မတ်လ ၁၇ ရက်နေ့တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အစိုးရသစ်က ဖွဲ့စည်းမည့် ဝန်ကြီးဌာန အရေအတွက် အမည်နှင့် ဝန်ကြီးဦးရေတို့ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထား ရသူက တင်ပြရန်အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းထားသည်။
နိုင်ငံတော်သမ္မတအသစ် တင်ပြမည့် ဝန်ကြီးဌာနအရေအတွက် အမည်စာရင်းများနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက လွှတ်တော်ရုံးသို့ အမည်စာရင်းပေးသွင်းရန်လည်း အစီအစဉ်တွင် ထည့်သွင်းထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ' ဝန်ကြီး ဌာနတွေ ပေါင်းသင့်တာ ပေါင်းရမှာပေါ့။ ဌာန ၂၀ ကျော်လောက်ပဲ ရှိမယ် ထင်တယ်' ဟု မီဒီယာများကို ပြောဆိုခဲ့ဖူးသည်။
ကိုပေါက်
The Ladies News
No comments:
Post a Comment