Monday, March 14, 2016

ထိုင်းငါးသေတ္တာစက်ရုံမှ မြန်မာလုပ်သားများကို ပိုင်ရှင်က နစ်နာကြေး ဘတ်သန်း ၅၀ ကျော်ပေး


ထိုင်းနိုင်ငံ မဟာချိုင်မြို့ ရှိ ဂိုးလ်ဒင်းဖရိုက်ငါးသေတ္တာစက်ရုံတွင် လုပ်ကိုင် နေသော မြန်မာ လုပ်သားများက ၎င်းတို့ကို ဖိနှိပ် ခိုင်းစေခြင်းများကြောင့် နစ်နာ ကြေးတောင်းရာ စက်ရုံပိုင်ရှင်က ဘတ်ငွေသန်း ၅၀ ကျော် (ကျပ် သန်း ၁,၇၀၀ ကျော်) ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
မြန်မာများအပါအ၀င် ရွှေ့ ပြောင်းလုပ်သားများကို ရက်စက် ကြမ်းတမ်းစွာ ခိုင်းစေမှုများ ကြောင့် နာမည်ဆိုးထွက်နေသည့် ထိုင်းပင်လယ်စာလုပ်ငန်း များအနက် ယခုကဲ့သို့ နစ်နာကြေးများ ပေးချေမှုသည် ရှားရှားပါးပါးအ ခြေအနေတစ်ရပ်ဖြစ်ပြီး ရွှေ့ ပြောင်းမြန်မာလုပ်သားများ၏ သမိုင်းတွင် လည်း စံချိန်တင်နစ်နာ ကြေးရရှိခြင်းဖြစ်ကြောင်း ဂိုးလ်ဒင်း ဖရိုက်ငါး သေတ္တာစက်ရုံအလုပ် သမားများ တောင်းဆိုမှုကို သွားရောက်ဖြေရှင်းပေး ခဲ့သည့် ရွှေ့ ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန် ဌေးက ပြောသည်။

တူနာငါးများ ဖမ်းယူပြီး ငါးသေတ္တာဘူးများ ထုတ်လုပ်သည့် အဆိုပါ ဂိုးလ်ဒင်း ဖရိုက်စက်ရုံတွင် ရွှေ့ပြောင်း မြန်မာလုပ်သား၁,၅၀၀ခန့်လုပ်ကိုင်လျက်ရှိရာ ၎င်းတို့သည် လွန်ခဲ့သော နှစ် ၂၀ ခန့်ကတည်းက အလုပ်သမားအခွင့်အရေး များ ချိုးဖောက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သားများသည် ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ အ လုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆို ရာမှ စက်ရုံကနစ်နာကြေးများပေး၍ သဘောတူခဲ့ခြင်း ဖြစ်သည်။

စက်ရုံတွင် နေ့စားအဖြစ် လုပ်ကိုင်နေသော မြန်မာလုပ် သား ၁,၁၀၀ ခန့်အား ဖေဖော်ဝါ ရီ ၂၉ ရက်တွင် နစ်နာကြေးအဖြစ် ကန်ဒေါ်လာ ၁ဒသမ ၃ သန်းပေး ၍ ကနဦးသဘောတူညီမှုရရှိခဲ့ သည်။

ကော်မရှင်စား (ပုတ်ပြတ်) အဖြစ် လုပ်ကိုင်သော မြန်မာလုပ် သား ၂၀၀ အား နစ်နာကြေးအ ဖြစ်တစ်ဦးလျှင် ဘတ်ငွေတစ် သောင်းခန့်ပေးသော ကြောင့် ပြေ လည်မှုမရှိဘဲ ၎င်းတို့က ဆက် လက်ဆန္ဒပြတောင်းဆိုရာ အလုပ် ရှင်က မြန်မာလုပ်သား ၁,၅၀၀ ခန့်အား ဘတ်ငွေသန်း ၅၀ ကျော် ပေး၍ သဘောတူညီခဲ့ခြင်းဖြစ် သည်။

‘‘အလုပ်သမားတွေဟာ စည်းလုံးမှု၊ ကြံ့ကြံ့ခံပြီးရင်ဆိုင်ရဲ မှု၊ နားလည် တတ်ကျွမ်းသူတွေရဲ့ အကြံဉာဏ်ကို အလေးထားလိုက် နာမှု စတဲ့စုပေါင်း စွမ်းအားတွေ ကြောင့် ဒီလိုနစ်နာကြေးရပြီး အောင်ပွဲခံနိုင်တယ်လို့ ပြောနိုင် ပါတယ်။ ထိုင်းမှာ ဒီလိုစက်ရုံတွေ အများကြီးရှိပါတယ်။ရာနဲ့ထောင် နဲ့ချီရှိတယ်’’ဟု ဦးစိန်ဌေးက ပြော သည်။

ယခုကဲ့သို့ စက်ရုံဘက်မှ နစ် နာကြေးပေးချေမှုအရ မြန်မာလုပ် သားတစ်ဦးလျှင် ဘတ်ငွေနှစ် သောင်းမှ ရှစ်သောင်းအထိ အ ဆင့်ဆင့် နစ်နာကြေးများရရှိခဲ့ ကြောင်း ဦးစိန်ဌေးက ဆက်ပြော သည်။ ထို့အပြင် ယင်းစက်ရုံတွင် လုပ်ကိုင်နေသော ထိုင်းလုပ်သား ၂၀၀ ခန့်အားလည်း တစ်ဦးလျှင် နစ်နာကြေးဘတ်ငွေ သုံးသောင်း ကျော်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

‘‘နစ်နာကြေးရပြီးတဲ့နောက် အလုပ်သမားတွေ အလုပ်ဆက် လုပ်နေသူတွေ ရှိသလို ပြောင်း ရွှေ့သွားတာတို့၊ မြန်မာပြည်ပြန် သွားတာမျိုးလည်းရှိပါ တယ်’’ဟု ဦးစိန်ဌေးက ပြောသည်။

ထိုင်းသည် ကမ္ဘာပေါ်တွင် ပင်လယ်ထွက်အစားအသောက် များတင်ပို့မှု တတိယအများဆုံး နိုင်ငံဖြစ်ပြီး ထိုင်းပင်လယ်စာလုပ်ငန်းသည် လုပ်သားများ အပေါ် ခေါင်းပုံဖြတ်ခြင်းနှင့် မှောင်ခိုလုပ် သားများ အသုံးပြုခြင်းများကြောင့် ကမ္ဘာတွင်အကြီးအကျယ် ဝေဖန်မှုများရှိနေသည်။

အထူးသဖြင့် အိမ်နီးချင်း မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ ရွှေ့ပြောင်းလုပ်သား များကို ကျေး ကျွန်သဖွယ်ခိုင်းစေနေမှုများ ပေါ် ပေါက်လာသည့်နောက် ထိုင်းအ စိုးရအတွက်ပါ ဖိအားများစွာကြုံ တွေ့ခဲ့ရသည်။

ယခုအခါ နိုင်ငံတကာက အ လေးပေးစောင့်ကြည့်မှုများမြင့် တက်လာပြီး နောက် ထိုင်းအစိုးရ က ပင်လယ်စာလုပ်ငန်းများ၏ အ နေအထားကို စစ်ဆေးအရေးယူ မှုများဆောင်ရွက်လာသည်။

ဥရောပသမဂ္ဂက ကျွန်လုပ် သားပြဿနာကို ရှင်းရှင်းလင်း လင်းအဖြေ ပေါ်အောင် မဆောင် ရွက်နိုင်လျှင် ထိုင်းမှပင်လယ်စာ များ တင်သွင်းမှုကို ပိတ်ပင်မည် ဟု ခြိမ်းခြောက်ထားသည်။

ဖေဖော်ဝါရီ ၂၇ ရက်က လည်း မဟာချိုင်မြို့ရှိ ကားအပို ပစ္စည်းထုတ်စက်ရုံ ပိုင်ရှင်က လုပ် ငန်းလည်ပတ်မှု အဆင်မပြေ တော့ဟုဆို၍ စက်ရုံ၌ လုပ်ကိုင် နေသည့် မြန်မာလုပ်သား ၂၀၂ ဦးအား အလုပ်မှထုတ်ပယ်ခဲ့ခြင်း ကြောင့် မြန်မာလုပ်သားများက ဆန္ဒပြတောင်းဆိုကြရာ စက်ရုံပိုင် ရှင်က နစ်နာကြေးများပေး၍ သ ဘောတူခဲ့ကြောင်း သတင်းရရှိ သည်။

7Day News Journal

No comments:

Post a Comment

My Blog List