Thursday, July 19, 2012

ယနေ့ အာဇာနည်နေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်




ယနေ့ကျင်းပသော ၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တိုက်ရိုက် ရုပ်မြင်သံကြားလွှင့် ထုတ်ပေးနေ ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း၏ အထ္ထုပ္ပတ္တိကိုလည်း ထုတ်လွှင့်သူက ပြောပေးနေပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ် တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းအား လွှမ်းသူ့ပန်းခွေချ အလေးပြု ကန်တော့ခဲ့သည်။ ထို့နောက် သားကြီးဖြစ်သူ ဥိးအောင်ဆန်းဦးကိုယ်စား မိသားစုဝင် တဦးက လာရောက် လွမ်းသူ့ပန်းခွေချ
အလေးပြုကာ ကန်တော့ခဲ့သည်။

ထို့နောက် အာဇာနည်များ၏ မိသားစုဝင်များက အသီးအသီး လာရောက်ကာ လွမ်းသူ့ ပန်းခွေချ အလေးပြု၊ ကန်တော့ကြပါတယ်။ အာဇာနည် ကြီးများရဲ့ တဦးချင်းစီရဲ့ အကြောင်းကိုလည်း မိသားစုဝင်များ လာရောက် လွမ်းသူ့ပန်းခွေ ချစဉ် သတင်းကြေညာသူက ပြန်ပြောပြနေပါတယ်။

ယနေ့ ကျင်းပတဲ့ အာဇာနည်နေ့အစီအစဉ်ကို MRTV, MRTV-4 နှင့် Sky Net တို့က တိုက်ရိုက်လွှင့်ပေးနေ ပါတယ်။

No comments:

Post a Comment

My Blog List