Tuesday, July 17, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့်ဆီးနိတ်အမတ်မစ်ခ်ျမက္ကောနယ်ဆွေးနွေး


၁၇-၇-၂၀၁၂
ပထမအကြိမ်ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးကို နေပြည်တော်ဥတ္တရသီရိ၌တက် ရောက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၂ခု၊ဇူလိုင်၊၁၆ရက် နေ့ည(၈)နာရီက အမေရိကန်အထက်လွှတ်တော်အမတ်မစ်ခ်ျမက္ကောနယ်နှင့်တယ်လီဖုန်းဖြင့်ဆက်သွယ် ကာ Burma
Freedom and Democracy Act (BFDA) ကိုဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ပါသည်။
ယင်းသို့ဆွေးနွေးရာတွင် မြန်မာအမေရိကန်ချစ်ကြည်ရေးတိုးတက်လာစေရန်ကိစ္စ၊မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများအရှိန်အဟုန်မြှင့်လာစေရန်နှင့် မြန်မာပြည်လူထုဘ၀များပိုမိုကောင်းမွန် တိုးတက်လာစေရန်တို့ကို အခြေခံပြီးဆွေးနွေးကြကြောင်းသိရသည်။ စီးပွားရေးပိတ်ဆို့မှုဖယ်ရှားရှင်းလင်းရေးနှင့်ပတ်သက်လို့တော့ ပြောဆိုဆွေးနွေးသံမကြားဘူးလို့ပြောပါတယ်။ မကြာခင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီးတောင်းဆိုသွားမယ်လို့သိရပါတယ်။
တာဝန်ခံ
ဗဟိုပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

No comments:

Post a Comment

My Blog List