Friday, March 18, 2016

ပထမဆုံး အရပ်သားအစိုးရနဲ့ နိုင်ငံရေးဂိမ်းကစားပွဲ


၂၀၁၆ ခုနှစ် မတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာ ရောက်ရှိနေ ကြသည်။ ထို့အပြင် ပြည်တွင်းပြည်ပမှ မီဒီယာသမားများလည်း ရောက်ရှိ နေပြီး ကင်မရာများ၊ အသံဖမ်း စက်များအပြင် ရိုက်ကူးရေးပစ္စည်းများဖြင့် လှုပ်ရှားသွားလာနေကြသည်။

ထိုနေ့သည် အခြားမဟုတ် မြန်မာပြည်သူများ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကတည်းက မျှော်လင့်ခဲ့ရ သည့် အရပ်သားအစိုးရ (သို့မဟုတ်) ဒီမိုကရေစီ အ စိုးရတစ်ရပ် ပေါ်ပေါက်လာရန်အတွက် ပြည်ထောင် စုလွှတ်တော်တွင် သမ္မတလောင်းသုံးဦးအား မဲခွဲဆုံး ဖြတ်မည့် နေ့ပင်ဖြစ်တော့သည်။

နံနက် ၁ဝ နာရီထိုးရန် မိနစ်အနည်းငယ် အလို တွင် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင် စုလွှတ်တော် အစည်းအဝေးခန်းမ၌ ဝင်ရောက်ကာ အသီးသီး နေရာယူလျက်ရှိကြသည်။ လွှတ်တော်ကိုယ် စားလှယ်များ အစည်းအဝေးခန်းမအတွင်း၌ နေရာ ယူသကဲ့သို့ ပြည်တွင်းပြည်ပ မီဒီယာသမားများက လည်း သတင်းယူရန် သတ်မှတ်ပေးထားသည့် အစည်း အဝေးခန်းမ၏ အပြင်ဘက်နေရာတွင် အသီသီး နေရာ ယူလျက် ရှိကြသည်။

မကြာခင်အချိန်တွင် သက်ဆိုင်ရာ လူပုဂ္ဂိုလ် အသီးသီး နေရာယူပြီးချိန်၌ အစည်းအဝေးခန်းမအ တွင်း တိတ်ဆိတ်ငြိမ်သက်စွာ တစ်စုံတစ်ဦးကို စောင့် မျှော်လျက် ရှိကြသည်။ အစည်းအဝေး ခန်းမအတွင်း တိတ်ဆိတ်နေပုံက အပ်ကျသံကိုပင် မကြားရတော့ သလောက်ပင်။

ထိုတိတ်ဆိတ်နေမှုကို အသံသြဇာပြည့်စုံသည့် လူတစ်ဦးက ဖြိုခွင်းလိုက်သည်။ ထိုသူသည် ယနေ့ ကျင်းပမည့် အစီအစဉ်တွင် အခမ်းအနားမှူးအဖြစ် တာဝန်ယူမည့်သူ ဖြစ်သည်။ ထိုသူက ကြည်လင် ပြတ်သားသည့် အသံဖြင့် ''ပြည်ထောင်စုလွှတ်တော် နာယကြ<ွကရောက်လာပါပြီခင်ဗျား''ဟု ပြောဆိုလိုက် သည်နှင့် အစည်းအဝေးခန်းမအတွင်း ငြိမ်သက်စွာ ထိုင်နေကြသည့် လွှတ်တော်ကိုယ်စားလှယ်များက တစ်ပြိုင်နက် မတ်တတ်ရပ်ကြသည်။

ထို့နောက် တံခါးကြီးတစ်ချပ် ပွင့်လာပြီး တောင့် တင်းကာ ကြံ့ခိုင်သည့် ခန္ဓာကိုယ်ရှိသော လူရွယ်တစ် ဦးက အစည်းအဝေးခန်းမအတွင်းသို့ တဖြည်းဖြည်း လှမ်းဝင်လာသည်။ ထိုလူရွယ်၏ ညာဘက်ပုခုံးပေါ် တွင် လွှတ်တော်၏ လုပ်ပိုင်ခွင့် အသိအမှတ်ပြု ဖြစ် သော ကျိုင်းကို ထမ်းထားသည်။ ထိုလူရွယ်၏နောက် တွင် ဝတ်ရုံနက်ပွပွကြီးကို ဝတ်ဆင်ထားသော လူကြီး တစ်ဦးက တဖြည်းဖြည်း လျှောက်လှမ်း၍ အစည်းအ ဝေးခန်းမထဲသို့ ဝင်လာလျက် ရှိသည်။

ထိုဝတ်စုံနက်ပွပွကြီးကြီး ဝတ်ဆင်ထားသူသည် အခြားသူမဟုတ်၊ ပြည်ထောင်စုလွှတ်တော်နာယက ကရင်တိုင်းရင်းသားကြီး မန်းဝင်းခိုင်သန်းပင် ဖြစ်ပေ တော့သည်။ ထိုသူက အစည်းအဝေးခန်းမ၏ ရှေ့ဆုံး တည့်တည့်တွင် တည်ရှိနေသော စင်မြင့်၏ ညာဘက် လှေကားမှ တစ်လှမ်းခြင်း ဣနြေ္ဒရစွာ တက်လှမ်းလာ ပြီးနောက် စင်မြင့်ပေါ်ရှိ ထိုင်ခုံကြီးပေါ်တွင် ထိုင်လိုက် ကာ ကြည်လင်ပြတ်သားသောအသံဖြင့် ''အားလုံး မင်္ဂလာပါ''ဟု မတ်တတ်ရပ်နေသော လွှတ်တော်ကိုယ် စား လှယ်များအား နှုတ်ဆက်လိုက်လေသည်။

လွှတ်တော် ကိုယ်စားလှယ်များကလည်း ''မင်္ဂ လာပါ''ဟု ပြန်လည်နှုတ်ဆက်သည့် မညီမညာအသံ များ ထွက်ပေါ်လာလေသည်။ ထို့နောက် ကြည်လင် ပြတ်သားသော အခမ်းအနားမှူး၏ အသံ ထွက်ပေါ် လာပြန်သည်။ ''အားလုံး ထိုင်နိုင်ပါပြီခင်ဗျား''ဟု ပြော ဆိုလိုက်သည်နှင့် လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့ထိုင်ခုံများတွင် ထိုင်လိုက်ကြလေသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ယနေ့ပြုလုပ်ရသည့် ပြည်ထောင် စုလွှတ်တော် အခမ်းအနားအစီအစဉ်နှင့် အစည်းအ ဝေးသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စား လှယ်များစာရင်းအား ဖတ်ကြားတင်ပြသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်တက် ရောက်ခွင့်ရှိသူ လူဦးရေ ၆၅၃ ဦးရှိပြီး ခွင့်တိုင်ကြား သူ တစ်ဦးရှိသည်ဟု ခွင့်ပန်ကြားသည်။ ထို့နောက် နာယကကြီးက ခွင့်တိုင်ကြားသူအား လွှတ်တော်၏ သဘောထားကို ခံယူပြီး အခမ်းအနားအား ဆက်လက် ကျင်းပခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ ရင်ခုန်သံ မြန်နေ ခြင်းနှင့်ထပ်တူ မြန်မာပြည်သူများကလည်း တိုက်ရိုက် ထုတ်လွှင့်ပြသသှောု့ နြွှ ရုပ်သံလိုင်းကို ကြည့် ရှု၍သော် လည်းကောင်း၊ အင်တာနက်စာမျက်နှာကို ကြည့်ရှု၍သော်လည်းကောင်း ရင်ခုန် စိတ်လှုပ်ရှား နေကြသည်။ အဘယ်ကြောင့် လူများစိတ်လှုပ်ရှား နေကြသနည်း။ ယနေ့ကျင်းပနေသည့် ပြည်ထောင် စုလွှတ်တော်သည် မကြာခင်အချိန်တွင် အရပ်သား စစ်စစ် ခေါင်းဆောင်များကို တင်မြှောက်ပေးတော့ မည် ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။

မြန်မာပြည်သူများသည် ၁၉၆၂ ခုနှစ် နောက် ပိုင်းကတည်းက အရပ်သားစစ်စစ် အုပ်ချုပ်ရေးကို ရရှိခြင်း မရှိတော့ဘဲ လက်နက်ဖြင့် အုပ်ချုပ်သည့် အာဏာရှင်တို့၏ အုပ်ချုပ်ရေးကိုသာ ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်။ အာဏာရှင်အုပ်ချုပ်ရေး လူတန်းစားတို့ က မိမိတို့အာဏာ မြဲရေးအတွက် ပြည်သူများကို လက် နက်ဖြင့် ဖိနှိပ်ချုပ်ချယ်မှု များစွာ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဖိနှိပ်မှုများကို မခံရပ်နိုင်သည့် ပြည်သူ များ၊ ကျောင်းသားများ၊ ရဟန်းသံဃာတော်များက လှုံ့ဆော် ဆန္ဒပြခဲ့သောကြောင့် ရှစ်လေးလုံး အရေး တော်ပုံကြီးပင် ဖြစ်လာခဲ့ရသည်။ ထို့အပြင် ၂ဝဝ၇ ခုနှစ်တွင် ရွှေဝါရောင် သံဃာလှုပ်ရှားမှုကြီး တစ်ရပ် ပေါ်ပေါက်ကာ ရဟန်းရှင်လူ အသက်ပေါင်းများစွာ အသက်ပေးခဲ့ရပြန်သည်။ ထိုအာဏာရှင်တို့ လက် ထက်တွင် မြန်မာပြည်သူများစွာ စိတ်ဆင်းရဲကြရပြီး တိုင်းပြည်၏ သဘာဝ သယံဇာတပစ္စည်းများကိုလည်း အာဏာရှင် လူတစ်စုက ချုပ်ကိုင်ခဲ့သောကြောင့် မြန် မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံအဖြစ် သို့ပင် ရောက်ရှိသွားခဲ့ရသည်။

ထိုသို့ မြန်မာပြည်သူများ၊ စိတ်ဆင်းရဲ၊ ကိုယ် ဆင်းရဲ ဒုက္ခပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး ၂ဝ၁ဝ ပြည့် နှစ်တွင် အာဏာရှင်ကြီးက မြန်မာနိုင်ငံရေး လော ကမှ အောင်မြင်စွာ ထွက်ခွာသွားခဲ့သည်။ ယင်းထွက် ခွာသွားပြီးနောက် စစ်ဗိုလ်ချုပ်အချို့အား အရပ်သား ယူနီဖောင်း ပြောင်းလဲဝတ်စေပြီး မြန်မာနိုင်ငံအား ဆက်လက် အုပ်ချုပ်စေသည်။

အဆိုပါ စစ်ဗိုလ်ချုပ်အချို့က အရပ်သား ယူနီ ဖောင်းအား ပြောင်းလဲဝတ်ဆင်ပြီးနောက် 'ကောင်း မွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ'ဆိုသည့်ြေ<ွကးကြော်သံဖြင့် တိုင်းပြည်ပြောင်းလဲရေးကို စတင် အကောင်အထည် ဖော်ခဲ့ကြသည်။ ယင်းတို့၏ပြုပြင် ပြောင်းလဲရေးကို နိုင်ငံတကာက မြင်သာစေရန် အ ကျဉ်းသားများ လွှတ်ပေးခြင်းတို့ ပြုလုပ်ခဲ့သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲ့ကိုင်ရှင် ဒေါ်အောင် ဆန်းစုကြည်လည်း လွတ်မြောက်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် လွှတ်တော်နိုင်ငံရေးကို လုပ်ဆောင်ရန် ပြည်သူများ ၏ တောင်းဆိုမှုနှင့် လွတ်တော်နိုင်ငံရေးလုပ်ရန် လို အပ်သောကြောင့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီချုပ်မှ ကိုယ်စား လှယ်အချို့ လွှတ်တော်ထဲသို့ ရောက်ရှိခဲ့ကြသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ရှိပြီး နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ပိတ်ဆို့ အရေးယူခြင်း ပြုလုပ်ထားမှုကို ဖြေလျှော့ခြင်းတချို့ ပြုလုပ်ပေးခဲ့သည်။ ထို့အပြင်နိုင်ငံတကာမှ မြန်မာ့ပြု ပြင်ပြောင်းလဲရေးခေါင်းဆောင် သမ္မတနှင့် အပေါင်း အပါတို့အား မကြာခဏဆိုသလို လာရောက်တွေ့ဆုံ ခဲ့ကြပြီး ကြွေးမြီတချို့ကိုလည်း ပြန်လည်တောင်းခံ ခြင်း မပြုလုပ်ကြတော့ပေ။

၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင် ဆင်လာပြန်သည်။ သို့နှင့် တဖြည်းဖြည်း ရွေးကောက် ပွဲ မဲဆွယ်ကာလသို့ ရောက်ရှိပြီး ပါတီပေါင်းစုံမဲဆွယ် မှု အပြိုင် ပြုလုပ်ခဲ့ကြသည်။ အထူးသဖြင့် အပြိုင်အ ဆိုင် မဲဆွယ်ကြရာတွင် အင်အားကြီးပါတီနှစ်ခု ဖြစ် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့၏ မဲဆွယ်ခြင်းကို ပြည်သူများ ပို၍ စိတ်ဝင်စားခဲ့ကြသည်။ ထိုနောက် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးအား ကျင်းပခဲ့ရာ ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို စုပြုံ၍ မဲပေး ခဲ့ကြသည်။

အနိုင်ရပါတီအား ပထမဦးဆုံး အာဏာလွဲပြောင်း ရေး ခြေလှမ်းအဖြစ် လွှတ်တော်အရပ်ရပ်ကို လွှဲပြောင်း ရာတွင် အစစအရာရာ အဆင်ပြေစေရန် အဟောင်း တို့က အသစ်တို့အား ကူညီပေးခဲ့လေသည်။ ယင်းတို့ ၏ကူညီမှုကြောင့် လွှတ်တော်လွဲပြောင်းရေး ချောမွေ့ ခဲ့ပြီး နိုင်ငံတကာကပင် မြန်မာနိုင်ငံအား သွေးထွက် သံယို မဖြစ်စေဘဲ အသွင်ကူးပြောင်းရေး ချောမွေ့ခဲ့ သည်ဟု ချီးမွမ်းခဲ့ကြသည်။ သို့သော်လွှတ်တော် လွှဲ ပြောင်းရေး ချောမွေ့ခဲ့သော်လည်း အာဏာလွှဲပြောင်း ရေးတွင်မူ လက်ရှိအာဏာပိုင်နှင့် အင်န်အယ်လ်ဒီပါတီ တို့ အဖုအထစ်လေးများ ဖြစ်လာခဲ့ကြသည်။

အထူးသဖြင့် နိုင်ငံတော်အာဏာအား အနိုင် ရပါတီသို့ လွှဲပြောင်းလိုစိတ်ရှိသော်လည်း ဒေါ်အောင် ဆန်းစုကြည် သမ္မတရာထူးယူပြီး အုပ်ချုပ်မည်ကို လို လားသည့် အခြေအနေ မတွေ့ရသေး။ ထို့ကြောင့် ပုဒ်မ ၅၉(စ)ပြင်ဆင်ရန် (သို့) ဆိုင်းငံ့ရန်ဆိုသည့် အင်န် အယ်လ်ဒီ၏ သဘောထားကို ခါးခါးသီးသီး ငြင်းဆန် သည့် အရိပ်အယောင်များ ပြသခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အင်န်အယ်လ်ဒီပါတီသည် သမ္မတ တင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည် ရသူတစ်ဦးဖြစ်ပြီး နိုင်ငံတကာနှင့် ဆက်ဆံနိုင်သူအ ဖြစ် စာရေးဆရာကြီးမင်းသုဝဏ်၏သားဖြစ်သူ ဦးထင် ကျော်ကို သမ္မတအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။ သို့သော် သမ္မတနောက်တစ်ဦးသည် မည်သူဖြစ်လာ မည်ကိုလည်း မည်သူမျှ မခန့်မှန်းနိုင်ခဲ့ပေ။

ယခုအချိန်တွင် ပြည်သူများ မျှော်လင့်ခဲ့သည့် အရပ်သားစစ်စစ် အစိုးရတစ်ရပ် ပေါ်ထွန်းလာပြီဟု ပြောဆိုနိုင်သော်လည်း လက်တွေ့တွင်မူ နိုင်ငံတော် ဒုတိယသမ္မတလောင်း အမည်စာရင်းတွင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဦးမြင့်ဆွေ၏ အမည်စာရင်း ပါဝင် လာသည်။ ထိုကဲ့သို့ အစိုးရအဖွဲ့တွင် တပ်မတော်မှ ခေါင်းဆောင်ဟောင်းတစ်ဦး ပါဝင်ခွင့်ရရှိခြင်းမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ က ဒုတိယသမ္မတလောင်းအဖြစ် တင်သွင်းလာသူ ဦးမြင့်ဆွေသည် မွန်ပြည်နယ် သထုံဇာတိဖြစ်ပြီး ၁၉၅၁ ခုနှစ် မေ ၂၄ ရက်တွင် မွေးဖွားသူဖြစ်သည်။ စစ် တက္ကသိုလ် အပတ်စဉ်(၁၅) ကျောင်းဆင်းဖြစ်ကာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တပ်မတော်တွင် တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အငြိမ်းစားဗိုလ်ချုပ်မှူး ကြီးဦးသန်းရွှေ၏ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)အစိုးရလက်ထက်တွင် ရန် ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့တွင် ရန်ကုန်တိုင်းဒေ သကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးမြင့်ဆွေသည် ထိုကဲ့သို့ တာဝန်များထမ်း ဆောင်ခဲ့မှုကြောင့် အုပ်ချုပ်ရေးအတွေ့အကြုံရှိသူ ဟု ပြောဆိုနိုင်သော်လည်း ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းအား အကြမ်းဖက်ဖြိုခွဲမှု၊ ရန်ကုန်မြို့သစ် စီမံကိန်းများ ဖော်ဆောင်ရာတွင် ပွင့်လင်းမြင်သာ မရှိမှု၊ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒ ပြနေသည့် လက်ပံတန်းတွင်ရှိသော ကျောင်းသားများ အား အကြမ်းဖက်ဖြိုခွဲခြင်း မပြုရန်၊ ရန်ကုန်မြို့ရှိ ကျောင်းသားများက မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ် ဖော်စဉ် လက်ပတ်နီဝတ်အရပ်သားများဖြင့် အကြမ်း ဖက်ရိုက်နှက်မှုတို့ကြောင့် ဝေဖန်မှုများ ခံခဲ့ရသူဖြစ် သည်။

ထိုနေ့တွင် အဆိုပါဒုတိယသမ္မတလောင်း သုံး ဦးအား ပြည်ထောင်စု လွှတ်တော်တွင် လျို့ဝှက် မဲခွဲ ဆုံးဖြတ်ခဲ့ရာ ဦးထင်ကျော်သည် စုစုပေါင်း ရရှိမဲ ၃၆ဝ၊ ဦးမြင့်ဆွေက ၂၁၃မဲ၊ ဦးဟင်နရီ ဗန်ထီးယူက ၇၉ မဲ အသီးသီး ရရှိခဲ့ကြသည်။

ထို့ကြောင့် မဲအများဆုံး ရရှိခဲ့သည့် ဦးထင်ကျော်က နိုင်ငံတော်သမ္မတတာဝန် ကို ထမ်းဆေင်ရမည်ဖြစ်သည်။ ဒုတိယမဲအများဆုံး ရရှိသည့် ဦးမြင့်ဆွေ သည် ဒုတိယသမ္မတ(၁)အဖြစ် တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး မဲအနည်း ဆုံး ရရှိသည့် ဦးဟင်နရီဗန်ထီးယူသည်ဒုတိယသမ္မတ (၂)အဖြစ် တာဝန် ထမ်းဆောင်ခွင့် ရရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၃၉ဝ ရှိသည်။ ဦးထင် ကျော်ရရှိသောမဲနှင့် ဦးဟင်နရီရရှိသော မဲအရေအ တွက် နှစ်ခုပေါင်းလျှင် ၄၃၉ မဲဖြစ်နေသောကြောင့် အင်န်အယ်လ်ဒီကိုယ်စားလှယ်ရှိသည့် အရေအတွက် ထက် ၄၉ မဲ ပိုမိုများပြားနေသည်။ ထိုပိုမဲ ၄၉ မဲသည် တိုင်းရင်းသားတို့က ထောက်ခံသည်ဟု ယူဆရပေမည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အဆိုပြုခဲ့သည့် ဦးမြင့်ဆွေ၏ရမဲသည် ၂၁၃ မဲဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား ကိုယ် စားလှယ် ၁၆၆ဦးရှိပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၁ ဦးရှိသောကြောင့် တပ်မတော် ကိုယ်စားလှယ်နှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် နှစ်ဖွဲ့ပေါင်း မဲအရေအတွက် ၂ဝ၇ မဲ ရှိရမည်ဖြစ်သော် လည်း ၂၁၃ မဲ ရရှိသောကြောင့် ဦးမြင့်ဆွေကို အခြား ပါတီများက ခြောက်မဲ ထောက်ခံသည်ဟု တွက်ဆနိုင် သည်။

ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ၃၉ဝ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၄၁ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၂၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၅ ဦး၊ ကျန်ပါတီအမတ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ် ၂၃ ဦးတို့က ဒုသမ္မတလောင်းသုံးဦးထဲမှ သမ္မတ ကို လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

''အဓိက,ကတော့ တပ်မတော်နဲ့ နိုင်ငံ့ခေါင်း ဆောင်တွေကြားထဲမှာတော့ မကျေလည်မှုလေးတွေ ရှိမယ့်သဘော ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ဆို လိုတာကတော့ အခု သမ္မတရွေးချယ်တဲ့အခါမှာ အင်န် အယ်လ်ဒီပါတီနဲ့ တပ်မတော်ရဲ့ ပူးပေါင်းညှိနှိုင်းမှု ရှိပုံ မရဘူး။ အစိုးရသစ်အနေနဲ့ ကြားထဲမှာ ကျွန်တော် ထင်တာကတော့ အရပ်သားအစိုးရ(ဝန်ကြီး)တွေနဲ့ တပ်မတော်က ဝန်ကြီးအစိုးရတွေကြားထဲမှာ မူဝါဒ ရေးရာပိုင်း ပဋိပက္ခတွေများ ရှိလာနိုင်သလားဆိုတာ မျိုးတော့ ခန့်မှန်းလို့ရနိုင်ပါတယ်''ဟု နိုင်ငံရေးလေ့ လာသုံးသပ်သူ ဦးကျော်လင်းဦးက သုံးသပ်သည်။

ဦးထင်ကျော်၏ ပညာအရည်အချင်းနှင့် မျိုးရိုး ဂုဏ်သိက္ခာ ကြီးမားမှုအရ နိုင်ငံတော်သမ္မတ တာ ဝန် ထမ်းဆောင်ရန် သင့်တော်သည်ဟု သုံးသပ်နေ ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား ချက်အရသာ လုပ်ဆောင်ရမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နှေးကွေးမည်ကို ပြည် သူများက စိုးရိမ်စိတ်ရှိနေကြသည်။

''တိုင်းပြည်အတွက် ကြိုးကြိုးစားစားနဲ့ လုပ်နိုင် မယ့်သူတွေ ဖြစ်ရင်တော့ ကောင်းတာပေါ့နော်။ ဒါပေ မဲ့ အခုဟာက ကြည့်ရတဲ့အစီအစဉ်က သူတို့ရဲ့အစွမ်း အစကို အပြည့်အဝ ထုတ်နိုင်တာမရှိဘဲနဲ့ သူများလမ်း ညွှန်တာကို လိုက်လုပ်ရမယ့် အနေအထားရှိနေတဲ့ အခါကျတော့ ဒါဟာ တကယ်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် လူထု အားကိုးလောက်စရာတော့ ဖြစ်မလာနိုင်သေးဘူးပေါ့''ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဝါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ရမည့် ဦးထင် ကျော်ဆောင်ရွက်ရမည့် အနေအထားအား ဝေဖန် ထောက်ပြသည်။

ဦးမြင့်ဆွေအနေဖြင့် သမ္မတဦးထင်ကျော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိကို နိုင်ငံရေးအ ကဲခတ်များနှင့် ပြည်သူများက စိုးရိမ်ပူပန်နေသည်။ အနိုင်ရပါတီအနေဖြင့်လည်း အစိုးရသစ်ကို မည်သည့် မူဝါဒများဖြင့် ပုံဖော်ဆောင်ရွက်သွားမည်ကို စိတ် ဝင်တစား စောင့်ကြည့်နေကြသည်။ အစိုးရအဖွဲ့တွင် အင်န်အယ်လ်ဒီပါတီမှ သမ္မတတစ်ဦး၊ ဒုသမ္မတတစ် ဦး၊ တပ်မတော်မှ တင်မြှောက်ထားသည့် ဒုသမ္မတ တစ်ဦးတို့သည် မည်မျှအထိ ပူးပေါင်းဆောင်နိုင်မည် ကို စိုးရိမ်စိတ်များဖြင့် စောင့်ကြည့်နေကြသည်။

''ခုက ဒုသမ္မတထဲမှာ ဦးမြင့်ဆွေ ပါနေတယ်။ သူက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဘဝမှာကတည်းက ဝေ ဖန် ပြောဆိုခံရမှုတွေ များနေတယ်။ ဒီတော့ ဦးထင် ကျော်အနေနဲ့ သူ့ကို ထိန်းချုပ်ပြီးတော့ အလုပ် လုပ် သွားနိုင်မလားဆိုတာ စဉ်းစားရမှာပေါ့။ တပ်မတော် ကလာတဲ့ ခေါင်းဆောင်တွေနဲ့ အရပ်သားခေါင်းဆောင် တွေကြားထဲမှာ အမှန်တကယ် နားလည်မှုယူနိုင်မလား ဆိုတာလဲ စဉ်းစားစရာပဲ''ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီ ပါတီသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးမူကို ဖော်ဆောင်နေကြောင်း ပြသသည့်အနေဖြင့် လွှတ်တော်များတွင် တိုင်းရင်း သားများကို နေရာပေးခြင်းဖြင့် သက်သေပြခဲ့သည်။ ထို့အပြင် လွှတ်တော်ကော်မတီများတွင်လည်း တိုင်း ရင်းသားများနှင့် တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်များကို ကော်မတီတိုင်းတွင် ထည့်သွင်းဖွဲ့ စည်းခြင်းများ ပြုလုပ်လာသည်။ အရေးကြီးသည့် နိုင်ငံ တော် ဒုတိယသမ္မတတာဝန်အား မည်သူမျှ ထင်မှတ် မထားခဲ့သော ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီး ယူအား အဆိုပြု၍ သက်သေပြနိုင်ခဲ့သည်။

''ဒုတိယသမ္မတလောင်းအဖြစ် ချင်းတိုင်းရင်း သားတစ်ယောက်ကို ရွေးချယ်ခဲ့တဲ့အတွက် ဝမ်းသာ ပါတယ်။ ကျွန်တော်လဲ ရခိုင်တိုင်းရင်းသားတစ်ယောက် ဖြစ်ပါတယ်။ တိုင်းရင်းသားတွေကို နေရာပေးတဲ့အ တွက် အရမ်းဝမ်းသာပါတယ်။ အထူးသဖြင့် ပြည် တွင်းစစ်ရပ်ဖို့၊ ငြိမ်းချမ်းရေးရဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် တိုင်းရင်းသားတွေကို ရွေးချယ်ထားတာ ကလဲ ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်ရာမှာ အ ထောက်အကူပြုပါတယ်''ဟု ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင်က တိုင်းရင်းသား များအား အနိုင်ရပါတီမှ တာဝန်ပေးအပ်ခြင်းကို ထောက် ခံပြောဆိုသည်။

တပ်မတော်သည် ပြည်သူများကြားတွင် အမည် ဆိုး ထွက်ပေါ်နေပြီး အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်း ရွှေ၏ နီးစပ်သူဟု ဝေဖန်ခြင်းခံနေရသူ ဦးမြင့်ဆွေ အား နိုင်ငံတော်ဒုတိယသမ္မတ တာဝန်အထိ ပေးအပ် ရန် ပြင်ဆင်လာခြင်းသည် မြန်မာ့နိုင်ငံရေးတွင် စစ် အာဏာရှင်၏ အရိပ်အောက်၌ ရှင်သန်နေရဆဲ ဖြစ် သည်ဟု ထောက်ပြလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် နိုင်ငံရေး အကဲခတ်များကမူ တပ်မတော်သည် သီးခြား ရပ်တည်မှု အစီအစဉ်တစ်ခု ရှိနိုင်ပြီး တခြားစဉ်းစား ထားသည့်အကြောင်းအရာများလည်း ရှိနိုင်သည်ဟု ခန့်မှန်း သုံးသပ်နေကြသည်။

တပ်မတော်ဗိုလ်မှူးဟောင်း ဦးဟင်နရီဗန်ထီး ယူသည်လည်း တိုင်းရင်းသား များအတွက် ကိုယ်စား ပြုသူအဖြစ် ရှုမြင်နေကြပြီး အစိုးရအုပ်ချုပ်ရေးပိုင်း တွင် အတွေ့အကြုံ အနည်းငယ်ရှိသောကြောင့် တိုင်း ရင်းသားဆိုသော် လည်း အုပ်ချုပ်ရေးအတွက် စိုးရိမ် စရာမလိုသည့်အပြင် အင်န်အယ်လ်ဒီတွင် ဦးဟင်နရီဗန် ထီးယူသည် တက်ြ<ွကစွာ ပါဝင်ခဲ့သူဖြစ်သောကြောင့် အသိအမှတ်ပြုရမည့် ပုဂ္ဂိုလ်စာရင်းတွင် ထည့်သွင်း ရမည်ဟု လေ့လာစောင့် ကြည့်သူများက ပြောသည်။

''ဦးမြင့်ဆွေကတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ်နဲ့တုန်းက တည်းက ဝေဖန်စရာတွေ၊ ထောက်ပြစရာတွေ အများကြီးဖြစ်နေတာပေါ့။ အဲဒီ လိုပုဂ္ဂိုလ်မျိုး အစိုးရအဖွဲ့ထဲမှာ ပါဝင်လာတဲ့ အခါ ကျတော့ အစိုးရအဖွဲ့ထဲမှာ ပိုမိုကောင်းမွန်လာတာ ထက် ပိုမိုရှုပ်ထွေးလာတဲ့ ဆက်ဆံရေးတွေ ဖြစ်လာမ လားလို့ စဉ်းစားမိတယ်။ ဦးဟင်နရီ ပါဝင်လာပေမယ့် အကျိုးမဲ့စရာ အကြောင်းမရှိပါဘူး။ တပ်မတော်နဲ့ ကြားထဲမှာ ပိုပြီးတော့ နားလည်မှုတစ်ရပ် ဖြစ်လာ လိမ့်မယ်။ သူက တိုင်းရင်းသားတစ်ယောက်လဲ ဖြစ် တဲ့အခါကျတော့ NLD ရဲ့မူဝါဒနဲ့လဲ ကိုက်ညီမှုရှိ တယ်။ သမ္မတဖွဲ့စည်းပုံဟာ အကျိုးပြုမယ့် သဘော လို့ ယူဆပါတယ်''ဟု ဦးသန်းစိုးနိုင်က ယုံကြည်နေ သည်။

နိဂုံးချုပ်အားဖြင့် ဆိုရပါမူ တပ်မတော်မှ တင် မြှောက်ခဲ့သည့် ဦးမြင့်ဆွေ သည် မည်သည့်ပုံသဏ္ဌာန် ဖြင့် အစိုးရအဖွဲ့တွင် ပူးပေါင်းဆောင်ရွက်မည်ဆိုသည်က စိတ်ဝင်စားစရာ ကောင်းနေသည်။ သို့သော် လည်း ပြည်သူများက အရပ်သား အစိုးရတစ်ရပ် ပေါ် ပေါက်လာခြင်းကို ဝမ်းသာနေကြသော်လည်း အစိုးရ အဖွဲ့၏ အကြီးဆုံးတာဝန်များတွင် အရပ်သား၊ စစ် သား၊ တိုင်းရင်းသားများ ပါဝင်နေသည့် နိုင်ငံရေးဂိမ်း ကစားပွဲကို စိတ်ဝင်စားစွာ စောင့်ကြည့်နေရပေတော့ မည် ဖြစ်ပေသည်။ ။

Yangon Times Journal

No comments:

Post a Comment

My Blog List