Thursday, March 17, 2016

နောင်လာမည့် အစိုးရသစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုက ပိုအဓိကကျဟု ဆို


NLD ပါတီက မတ်လ ၁၁ နေ့ကမှ ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူတို့ကို ဒုသမ္မတလောင်းများအဖြစ် အဆိုတင်သွင်း အတည်ပြုခဲ့သော်လည်း ပြည်သူအများစုက ၄င်းတို့ကို လှိုက်လှိုက်လှဲလှဲ လက်ခံမှုကို တွေ့ရှိရသည်။တစ်ချိန်တည်းမှာပင် တပ်မတော်သားကိုယ်စားလှယ်များ၏ အစုအဖွဲ့ခေါင်း ဆောင်မှ သမ္မတအထက်တွင် မည်သူမျှ မရှိစေရန် ထပ်မံ သတိပေး ပြောကြားခဲ့သည်။
မြန်မာ့သမိုင်းလေ့လာသူ စာရေးဆရာ ဦးသန့်မြင့်ဦးက မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ပတ်သက်၍ “လာမယ့် ရက်သတ္တပတ်တွေအတွင်း ကျွန်တော်တို့ မြင်တွေ့ရတော့မယ့် အမှန်တကယ် ပြုပြင်ပြောင်းလဲမှုဟာ ပုံမှန် သမ္မတနဲ့ ဒုတိယသမ္မတ ပုံစံမျိုးမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတစ်ရပ် ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကအထိ စိတ်မကူးနိုင်ခဲ့တဲ့ အခြေအနေပါ” ဟု ရေးသားခဲ့သည်။

“အစိုးရသစ်ဟာ အရပ်သားနဲ့ စစ်ဘက် ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့်အာဏာကို အခြေခံဥပဒေက ကန့်သတ်ထားပေမယ့် ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် အုပ်ချုပ်မှုအာဏာကို ရရှိမှာ ဖြစ်ပါတယ်” ဟု ဦးသန့်၏ မြေးဖြစ်သည့် ဦးသန့်မြင့်ဦးက ဆိုသည်။

“စစ်တပ်က အမျိုးသား လုံခြုံရေးလို့ သူတို့ သတ်မှတ်ထားတဲ့ လုပ်ပိုင်ခွင့် အပြင်ဘက်က ကိစ္စရပ်တွေအတွက် NLD ကို လုပ်ပိုင်ခွင့်ပေးပါလိမ့်မယ်။ သမ္မတနဲ့ ဒုသမ္မတ တွေကြား ဆက်ဆံရေးဟာ အရေးပါတယ်ဆိုပေမယ့် အစိုးရသစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှမ်းမိုးနိုင်မှုကြောင့် ပုံမှန်ထက် လျော့နည်းနိုင်ပါတယ်” ဟု ဦးသန့်မြင့်ဦးက Straits Times သတင်းစာကို အီးမေးလ်ဖြင့် ဖြေကြားခဲ့ကြောင်း သိရသည်။

Ref - The Straits Times
The Ladies News


No comments:

Post a Comment

My Blog List