Friday, July 20, 2012

မြန်မာပြည်တလွှား အာဇာနည်နေ့ အခမ်းအနား



ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်၊ မန္တလေးမြို့ မနော်ရမံ္မဥယျာဉ်
သုံးခွ၊ သံလျင်
(ဓာတ်ပုံ - ဂျေပိုင်)

ရန်ကုန်တိုင်း သုံးခွ၊ သံလျင်မြို့နယ်များသို့ သွားရောက်သော ၈၈ မျိုးဆက် ခေါင်းဆောင်များ




ပြည်မြို့(ဓာတ်ပုံများ - ကောင်းမြတ်မင်း)


ဒီမနက် တွေ့ရတဲ့ ဗိုလ်ချုပ်လမ်းနဲ့ ပြည်- ရန်ကုန် အဝေးပြေးကားလမ်းမဆုံရာ မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်


သီရိခေတ္တရာရတနာမြို့တော်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ၆၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနား
ပြည်မြို့ NLD

အ.ထ.က (၁) ပြည်မြို့ ကျောင်းအတွင်း တမြို့နယ်လုံး ကျောင်းဆရာ၊ ဆရာမတွေ တတ်ရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရာ ကျောင်းခန်းမဆောင်
ပြည်မြို့က ၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာပိုင်တွေစီစဉ်ပေးတဲ့ အတိုင်း သာကျင်းပပြုလုပ်ခွှင့်ရခဲ့

ပြည်မြို့ပေါ်မှာ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း ပထမဆုံးကျင်းပပြုလုပ်ခွှင့်ရခဲ့တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြို့နယ်အာဏာပိုင်များစီစဉ်ပေးတဲ့ သီရိခေတ္တရာရတနာမြို့တော်ခမ်းမဆောင် အတွင်းမှာ ဒီကနေ့မနက် ၉ နာရီကစတင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားပွဲကို ပြည်မြို့အမျိုးသားဒီမိုကရေစီအဖွှဲ့ချုပ်က စီစဉ်ထားတဲ့ မူလအစီအစဉ်ကို ဖျက်သိမ်းပြီး အာဏာပိုင်တွေကျင်းပပြုလုပ်ခွှင့်ပေးထားတဲ့ သတ်မှတ်နေရာမှာသာ ကျင်းပပြုလုပ်ခဲ့ရတာကြောင့် ဒီကနေ့အခမ်းအနားအပေါ်မှာ ကျေနပ်အားရမှု မရှိကြောင်း ပြည်မြို့နယ် NLD ရုံးတာဝန်ခံ (၁) ဒေါက်တာခင်မောင်ဝင်းက ဧရာဝတီကိုပြောပါတယ်။

ပြည်မြို့ NLD အနေနဲ့ ၁၈ ရက်နေ့ညပိုင်းမှာ မြို့ပေါ်လမ်းတလျောက် ဗိုလ်ချုပ်အောင်ဆန်းဟောပြောခဲ့တဲ့ မိန်းခွန်းတွေကို အသံချဲ့စက်နဲ့ ဖွှင့်လှစ်ပြီး တမြို့လုံးနှိုးဆော်မှုတွေပြုလုပ်ခဲ့သလို ဒီနှစ်အာဇာနည်နေ့အတွက် အထူးမျှော်လင့်ထားခဲ့တယ်လို့ ဒေါက်တာခင်မောင်ဝင်းက ပြောပါတယ်။

ပြည်မြို့ ဗိုလ်ချုပ်လမ်းမတလျောက် လူနေအိမ်တော်တော်များများမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ နိုင်ငံတော်အလံအသစ်ကို တိုင်တဝက်သာစိုက်ထူးထားပြီး အခမ်းအနားကျင်းပပြုလုပ်မဲ့ မြို့တော်ခမ်းမကို နိုင်ငံရေးပါတီတချို့အပြင် အစိုးရကျောင်းသူ၊ ကျောင်းသား ၊ဆရာ ၊ဆရာမများနဲ့ လူအခွှင့်အရေးအဖွှဲ့အစည်းများက အာဇာနည်နေ့နဲ့သတ်ဆိုင်တဲ့ တီရှပ်များဝတ်ဆင်ကာ၊ ပိုစတာများကိုင်ဆောင်ပြီး ဗိုလ်ချုပ်လမ်းတလျောက် စီးတန်းလမ်းလျှောက် ခဲ့ကြပါတယ်။

ပညာရေးဌာနလက်အောက်ရှိ ဝန်ထမ်းတွေကလည်း ၆၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ပြည်မြို့ အမှတ်(၁) အစိုးရအထက်တန်းကျောင်းအတွင်းက အောင်သော်ခန်းမမှာလည်း တမြို့နယ်လုံးက ကျောင်းဆရာ၊ ဆရာမများက အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်လမ်းနဲ့ ပြည်- ရန်ကုန်အဝေးပြေးလမ်းဆုံရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်မှာ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုဖို့ ပြည်မြို့ NLD နဲ့ လူ့အခွှင့်အရေးအဖွှဲ့အစည်းတွေ မူလကစီစဉ်ထားတာကို ပြုလုပ်ခွှင့်မပေးခဲ့သလို့ လုံခြုံရေးကိုလည်း မနေ့ကစတင်ပြီ ထူထပ်စွာချထားပြီး အာဏာပိုင်တွေ စီစဉ်ပေးထားတဲ့ သီရိခေတ္တရာရတနာမြို့တော်ခမ်းမမှာသာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဟင်္သာတမြို့

ယနေ့ နံနက်ပိုင်းတွင် လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးအဖွဲ့များ၊ ခရိုင် နှင့် မြို့နယ် အာဏာပိုင်များက အာဇာနည်ဗိမာန်သို့ သွားရောက်ဂါဝရပြုကြသည်။

အမေ့မေတ္တာ အခမဲ့ ပညာသင်ကျောင်း နှင့် ကြယ်စင်မေတ္တာ အခမဲ့ပညာသင်ကျောင်းတို့မှ အုပ်ချုပ်သူနှင့် ဆရာ/ဆရာမများ ကျောင်းသားကျောင်းသူများ၊ တလုတ္ထော်တိုက်နယ်၊ ရှားခဲတိုက်နယ်၊ နတ်မော်တိုက်နယ်၊ ယုန်သလင်းနယ်(မန်းဘခိုင် ၏ရွာ)တို့မှ NLD ပါတီဝင်များတက်ရောက်ခဲ့ပါသည်။

ဟင်္သာတမြို့နယ် ကဗျာဆရာများ သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့(ဟင်္သာတခရိုင်) မှ ကျောင်းသား/သူများလည်း တက်ရောက်ကြသည်။

ရန်ကုန်အာဇာနည်ဗိမာန် နဲ့ NLD ရုံးချုပ်(ဓာတ်ပုံ - ဧရာဝတီ)










ရန်ကုန် အာဇာနည်ဗိမာန်အနီး

(ဓာတ်ပုံ - ဂျေပိုင်)







ပုသိမ်
(ဓာတ်ပုံများ - သန့်စင်ငြိမ်းချမ်း)

ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့မှာ ပုသိမ်မြို့
ကန်သာယာကွင်းမှာရှိတဲ့ ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို
ဂုဏ်ပြုတည်ဆောက်ထားတဲ့ အထိမ်းအမှတ်ကျောက်တိုင်ကို ပြည်သူ တသောင်း ၀န်းကျင် လာရောက် ဂါရ၀ ပြုခဲ့ကြပါတယ်။

ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့က နံနက် ၈ နာရီခန့်မှာ
နိုင်ငံတော် အခမ်းအနားအဖြစ် ကျင်းပခဲ့ရာမှာ တိုင်းအစိုးရအဖွဲ့၊
ဌာနဆိုင်ရာတွေ၊ တက္ကသိုလ်တွေနဲ့ အထက်တန်းကျောင်းတွေ၊ နိုင်ငံရေးပါတီတွေ၊
လူမှုရေး အသင်းအဖွဲ့တွေ၊ အမျိုးသမီးရေးရာ အပါအ၀င် ရဲ၊ မီးသတ်တွေပါ လာရောက်
ဂါရ၀ ပြုခဲ့ကြပါတယ်။ ဒါပေမယ့် ပုသိမ်နယ်တ၀ိုက် အခြေစိုက်တဲ့
တပ်ရင်းတွေတော့ ပါဝင်ခြင်း မရှိတာကို တွေ့ရပါတယ်။

အဲဒီနောက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ လူ့အခွင့်အရေး
လှုပ်ရှားသူတွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ ပြည်သူတွေက
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံခဲ့ရတဲ့အချိန် နံနက် ၁၀ နာရီ ၃၇
မိနစ်မှာ အားလုံးစုဝေးပြီး ဂါရ၀ ပြုခဲ့ကြပါတယ်။

အံ့သြစရာကောင်းတာ တခုက ဗိုလ်ချုပ်တို့ ကျဆုံးတဲ့အချိန် ၁၀ နာရီ ၃၇ မိနစ်
မတိုင်မီ မိုးလုံးဝ မရွာခဲ့ပဲ အားလုံး ဂါရ၀ပြုပြီး
ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ် ငြိမ်သက်နေချိန် ဥသြဆွဲချိန်မှာ မိုးက
အသည်းအထန် ရွာပါတော့တယ်။ ဂါရ၀ပြုသူအားလုံးဟာ မိုးရေထဲမှာပဲ
ဦးထုပ်မဆောင်း၊ ထီးမဆောင်းပဲ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ကြီးတွေကို
ဦးညွှတ်ခဲ့ကြပါတယ်။

‘ကိုယ့်တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေကို ခုလို
နိုင်ငံတော် အခမ်းအနားနဲ့ စည်စည်ကားကား ဂါရ၀ပြုရတော့ အရမ်းကျေနပ် ပီတိ
ဖြစ်မိပါတယ်။ ဒီနေ့ဆို ဈေးဆိုင်ကို သူများနဲ့ လွှဲခဲ့ပြီး
အာဇာနည်ကျောက်တိုင်ကို တကူးတကကို လာရောက် ဂါရ၀ ပြုခဲ့တာပါ’လို့ အသက် ၃၀
အရွယ် ပုသိမ်မြို့သူတဦးက ပြောပါတယ်။

မနက်အစောပိုင်းမှာတော့ ဧရာဝတီတိုင်း အစိုးရအဖွဲ့က
အာဇာနည်ခေါင်းဆောင်များအတွက် ပုသိမ်မြို့တော်ခန်းမမှာ သံဃာတော်တွေကို
ဆွမ်းကပ်လှူခဲ့သလို ပုသိမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
အဖွဲ့ဝင်တွေကလည်း အာရုဏ်ဆွမ်း ကပ်လှူခဲ့ကြပါတယ်။

ပုသိမ်မြို့ထဲက အစိုးရရုံးတွေတင် မကပဲ နေအိမ်တွေ အတော်များများမှာ အလံတ၀က်
လွှင့်ထူပြီး ၀မ်းးနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ထားသလို ထီဆိုင်
လက်ဖက်ရည်ဆိုင်ကအစ အာဇာနည်နေ့ သီချင်းတွေ ဖွင့်ထားကြ
ပါတယ်။





















No comments:

Post a Comment

My Blog List