Tuesday, July 17, 2012

၁၇-၇-၁၂ ရက်နေ့ လွှတ်တော်အတွင်းက သတင်းများ စုစည်းတင်ပြခြင်း

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့  နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် အဆိုတင်သွင်းသော မတရားအသင်းများ အက်ဥပဒေ (၁၉၀၈ ခုနှစ်၊ အိန္ဒိယ အက်ဥပဒေ-၁၄) အား ရုပ်သိမ်းရန်နှင့် အရေးပေါ် စီမံမှု ဥပဒေ (အက်ဥပဒေအမှတ် ၁၇/ ၅၀)ကို ပြင်ဆင်ရန် အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူညီ ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


ပြည်တွင်း နိုင်ငံရေးသမား အချို့ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ရရှိအောင် ဆက်သွယ်ခဲ့သူများကိုပင် အဆိုပါ ဥပဒေများဖြင့် အရေးယူခံရမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်ဟု သင်္ဃန်းကျွန်းမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်မှာမူ ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။

The Voice Weekly
======================================================


ယနေ့ ဇူလိုင်လ ၁၇ ရက် တွင်ကျင်းပသော ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုတ္တပုံမှန်အစည်းအဝေး ဒဿမနေ့သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်

Popular Myanmar News Journal
=====================================================


ဒုတိယသမ္မတအဖြစ်အမည်စာရင်းတင်သွင်းခံရသူနေရာအပြောင်းအလဲရှိနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။
“ ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးမြင့်ဆွေရဲ့မိသားစုကိစ္စတွေရှိနေလို့ သူ့ရဲ့နေရာအပြောင်းအလဲရှိနိုင်တယ်။ တခြားကြီးကြီးမားမားကြောင့်တော့မဟုတ်ပါဘူး။ အခု ဒုတိယသမ္မတစိစစ်ရေးအဖွဲ့ကလည်း ဒါကို ပြန်စိစစ်နေတယ်လို့သိရတယ်။ အခု ကျွန်တော်တို့သိရသလောက်တော့ ဗိုလ်ချုပ်ကြီးလှဌေးဝင်းဖြစ်လာနိုင်ဖွယ်ရှိပါတယ် ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

Messenger News Journal
=====================================================


"မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်း"

ယနေ့ ပြည်သူ့လွှတ်တော် အစည်းဝေးတွင်သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၅၁ နည်းဥပဒေခွဲ (ခ) အရ မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်းခဲ့ကြောင်းသိရသည်။

ယင်းအဆိုကို ပြည်ထဲရေး ဒု-၀န်ကြီးမှ ရုပ်သိမ်းသင့်ကြောင်း ပြောကြားသော်လည့်း ဦးသိန်းညွန့်က လွှတ်တော် ၏ အဆုံးအဖြတ်ကိုသာ ခံယူမည်ဟု ဆိုသည့်အတွက်ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ ယင်းအဆိုကို ရုပ်သိမ်းရန်အစား မတရားအသင်းများ အက်ဥပဒေ (၁၉၀၈ ခုနှစ် အန္ဒိယအက်ဥပဒေ ၁၄) ကို လွှတ်တော်က ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်အတွက် လက်ခံဆွေးနွေးရန် ပြောင်းလဲစေခဲ့ခြင်းကို လွှတ်တော်က သဘောတူသည့်အတွက် မတရားအသင်းအက်ဥပဒေအား ပြင်ဆင်ရန်၊ ပယ်ဖျက်ရန် ဆွေးနွေးရန် လွှတ်တော်က လက်ခံခဲ့ကြောင်းသိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List