Tuesday, July 17, 2012

“မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများ လေ့လာသုံးသပ်ရေးအဖွဲ့“ နိုင်ငံတကာကိုယ်စားလှယ် များဖြင့် လန်ဒန်မြို့တွင် ဖွဲ့စည်း


ဇူလိုင် ၁၇၊ ရန်ကုန်။
၂၀၁၁ခုနှစ်ဧပြီလကစတင်တာဝန်ယူခဲ့တဲ့လက်ရှိအစိုးရဟာ ပြည်သူတွေတည်ငြိမ်အေးချမ်းစွာ နေထိုင်လိုတဲ့ဆန္ဒ ပြည့်ဝစေဖို့ All Inclusive Political Process ကို တည်ဆောက်မယ့်အကြောင်းနဲ့ နိုင်ငံတော်ကို စီးပွားရေးကောင်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ့်အကြောင်း ပြောဆိုထား ပါတယ်။ မြန်မာနိုင်ငံမှာ အခြားသောနိုင်ငံရေးအဖွဲ့အစည်း ပေါင်းစုံဟာလည်း အသွင်မျိုးစုံနဲ့ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရနဲ့ အခြားနိုင်ငံရေးအဖွဲ့အစည်းအသီးသီးရဲ့ လုပ်ဆောင်ချက်အခြေအနေတွေကို မြန်မာပြည်သူတွေသာမက ပြည်ပနိုင်ငံအဖွဲ့အစည်းတွေပါ မှန်မှန်ကန်ကန် သိစေဖို့ မျှော်မှန်းပြီး ဇွန်လကုန်ပိုင်းမှာ “ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများ လေ့လာသုံးသပ်ရေးအဖွဲ့ (The Association of Myanmar’s Political Transformation Observation, AMPTO) “ ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
ဒီအဖွဲ့ကြီးရဲ့ ဌာနချုပ်ရုံးဟာ လန်ဒန်မှာအခြေစိုက်မှာဖြစ်ပြီး ပြည်ပရောက်နိုင်ငံရေးသမားအများစုနဲ့ အမေရိက၊ ဥရောပနိုင်ငံအသီးသီးက မြန်မာ့အရေးလေ့လာသူတွေပါ ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးရဲ့ရုံးခွဲကိုတော့ ရန်ကုန်မှာထားရှိမယ်လို့လည်း သိရှိရပါတယ်။ ရန်ကုန်ရုံးခွဲမှာ ဝါရင့်နိုင်ငံရေးသမားများ၊ ကျောင်းသားဟောင်းများ၊ အငြိမ်းစားသံတမန်များ၊ အငြိမ်းစားပါမောက္ခ/ ကျောင်းအုပ်ကြီးများ၊ စာရေးဆရာ ကြီးများ၊ ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်းများ၊ ရဲအရာရှိဟောင်းများ စတဲ့ ကဏ္ဍပေါင်းစုံက ကျွမ်းကျင်သူတွေ ပါဝင်တယ်လို့ သိရပါတယ်။

အဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်က မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ တိုင်းရင်းသားရေး အခြေအနေတွေကို မြန်မာပြည်သူတွေ၊ ပြည်ပနိုင်ငံအဖွဲ့အစည်းတွေ ရှင်းလင်းပြတ်သားစွာ သိရှိစေနိုင်ဖို့နဲ့ မှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး အဲဒီအဖွဲ့ကြီးက လက်ရှိအစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်နေသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေသာမက ကျောင်းသားအဖွဲ့အစည်း၊ အလုပ်သမား အဖွဲ့အစည်း၊ တိုင်းရင်းသားအဖွဲ့အစည်းနဲ့ NGO အဖွဲ့အစည်းတွေကိုပါ စောင့်ကြည့်လေ့လာသွားမယ်လို့လည်း သိရပါတယ်။
``သူတို့ရဲ့ ကိုယ်ရေးအချက်အလက်မှတ်တမ်းတွေ၊ ယခင်လုပ်ဆောင်ချက်တွေ၊ ယခုလက်ရှိ လုပ်ဆောင်ချက်တွေကို လေ့လာသုံးသပ်ပြီး ပြည်သူတွေနဲ့ ကမ္ဘာကသိအောင် တင်ပြသွားမယ်၊ နောင်..ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ပြည်သူလူထု မျက်စိပွင့်၊ နားပွင့်နဲ့ တိုင်းပြည်အရေးကိစ္စတွေမှာ ပါဝင်နိုင်အောင်ဖြစ်တယ်`` လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဆရာကြီးတစ်ဦးက ပြန်လည်ပြောပြခဲ့ပါတယ်။


လန်ဒန်အခြေစိုက် ပြည်ပနိုင်ငံရေးသမားတစ်ဦးရဲ့ ပေးပို့ချက်ဖြစ်ပါသည်...

No comments:

Post a Comment

My Blog List