Thursday, March 17, 2016

ပညာလို အိုသည်မရှိ၊ အသက် ၉၁ နှစ်မှ PhD ရတဲ့ ပြင်သစ်အဖွားအို


နှစ်ပေါင်း ၃၀ ကြာ စာတမ်းပြုစုခဲ့ပြီး အသက် ၉၁ နှစ်မှ PhD ဘွဲ့ရရှိသူ အဖွားအိုသည် ပြင်သစ်တွင် အသက်အကြီးဆုံး PhD ဘွဲ့ပိုင်ရှင်ဖြစ်လာသည်။ကိုလိဒ်ဘူလီယာဆိုသူ အမျိုးသမီးကြီးသည် “၂၀ ရာစု ဒုတိယပိုင်းတွင် ၀င်ရောက်လာသော ဘက်စကိုနန်မှ ရွှေ့ပြောင်းလုပ်သားများ”ဆိုသော စာတမ်းကို ပြုစုခဲ့ခြင်း ဖြစ်ပြီး ယင်းစာတမ်းကို ပြင်သစ်နိုင်ငံ ဘက်စကိုနန်မှ Franche-Comte တက္ကသိုလ်မှ အကဲဖြတ်လူကြီးများရှေ့၌ အောင်မြင်စွာ အစစ်ခံနိုင်ခဲ့သည့်အပြင် သူမ၏စာတမ်းသည် ဂုဏ်ထူးပင် ချီးမြှင့်ခြင်းခံခဲ့ ရသည်။

“ဒီစာတမ်းပြုစုနေတုန်း ကြားထဲမှာ မကြာမကြာ အနားယူနေတာနဲ့ အချိန် နည်းနည်းကြာသွားတယ်”ဟု သူမက ပြောသည်။

ကိုလိဒ်ဘူလီယာသည် ပြင်သစ်အရှေ့ပိုင်းရှိ ဘက်စကိုနန်မြို့နေ ရွှေ့ပြောင်း လုပ်သားများ ပညာတက်မြောက်ရေးအတွက် ဆရာမအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပြီး ထိုအတွေ့အကြုံများကို အခြေခံ၍ သူမ၏စာတမ်းကို ပြုစုခဲ့ခြင်းဖြစ်သည်။

၁၉၈၃ ခုနှစ် အငြိမ်းစားယူပြီးနောက်ပိုင်း ပါရဂူဘွဲ့ ယူရန်စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်တွင် ပါရဂူဘွဲ့အတွက် စာတမ်းများကို ပုံမှန်အားဖြင့် သုံးနှစ်ခန့်အချိန်ယူ ပြုစုလေ့ရှိကြသည်။

“သူကတော့ တော်တော် ထူးခြားတဲ့ကျောင်းသားလို့ပြောရမယ်။
ဒီရွှေ့ပြောင်းလုပ်သားတွေရဲ့ဘ၀ကို ထောင့်စုံဘက်စုံ သိရှိပြီး အားလုံးကို အချိတ်အဆက်မိမိ ရေးသားပြုစုနိုင်တာ သူတယောက်ပဲရှိမယ်ထင်တယ်။ ဒါ့အပြင် တင်ပြချက်တွေ မှန်ကန်ကြောင်းကို အချက်အလက်၊ စာရင်းဇယား တွေနဲ့လည်း ပံ့ပိုးထားတယ်”ဟု ပါမောက္ခ ဆာ့ခ်ျသြမူးက ပြောသည်။
ရည်ညွှန်း-ဂါးဒီးယန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List