သမ္မတ၊ ဒုတိယသမ္မတများကို မဲပေးရွေးချယ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းခဲ့သော ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူတို့ကို ထောက်ခံခဲ့ကြသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို အထူးကျေးဇူးတင်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အေးချမ်းတည်ငြိမ်စွာဖြင့် ထောက်ခံသည့် ပြည်သူလူထုကို အားကိုးလျက်ကျေးဇူးတင်ကြောင်း၊ ပြည်သူများနှင့်အတူ ရှေ့တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကိုလည်း ကျော်လွှားနိုင်မည်ဟုလည်း ယုံကြည်ကြောင်းတို့ပါဝင်သည့် ကျေးဇူးတင်လွှာကို ယနေ့(မတ် ၁၆ ရက်) ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ကြေညာလိုက်သည်။
The Voice Weekly

No comments:
Post a Comment