Friday, March 18, 2016

ဝန်ကြီးဌာန ၁၅ ခု လျှော့ချလိုက်သဖြင့် လစဉ် ကျပ်သိန်းထောင်ချီ သက်သာမည်


အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာန ၁၅ ခု လျှော့ချလိုက်သဖြင့် ၀န်ကြီးဌာနတစ်ခုလျှင် ပြည်ထောင်စုဝန်ကြီးတစ်ဦး၊ဒုဝန်ကြီးတစ်ဦးနှင့် ၎င်းတို့အားပေးအပ် ထားသည့် အဆောင်အယောင်၊ ကုန်ကျစရိတ်များကို အကြမ်းဖျင်းတွက်ချက်မည်ဆိုပါက တစ်လလျှင် နိုင်ငံတော်ဘဏ္ဍာမှ ကျပ်သိန်းထောင်ချီသက်သာသွားပြီဖြစ်သည်။
အစိုးရသစ်တွင် ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုနှင့် ၀န်ကြီး ၁၈ ဦးထားရှိရန် သမ္မတ ဦးထင်ကျော်က ပေးပို့လာသည်ကို ပြည်ထောင်စုလွှတ်တော် နာယကက မတ်လ ၁၇ ရက်၌ လွှတ်တော်သို့တင်ပြခဲ့သည်။

လက်ရှိဝန်ကြီးဌာန ၃၆ ခုမှ ၁၅ ခုကို လျှော့ချပေါင်းစပ်ဖွဲ့စည်းလိုက်ခြင်းဖြစ် သည်။ ပေါင်းစပ် လျှော့ချလိုက် သည့် ၀န်ကြီးဌာန ၁၅ ခုမှ ၀န်ကြီးနှင့် ဒုဝန်ကြီးတစ်ဦးစီအား ပေးရသည့် လစာနှင့် အဆောင်အယောင်များ သက်သာသွားမည်ဖြစ်ပြီး တစ်လလျှင် ပြည်သူ့ဘဏ္ဍာထဲမှ အနည်းဆုံးလစာ ကျပ် ၈၂၅ သိန်း သက်သာသွားမည်ဖြစ်သည်။ အချို့ဝန်ကြီးဌာနများတွင် ဒုဝန်ကြီးနှစ်ဦးပင်ရှိသည်။

ထို့အပြင် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး တစ်ဦး၏ လစာ မှာ ကျပ်သိန်း ၃၀ ဖြစ်ပြီး အစိုးရ နေအိမ်တွင် အခမဲ့နေ ထိုင်ခွင့်၊ လုံခြုံရေး အစောင့်အရှောက်၊ ပြည်တွင်းအခမဲ့ ဆေးကုသခွင့်၊ ရေနှင့် လျှပ်စစ်ဓာတ်အား အခမဲ့ သုံးစွဲခွင့်၊ ပြည်တွင်းဖုန်း အခမဲ့သုံးစွဲခွင့် ရှိသည်။ ထို့အပြင် ကိုယ်ရေး အရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ဥယျာဉ်လုပ် သားနှစ်ဦး၊ ကားသုံး စီး၊ ယာဉ်မောင်းသုံးဦး ခန့်အပ်ပိုင် ခွင့်ရှိသည်။ ကားသုံး စီးအတွက် တစ်စီးလျှင် စက်သုံးဆီ တစ်လ ဂါလန် ၆၀ နှုန်း၊ ကားသုံးစီး အတွက် စက်ဆီနှင့် ချောဆီများလည်း ရရှိ သည်။ဒုဝန်ကြီးတစ်ဦးလျှင် လစာ ကျပ်သိန်း၂၀ ရရှိပြီး အခြားခံစားခွင့်နှင့် အဆောင်အယောင်များမှာ ဝန်ကြီး နှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် လစာနှင့် အဆောင်အယောင်များ ထည့်သွင်းတွက်ချက်လျှင် တစ်လလျှင် ကျပ်သိန်းတစ်ထောင်ကျော် သက်သာမည်ဖြစ်သည်။

သို့သော် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကိုမူ အသစ်ဖွဲ့စည်းလိုက်သည်။ ‘‘တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနတစ်ခု တိုးတာကတော့ ပိုကောင်းပါတယ်။ ၀မ်းသာကြိုဆိုတယ်။ တိုင်းရင်းသားတွေရဲ့ အခက်အခဲကို အရင်တုန်းက တော့ တိတိကျကျဆောင်ရွက်ခဲ့တာ မရှိတော့ အခုတော့ ဒီဥစ္စာက တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကအစ သူတို့ဒေသဖွံ့ဖြိုးရေးကို လည်းကောင်းကောင်းမွန်မွန် လုပ်နိုင်တော့မှာ’’ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ပြောသည်။

လွှတ်တော်သို့ တင်ပြလာ သည့် ၀န်ကြီးဌာန ၂၁ ခုတွင်မူလ အတိုင်း ထားရှိသည့် ၀န်ကြီးဌာန ၁၂ ခုရှိသည်။ ၎င်းတို့မှာ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန် ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူ မှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာ န၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှု ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့ဖြစ် သည်။

ပေါင်းစပ်ဖွဲ့စည်းသည့် ၀န် ကြီးဌာန ခုနစ်ခုရှိပြီး ၎င်းတို့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် သာသနာရေးဝန် ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန၊ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီး ဌာနတို့ဖြစ်သည်။ သမ္မတရုံးဝန် ကြီးဌာန ခြောက်ခုကိုတစ်ခုတည်း ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အစိုးရအဖွဲ့သစ်တွင်ဝန်ကြီး ဌာနအချို့ ပူးပေါင်းမည်ဖြစ်သော် လည်း ၀န်ထမ်းများကို ဖြုတ်ထုတ် သတ်လမ်းစဉ် ကျင့်သုံးမည့်မူဝါဒ မရှိကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ၂၀၁၅ ဒီဇင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။ နောင် လာမည့် အစိုးရသက်တမ်းအ တွင်းဝန်ကြီးဌာနများ လျှော့ချရေး ပြုလုပ်ရာတွင် အလုပ်တာဝန်နည်းပါးသော ဌာနမှ ၀န်ထမ်းများကို အလုပ်တာဝန်များပြား၍ လိုအပ်ချက်ရှိသော ဌာနများသို့ရွှေ့ပြောင်းတာဝန်ပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ အနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင ဆန်းစုကြည်က ပြောကြားဖူးသည်။

‘‘အားသာချက်က ၀န်ထမ်း တွေက ပိုပြီးတော့မှ အရည်အ သွေးမြင့်လာမယ်။ လောလော ဆယ်မှာတော့ ၀န်ထမ်းတွေက စိတ်ထဲတစ်မျိုးတော့ဖြစ်မယ်။ ဟို ဌာနကနေ ဒီဌာနကို ပြောင်းရ တယ်၊ ပြောင်းရတဲ့ဝန်ထမ်းတွေ ကိုလည်း ကျွန်မတို့က အရည်အ ချင်းပိုင်းဆိုင်ရာ မြှင့်ပေးမယ်။ သင်တန်းတွေပေးမယ်၊ အဲဒီတော့ သူတို့တွေ လုပ်ရည်ကိုင်ရည် ပိုပြီး တော့ တိုးတက်လာမယ်။ နိုင်ငံ တော်မှာလည်း ၀န်ထမ်းတွေရဲ့ လုပ်နိုင်တဲ့အားတွေကို အပြည့် အ၀အသုံးချ လာနိုင်မယ်လို့ မျှော် လင့်ထားတယ်။ လောလောဆယ် တော့ ၀န်ထမ်းတွေ အနေနဲ့ နည်း နည်းတော့ သည်းခံရမယ်၊ စိတ် ရှည်ပေးကြပါလို့ ပြောချင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော် ရဲ့ အပြောင်းအလဲတစ်ခု ဖြစ် တယ်။ အပြောင်းအလဲမှာ အား လုံးက ပါဝင်ပြီး ပူးပေါင်းကြမယ်ဆိုလို့ ချက်ချင်းကြီးတော့ အသားမကျဘူး၊ အထာမကျနိုင်ဘူးဆိုပေမယ့် နောင်မှာ ကျရင်တော့ အားလုံးကကောင်းလာမယ်၊ ကောင်းလာရင်ဝန်ထမ်းတွေလည်း အားလုံးကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်’’ဟုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုလဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

သမ၀ါယမ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် အားကစား ၀န်ကြီးဌာနတို့မှာ အ မည်မပါတော့ဘဲ ၀န်ကြီးဌာနအချို့ အောက်သို့ ထည့်သွင်းဖွယ်ရှိသည်ဟု ခန့်မှန်းသုံးသပ်နေကြ သည်။ အဆိုပါဝန်ကြီးဌာန များမှ ၀န်ထမ်းအချို့မှာ ၎င်းတို့မိခင်ဌာန အမည်များမပါတော့သဖြင့် စိတ် မကောင်းဖြစ်ကြသည်။

‘‘ကျွန်တော်ကတော့ အားကစားဝန်ကြီးဌာနကို သီးသန့်ရှိစေချင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ က အားကစားက အရေးပါတယ်လေ။ ဒါပေမဲ့ ကျန်းမာရေးဌာန အောက်ကို ရောက်သွားတယ်ဗျာ။ ရောက်သွားပြီးတော့မှ အားကစားဝန်ကြီးဌာနဆိုတာက မပါတော့ဘူးဗျာ။ စိတ်ထဲမှာခံစားရတယ်။ လက်ရွေးစင် အားကစားသမားတွေကလည်း သူတို့ဝန်ကြီးဌာနကြီး ပျောက်သွားတဲ့ အတွက် သူတို့ခံစားရတာပေါ့။ နိုင်ငံပြည်သူတွေရဲ့ စိတ်ဓာတ်ကို တက်ကြွအောင် လုပ်ပေးတာလည်း ဒီအား ကစားကပဲလေ။ ဒါကတော့လက်ရှိ အုပ်ချုပ်မယ့် အစိုးရရဲ့ပေါ်လစီပေါ့ဗျာ။ ပိုဆိုးတာက အားကစားနဲ့ ကျန်းမာရေးဆိုပြီးတော့ ယှဉ်တွဲ လိုက်ရင်လည်း တစ်မျိုးပေါ့ဗျာ။ အဲဒါဆိုနည်းနည်းလေးကြည့်လို့ ကောင်းတာပေါ့။ ဒါပေမဲ့ ကျန်း မာရေးဝန်ကြီးဌာနဆိုတာပဲ ရေးပြီးတော့မှ အားကစားဝန်ကြီးဌာန ဆိုတာ ပါမလာတော့ဘူး’’ ဟု အားကစားဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

စိတ်မကောင်းဖြစ်သော ၀န်ထမ်းများရှိသကဲ့သို့ အကောင်းဘက်မှ ရှုမြင်သောဝန်ထမ်းများ လည်း ရှိသည်။

‘‘၀န်ကြီးဌာန ပျောက်သွားပေမယ့် အားကစားလုပ်ငန်းတွေကတော့ ကျန်နေဦးမှာပဲလေ။ အရင်တုန်းက အားကစားဝန်ကြီးဌာန မရှိတုန်းကလည်း ကျန်းမာရေးဝန်ကြီးဌာန အောက်မှာပဲလုပ်ခဲ့တာ။ အခုလိုလုပ်လိုက်တာဟာ အရင်နေရာ ပြန်ရောက်တာပါပဲ။ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ လျှော့ချတာပါပဲ။ ၀န်ကြီးဌာနတွေပေါင်းတယ်၊ ၀န်ကြီးတွေ လျှော့တယ်၊ ဒုဝန်ကြီးတွေ လျှော့တယ်ဆိုတာ အစိုးရသစ်ရဲ့ အစီအမံနဲ့ လုပ်တယ်ဆိုတော့ ငါတို့က ပြောစရာ မရှိပါဘူး’’ဟုအားကစား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။

‘‘သမ္မတကြီး ဦးထင်ကျော်ကလည်း ဒါကိုပြောင်းလဲချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေ ၀န်ကြီးဌာန ၃၆ ခုမှာ အများကြီး သုံးနေရတယ်။ အခုလို ဒီလိုမျိုးလေး ကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်လိုက်ရတဲ့ အတွက်ကြောင့် နိုင်ငံတော်ရဲ့ ၀န်ကြီးတွေကို ပေးနေရတဲ့ လစာတွေ သက်သာသွားမယ်’’ဟု ဒေါ်ခင်စန်းလှိုင်ကပြောသည်။

အဆိုပါ ၀န်ကြီးဌာန ၂၁ ခု အတွက်ပြည်ထောင်စုဝန်ကြီး အရေအတွက် ၁၈ ဦးထားရှိရန် လွှတ်တော်သို့ တင်ပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(ခ)(၂)အရ သမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာနများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ တပ်မတော်သား များ၏ အမည်စာရင်းကို ရယူရမည်ဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံအချို့တွင်လည်း လုပ်ငန်းသဘောဆက်စပ်နေသည့် ဌာနသုံးခုခန့်ကို ၀န်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းကြကြောင်း လွှတ်တော်ကိုယ်စား လှယ်များကပြောသည်။ ၀န်ကြီးဌာနများ ပေါင်းစပ်လိုက်ခြင်းကြောင့် အမှန်တကယ် လုပ်ငန်းကျွမ်းကျင်သည့် ပညာရှင်များကို ခန့်အပ်မည်ထင် ကြောင်း ကိုယ်စားလှယ်များကပြောသည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ဝန်ကြီးဌာန ၂၃ ခုရှိခဲ့သည်။ လမ်းစဉ်ပါတီခေတ်တွင် ဝန်ကြီးဌာန ၁၉ ခုဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ) လက်ထက်တွင် ဝန်ကြီးဌာန ၁၈ ခုရှိပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) လက်ထက်တွင် ဝန်ကြီးဌာန ၃၂ ခုဖြင့် ပြင်ဆင်တိုးချဲ့ဖွဲ့ စည်းခဲ့သည်။

လက်ရှိသမ္မတဦးသိန်းစိန်အစိုးရဖွဲ့စဉ်က ၀န်ကြီးဌာန ၃၄ ခုနှင့် ၀န်ကြီး ၃၀ ဦးထိ စာရင်း တင်သွင်းခဲ့သည်။ နောက်ပိုင်းတွင် သမ္မတရုံးဝန်ကြီးဌာနကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကာ နောက်ဆုံးတွင် ၀န်ကြီးဌာန ၃၆ ခုထားရှိပြီး ၀န်ကြီး ၃၃ ဦးခန့်အပ်သောပုံစံ ကျင့်သုံးခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List