ဇူလိုင်လ
၁၆ ရက်နေ့ နေ့လည်(၁၂) နာရီအချိန်က မုံရွာမြို့ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့
လက်ပန်းတောင်းတောင် တရုတ်တွေရဲ့တောင်ဖြို မိုင်းခွဲမှုတွေကြောင့်
မုံရွာမြို့ရှိ တန်ခိုးကြီးဘုရားများ ဖြစ်ကြသော-ဆုတောင်းပြည့်
ရွှေစည်းခုံဘုရားများမှာ သိမ့်သိမ့်သွားခဲ့တယ်လို့ ဘုရားဂေါပကအဖွဲမှ
ဆက်သွယ်ပြောကြားခဲ့သည်။
မဟာဗောဓိတစ်ထောင်သို့ဖုန်းဖြင့်
ဆက်သွယ်မေးမြန်းခဲ့ရာ အသံက(၂)ခါ ဆက်တိုက်ဖြစ်ကြောင်း တုန်ခါမှု
အလွန်ပြင်းထန်ကြောင်း၊ အလံ(၁၀၀)ဘုရားနှင့် ကမ္ဘာအကြီးဆုံးလေးကျွန်းစင်္ကြာ
ရပ်တော်မူဘုရားကြီးများ တုန်ခါသွားခဲ့ကြောင်းပြောကြားခဲ့သည်။
"
ဒီလိုသာ ခဏ ခဏဖြစ်နေရင်တော့ ရပ်တော်မူဘုရားကြီးလည်းသိပ့် မကြာခင်မှာ ပြိုကျ
ပျက်စီးမှာ သေချာတယ် ဒကာ၊ ဘုန်းကြီးတို့တိုင်းပြည်ကလည်း မလွယ်တော့
ဘူးထင်တယ် ဒီတရုတ်ကောင်တွေ နှိပ်စက်သမျှကို ဒီအတိုင်း
ခံနေရတော့မှာလားမသိဘူး" ဟုဆိုတယ် ဆန္ဒပြမှုတွေကြောင့် ရပ်နားထားသည်ဟု
ဆိုသော်လည်း ဒီနေ့အသံက ဘာလုပ်လို့ အခုလို ထွက်ပေါ်လာတာလည်းဟု မုံရွာမြို့
ကမ်းနာ ဆိပ်တွင် နေသူတစ်ဦးကဆိုတယ်။
ဧရာဝတီBlog
No comments:
Post a Comment