Thursday, March 17, 2016

ကမ္ဘာကြီးအပေါ် ကျရောက်နိုင်သည့် ထိပ်တန်းအန္တရာယ် ၁၀ ခုတွင် ဒေါ်နယ်လ်ထရမ့် အမေရိကန်သမ္မတဖြစ်ခြင်း ပါဝင်








ဘီလျံနာသူဌေး ဒေါ်နယ်လ်ထရမ့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခြင်းမှာလည်း ကမ္ဘာကြီးအပေါ်ကျရောက် နိုင်သည့် ထိပ်တန်း အန္တရာယ် ၁၀ ခုစာရင်းတွင် ပါဝင်လျှက်ရှိကြောင်း စီးပွားရေးသတင်းယူနစ် (EIU) ကထုတ်ပြန်လိုက် သည်။

ဒေါ်နယ်လ်ထရမ့်သာ အမေရိကန်ရွေးကောက်ပွဲတွင် အနိုင်ရပြီး သမ္မတဖြစ်လာပါက ကမ္ဘာ့စီးပွားရေးကို ဖျက်လိုဖျက်ဆီး လုပ်ခြင်း၊ အမေရိကန်ပြည်ထောင်စုအတွင်းတွင် နိုင်ငံရေး နှင့် လုံခြုံရေးဆိုင်ရာများ တင်းကျပ်ခြင်းတို့ကို လုပ်ဆောင်လာ နိုင်သည်ဟု လန်ဒန်အခြေစိုက် သုတေသနလုပ်ငန်း EIU က ထုတ်ပြန်ထားသည်။

သို့ရာတွင် ဒေါ်နယ်လ်ထရမ့်အနေဖြင့် ရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်ကို အနိုင်ရနိုင်ချေရှိသည်ဟုတော့ EIU ကခန့်မှန်းထားခြင်း မရှိချေ။

ဒေါ်နယ်လ်ထရမ့် အမေရိကန်သမ္မတဖြစ်လာခြင်းက ဥရောပမှ ဗြိတိန်ထွက် ခွာခြင်း နှင့် တောင်တရုတ်ပင်လယ်တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ခြင်း တို့ထက်ပင် ကမ္ဘာကြီးအတွက်ပို၍ အန္တရာယ်ရှိနိုင်သည်ဟု EIU က ဖော်ပြ ထားသည်။

EIU ကထုတ်ပြန်သည့် ယနေ့ကမ္ဘာကြီးအပေါ်ကျရောက်နိုင်သည့် ထိပ်တန်းအန္တရာယ်များတွင် တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းခြင်း၊ ယူကရိန်းကို ရုရှားကကျူးကျော်ခြင်း၊ ဥရောပမှ ဗြိတိန်ထွက်ခွာခြင်းတို့လည်း ပါဝင်လျှက်ရှိသည်။

EIU သည် ကမ္ဘာကြီးအပေါ်ကျရောက်လာနိုင်သည့် ထိပ်တန်းအန္တရာယ် ၁၀ ခု၏ အန္တရာယ်အဆင့်များ ကို ၁ မှ ၂၅ အတွင်းကိန်းဂဏန်းများနှင့် ညွှန်းဆိုဖော်ပြခဲ့ရာ ဒေါ်နယ်လ်ထရမ့် အမေရိကန်သမ္မတဖြစ်ခြင်းကို ညွှန်းကိန်း ၁၂ ဖြင့် သတ်မှတ်ဖော်ပြထားသည်။

ထိုညွှန်းကိန်းအဆင့်မှာ ဂျီဟတ်ဝါဒီအကြမ်းဖက်သမားများကြောင့် ကမ္ဘာ့ စီးပွားရေးမတည်မငြိမ်ဖြစ်ပေါ်လာမှု အန္တရာယ်အတွက် သတ်မှတ်ထားသည့် ညွှန်းကိန်းနှင့် တူညီလျှက်ရှိသည်ကို တွေ့ရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List