Monday, July 16, 2012

ငြိမ်းချမ်းစွာ စုဝေးခြင်း၊ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ခွင့်ပြုရန် လျှောက်ထားချက်ကို ငြင်းပယ်သည့်အမိန့်

အရင်က အီလက်ထရောနစ် ပုဒ်မထွက်တော့၊ ဘာပါလိမ့်ဆိုပြီး ယောင်အီအီနဲ့ စောင့်ကြည့်လိုက်တော့ အဖြေက အားလုံးသိတဲ့အ တိုင်း....

အခုပြုပြင်ပြောင်းလဲရေး အစိုးရ လက်ထက်မှာ၊ ငြိမ်းချမ်းစွာ စုဝေး/စီတန်း လှည့်လည်ခွင့် ဥပဒေ ထွက်လာပြန်တော့၊

ဒီတခါတော့ ဒို့တွေ ကိုယ့်ဆန္ဒ ကိုယ်ဖေါ်ထုတ်လို့ရပြီလို့ ထင်ခဲ့မိပြန်တယ်၊ ဒါပေမဲ့.....ပေါ့လေ။ အခုလာမဲ့ အာဇာနည်နေ့မှာ၊ ရေးမြို.နယ် NLD က၊ အာဇာနည် ကျောက်တိုင်မှာ၊ လွမ်းသူ့ပန်းခွေချ၊ အလေးပြုတာကို၊ ခွင့်မပြုဘူးတဲ့ဗျား။ ကျွန်တော်သိ တာက၊ ဒီဥပဒေဟာ၊ တစုံတရာကို မကျေနပ်တဲ့အခါ မိမိဘာကို မကျေနပ်ကြောင်း၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေ မှာ၊ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ပိုစကာကိုင်၊ စသဖြင့်ပေါ့လေ... မိမိဆန္ဒကို ထုတ်ဖေါ်တဲ့အခါတွေမှာ သာအကျုံးဝင်တယ် လို့သိထားပါတယ်။ အခုတော့ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကျေးဇူးရှင် အာဇာနည် ကြီးတွေကို၊ အောက်မေ့ သတိရ၀မ်း နည်း ခြင်း အထိမ်းအမှတ်အနေနဲ့၊ သွားအလေးပြုတာကို ခွင့်မပြုတာ နားမလည်နိုင်အောင် ဖြစ်ရပါတယ်၊ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းကို မနာလိုတဲ့၊ မကျေနပ်တဲ့ သူတွေက၊ ဥပဒေကို လိုရာ ဆွဲပြီး အသုံးချတာ ပဲလို့ ထင်မိပါတယ်၊ (အီလက်ထရွန်းနစ် ဥပဒေ လိုပေါ့)၊ ဒီတော့ ကျွန်တော် ပိတ်ပင်တဲ့ သူတွေကို မေးချင် ပါတယ်။
ခင်ဗျားတို့ ဒီဥပဒေကို ဘယ်လို အဓိပ္ပါယ်ကောက်လဲ၊ စီတန်းပြီး သွားပြီ ဆိုတာနဲ့ ဒီဥပဒေက၊ သက်ဝင်တယ် လို့ခင်ဗျားတို့ယူ ဆတယ်ဆိုရင်... လူတဦးဦးသေလို့ အသုဘ ချတဲ့အခါ၊ ၀မ်းနည်းတဲ့ အနေနဲ့ လူတွေ စီတန်းပြီး အသုဘပို့ရင်လဲ၊ ခင်ဗျားတို့  ဆီ (၅) ရက် ကြိုခွင့်ပြုမိန့် တင်ရမှာပေါ့၊မသေ ခင်တင်မှရမှာ..ဘုန်းကြီးတွေစီ တန်းပြီး ဆွမ်းခံပြန်ရင်လဲ၊ စီတန်းလှည့်လည် တဲ့ ဥပဒေက အကျုံးဝင် တာပဲလား၊ ရှင်လောင်းလဲ လှည့်လို့ မရဘူးလား....ဒါတွေကို မဆိုင်ဘူးလို့ ခင်ဗျားတို့ မငြင်းနဲ့..ငြင်းရင် ခင်ဗျားတို့ဟာ ဥပဒေကို၊ လိုရင်တမျိုး..မလိုရင်တမျိုး... လိုရာဆွဲပြီး လုပ်နေတဲ့သူ၊ သမ္မတကြီးရဲ့ပြုပြင် ပြောင်းလဲရေး လမ်းစဉ်ကို အတွင်းစည်းက၊ အနှောက်အယှက် ပေးနေတဲ့ သူတွေလို့ ယူဆယုံမှတပါး အခြားမရှိပါခင်ဗျား....
Mon_State(မှတ်ချက်။ ။ ရေးမြို့နယ် အဖွဲ့ချုပ် လူငယ်များမှ၊ အာဇာနည်ကျောက်တိုင် ကိုဆေးသုတ်၊ ပတ်ဝန်းကျင်သန့်ရှင်း ရေးကိစ္စများ ပြုလုပ်သည်ကို၊ သဘော တူခွင့်ပြုခဲ့ပြီး၊ ယခုအားလုံး စီစဉ်ပြီးချိန်မှ၊ ကပ်ပြီး တားဆီးသည်မှာ၊ ဘာသဘောလဲဟု မေးရမလိုဖြစ်နေပါသည်။

No comments:

Post a Comment

My Blog List