Thursday, March 17, 2016

" ဝန်ကြီးဌာန ၃၆ ခုမှ ၂၁ ခုသို့ လျှော့ချ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန အသစ်ပါဝင် "


လက်ရှိအစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် စုစုပေါင်း ၃၆ ခုရှိရာ မကြာခင် အသစ်ဖွဲ့စည်းတော့မည့် အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုသာထားရှိရန် သမ္မတသစ်က လွှတ်တော်သို့ တင်ပြလိုက်သည်။
ပြန်လည်ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနသည် ဝန်ကြီးဌာန အသစ်တစ်ခုအနေဖြင့် ပါဝင်လာပြီးသမဝါယမဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊အားကစားဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာန ၅ ခုကို ဖျက်သိမ်းလိုက်၍ ဝန်ကြီးဌာနအချို့ကို အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါဝန်ကြီးဌာန ၂၁ ခုအတွက် ပြည်ထောင်စုဝန်ကြီး အရေအတွက် ၁၈ ဦးသာ ထားရှိရန်လည်း သမ္မတသစ်က လွှတ်တော်သို့ တင်ပြလိုက်သည်။

7Day News Journal



No comments:

Post a Comment

My Blog List