Tuesday, July 17, 2012

၈၈မျိုးဆက်ကျောင်းသားဟောင်များ ရန်ပုံငွေရှာဖွေရေးဆောင်ရွက်


ရန်ကုန်၊ ဇူလိုင် ၁၆
၈၈ကျောင်းသားဟောင်းအဖွဲ့ဟာ ရန်ပုံငွေနည်းပါးမှုကြောင့် ရန်ပုံငွေရရှိရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံးသော လက်ရာဖြစ်တဲ့ နောက်ကြည့်မှန်ဆိုတဲ့ ထောင်တွင်းအတွေ့အကြုံ စာအုပ်ကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီက ရန်ကင်းစင်တာတွင် စတင်ထုတ်ဝေဖြန့်ချိလိုက်တယ်လို့သိရပါတယ်။ ဆက်လက်ပြီးတော့ ညနေပိုင်းမှာ အဆိုတော်တွေကိုဖိတ်ခေါ်ပြီး တေးဂီတဖျော်ဖြေပွဲလုပ်ဖို့ စီစဉ်ခဲ့တယ်လို့လည်း သိရပါတယ်။      အဆိုတော်သျှီကလည်းပါဝင်ကူညီခဲ့ပါတယ်။ အလှူငွေတွေလည်း အတော်များများရရှိခဲ့တယ်လို့သိရပါတယ်။


အဆိုပါ စာအုပ်သည် မင်းကိုနိုင်၏ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က အကျဉ်းထောင်အတွင်း အတွေ့အကြုံများကို ခံစားရေးသားထားခြင်းဖြစ်ကြောင်း စာအုပ်မိတ်ဆက်တွင် ရေးသားဖော်ပြထားချက်အရ သိရတယ်လို့ လူငယ်အစည်းအရုံးမှ တာဝန်ရှိသူ ဒေါ်ခိုင်က ပြောပါတယ်။ ပြီတော့ ယင်းစာအုပ်ကို ၎င်းအသက် ၂၆ နှစ်အရွယ် ကျောင်းသားတစ်ဦးဘဝတွင် ရေးသားခဲခြင်းဖြစ်လို့ လည်း ပြောပါတယ်။ လွန်ခဲသော ၂၄ နှစ်ခန့်က လက်ရာဖြစ်ကာ ငယ်မူလက်ရာကို မြင်တွေ့ရမယ်လို့လည်း စာအုပ်မိတ်ဆက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။ လွန်ခဲ့တဲ့ ၂၄ နှစ်က ထောင်မကျခင်ရေးထဲ့ ထောင်အတွင်းအတွေ့အကြုံ့ ဖြစ်မယ်ထင်ပါတယ်။

“ဒီစာအုပ်ကို ကောင်းကောင်း မဖတ်ရသေးတဲ့ ဒေါ်ခိုင်က  ကိုမင်းကိုနိုင်ဘဝရဲ့အတွေ့အကြုံတွေက စာဖတ်သူအတွက် message တစ်ခုတော့ ရသွားမှာပါ" ဟု မြန်မာနိုင်ငံ လူငယ်အစည်းအရုံးမှ တာဝန်ရှိသူ ဒေါ်ခိုင်က ပြောကြားရင်းနှင့် စာအုပ်ကိုမိတ်ဆက်ပေးခဲ့သည်။ 

ယင်းစာအုပ်တန်ဖိုးမှာ ကျပ်နှစ်ထောင်ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရုံးခန်းတွင် လာရောက် ဝယ်ယူနိုင်ကြောင်း ရောင်းချနေစဉ်က ပြောကြားခဲ့ပါတယ်။ သို့သော် နာရီပိုင်းအတွင်း ရောင်းကုန်သွားသဖြင့် ထပ်မံ ရိုက်နှိပ်ရန် စီစဉ်နေတယ်လို့လည်း သိရှိရသည်။    

ယင်းစာအုပ်ကို ကိုမင်းကိုနိုင်မှ ကိုယ်ပိုင်ထုတ်ဝေခြင်းဖြစ်တယ်လို့သိရပြီး အရှေ့ကြယ် စာပေမှ ဖြန်ချိခြင်း ဖြစ်ကာ အုပ်ရေ ၅၀၀၀ ထောင် ဖြန့်ချိမယ်လို့ ကိုမင်းကိုနိုင်ထံမှ သိရှိရသည်။      
မန္တလေးမြို့ ၈၄ လမ်း ၃၂ လမ်းနဲ့ ၃၃ လမ်းကြားက D & G Food Centre မှာ ဒီနေ့ မနက် ၁၀ နာရီကနေ မွန်းလွဲ ၁ နာရီထိ ကျင်းပခဲ့တယ်လို့သိရပါတယ်။
ကိုမင်းကိုနိုင်ကိုယ်တိုင် တဦးချင်းတွေ့ဆုံလက်မှတ်ရေးထိုး ပေးပါတယ်။ ၈၈ မျိုးဆက်၊ ဗကသ ကျောင်းသားကျောင်းသူတွေက ဝန်းရံလုပ် အားပေးကြပြီး မြို့ခံစာရေးဆရာများကလည်း လာရောက်အားပေးကြပါတယ်။

No comments:

Post a Comment

My Blog List