Wednesday, March 16, 2016

ဦးထင်ကျော် သမ္မတ ဖြစ်တာကို သြစီ ကြိုဆို


ဒေါ်ခင်ကြည် ​ဖောင်ဒေးရှင်း ​အလုပ်အမှုဆောင် ​ဦးထင်ကျော်ကို ​သမ္မတအဖြစ် ​ရွေးချယ်တာကို ​သြစတြေးလျ ​နိုင်ငံ ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​ကြိုဆိုလိုက်ပါတယ်။ မြန်မာပြည်သူတွေကို ​ဂုဏ်ပြုလိုက်သလို ​ဒီမိုကရေစီအတွက် ​အကြာကြီး ​ကြိုးစားလာတဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ​သြစတြေးလျ ​ဝန်ကြီးချုပ် က ​ဂုဏ်ပြုလိုက်ပါတယ်။
ဒါ့အပြင် ​၂၀၁၁ ​ခုနှစ်ကစပြီး ​ပြုပြင်ပြောင်းလဲမှုတွေ ​လုပ်လာသလို ​အခုလို ​အာဏာလွဲပြောင်းရေးကို ​အဆင်ပြေပြေ ​လုပ်ဆောင်ပေးတဲ့ ​သမ္မတ ​ဦးသိန်းစိန်ကိုလည်း ​ဂုဏ်ပြုလိုက်ပါတယ်။

သြစတြေးလျ ​အစိုးရအနေနဲ့ ​မြန်မာ ​ပြည်သူတွေကို ​အကျိုးပြုစေမယ့် ​ဖွံ့ဖြိုးတိုးတက်ရေး ​လုပ်ငန်းမှာ ​ဆက်လက် ​ထောက်ပံ့ကူညီမှာ ​ဖြစ်တယ်လို့လည်း ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​ရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​ဖော်ပြထားပါတယ်။

ဦးထင်ကျော်ကို ​သမ္မတအဖြစ် ​ရွေးချယ်တာကို ​သြစတြေးလျ ​အစိုးရအပြင် ​နိုင်ငံတကာ ​အစိုးရတွေကလည်း ​ကြိုဆိုနေကြပါတယ်။

ဒါ့အပြင် ​သမ္မတ ​ဦးသိန်းစိန်ကလည်း ​ဦးထင်ကျော်ကို ​ဂုဏ်ယူတဲ့အကြောင်း ​ကြေညာချက်တစ်စောင် ​ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ ​ရွေးချယ်ရေးတွေ ​ပြီးစီးသွားပြီးတဲ့နောက် ​သမ္မတက ​ဒီရက်ပိုင်း အတွင်း ​အစိုးရကို ​ဖွဲ့စည်းမှာ ​ဖြစ်ပါတယ်။

မတ်လ ​၁၇ ​ရက် ​ကြာသပတေးနေ့ကြရင် ​သမ္မတကနေ ​ပြည်ထောင်စု ​ဝန်ကြီးဌာန ​အရေအတွက်တွေ၊ ​ဝန်ကြီးဌာန ​နာမည်တွေနဲ့ ​ပြည်ထောင်စု ​ဝန်ကြီး ​ဦးရေတွေကို ​သတ်မှတ်မှာ ​ဖြစ်ပါတယ်။

အစိုးရသစ် ​လက်ထပ်မှာတော့ ​ဝန်ကြီးဌာနကို ​အခုပေါင်း ​၂၀ ​စွန်းစွန်း လောက်ပဲ ​ထားရှိမယ်လို့ ​NLD ​က ​ပြောဆိုထားတာ ​ရှိပါတယ်။

သောကြာနေ့ ​မတ်လ ​၁၈ ​ရက်နေ့မှာတော့ ​ပြည်ထောင်စု ​ဝန်ကြီးဌာနအရေ အတွက်၊ ​နာမည်နဲ့ ​ပြည်ထောင်စု ​ဦးရေ ​သတ်မှတ်ရေးတွေနဲ့ ​ပတ်သက်ပြီး ​လွှတ်တော်မှာ ​ဆွေးနွေးကြဖို့ ​ရှိပါတယ်။

သမ္မတ ​ဦးသိန်းစိန်က ​မတ်လ ​အကုန်မှာ ​အာဏာ ​လွဲပြောင်းမှာ ​ဖြစ်ပြီး ​ဦးထင်ကျော်က ​ဧပြီလ ​တစ်ရက်နေ့ကျရင် ​ပထမဆုံးအကြိမ် ​ပြည်သူကို ​မိန့်ခွန်း ​ပြောကြားမှာ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List