Tuesday, March 15, 2016

သမ္မတရွေးချယ်ရာတွင် ပယ်မဲမဖြစ်စေရန် သတိကြီးကြီးထား ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား


နိုင်ငံတော်သမ္မတရွေးချယ်ရန် ပြည်ထောင်စုလွှတ်တော်၌ မဲပေးရာတွင် ကိုယ်စားလှယ်များအနေနှင့် အမှားအယွင်းမရှိ ၊ ပယ်မဲမရှိ စေရေးအတွက် သတိကြီးကြီးထားပြီး ဆောင်ရွက်ကြရန်လိုအပ်ကြောင်းNLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
နေပြည်တော် စည်ပင်ရိပ်သာ စားရိပ်သာ (၄)တွင် ယနေ့(မတ်လ ၁၄ ရက်) ညနေ ၅ နာရီခန့်က NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"မနက်ဖြန်(မတ်လ ၁၅ ရက်) နေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲပေးတဲ့အခါ ညီညီညွတ်ညွတ်မဲပေးကြဖို့၊ မဲပေးပြီး မဲရေပြီးတဲ့အထိ ကိုယ်စားလှယ်အား လုံး လွှတ်တော်ထဲမှ ရှိနေကြဖို့၊ ဒီလို သမိုင်းဝင်နေ့ကို ဖြတ်သန်းနေရတဲ့ အချိန်မှာ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှ မပျက်မကွက်ရှိနေကြဖို့မှာ တယ်။

စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရှေ့ကိုဆက်သွားဖို့မှာတယ်"ဟုအဆိုပါတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် NLDပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

ထိုသို့ပြုလုပ်ခြင်းမှာ တစ်ဦးချင်းအတွက်၊ပါတီအတွက်လုပ်ဆောင်တာမဟုတ် ဘဲ ပြည်သူလူထုနှင့် တိုင်းပြည်အနာဂတ်အတွက် ထမ်းဆောင်ခြင်းဖြစ် ကြောင်း၊ထိုသို့ထမ်းဆောင်ခြင်းသည်မဲပေးလိုက်သောပြည်သူများ၏ ကျေးဇူးကိုဆပ်ရာလည်းရောက်ကြောင်း၊ ပြည်သူလူထုကျေးဇူးဆပ်ရန် မတ်လ ၁၅ ရက်နေ့တွင် အမှားအယွင်းမရှိ ၊ ပယ်မဲမရှိ၊သတိကြီးကြီးထားပြီး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ သည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

နိုင်ငံတော်သမ္မတရွေးချယ်တင်မြောက်ခြင်းကို မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှို့ဝှက်ဆန္ဒမဲ ပေးရွေး ချယ်သွားမည်ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List