသင့်တာ” တဲ့။
ပဲခူးမှာ မကြာသေးခင်က တွေ့ရတဲ့ စစ်ကျန်ကား

ဧရာဝတီ(Blog)


No comments:

Post a Comment

My Blog List