Wednesday, July 18, 2012

လွှတ်တော်ထဲက ညီညွတ်ရေး



(ဓာတ်ပုံများ - ဧရာဝတီ)

လွှတ်တော်ထဲက အင်အားစု အသီးသီး ရပ်တည်ချက် မတူကြပေမယ့် ညီညွတ်ရေး ဖော်ဆောင်နိုင်ကြပါပြီလို့ သိရပါတယ်။

ခုတလော လွှတ်တော်အစည်းအဝေး မှတ်တမ်း ဓာတ်ပုံတွေမှာ အင်အားစုအသီးသီးက ကိုယ်စားလှယ် တချို့ အိပ်ငိုက်နေ၊ တချို့လည်း အိပ်မောကျနေကြတာကို တွေ့ရပါတယ်။

တူတာတွဲလုပ်၊ မတူတာ ခွဲလုပ်တဲ့နည်းနဲ့ ညီညွတ်ရေး ဖော်ဆောင်နိုင်တယ် ဆိုတဲ့ သဘောပါပဲ။

လွှတ်တော်ထဲ အိပ်ငိုက်ခြင်း၊ အိပ်ပျော်သွားခြင်းများအတွက် ဘယ်လို အရေးယူမယ် ဆိုပြီး ဥပဒေ၊ စည်းကမ်းချက် ပြဋ္ဌာန်းထားခြင်း ရှိမရှိ မသိရသေးပါ။
အိပ်ငိုက်သူ၊ အိပ်ပျော်နေသူတွေကို အရေးယူမယ် ဆိုရင်တော့ ဒါဟာ ညီညွတ်ရေးကို ဖြိုခွင်းတာပဲလို့ ဆိုနိုင်မယ် ထင်ပါတယ်။

အနားယူနေတဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တဦး


NLD ကိုယ်စားလှယ်များ ငိုက်နေသလား ?

သူတို့ရော?

ဒါကတော့ ငိုက်တယ် ဆိုတဲ့ အဆင့်ကို အတန်အသင့် ကျော်လွန်သွားပါပြီ


မိုးကျရွှေကိုယ်များထဲက တချို့လည်း ညီညွတ်ရေး ဖော်ဆောင်ရာမှာ ပါဝင်ကြပါတယ်

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List