Friday, March 18, 2016

လွှတ်တော်ကိုယ်စားလှယ်များ သက်ဆိုင်ရာဥပဒေများ လေ့လာထားရန် ပြည်ထောင်စုလွှတ်တော် နာယကမှာကြား


လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် ပါဝင်သည့်သက်ဆိုင်ရာပြဋ္ဌာန်းချက်များ လေ့လာထားရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်အတွင်း မှာကြားလိုက်ကြောင်း သိရှိရသည်။
“ဒီနေ့ကစပြီး လာမယ့်ရက်များမှာ ဆက်လက်လုပ်ဆောင်ကြရမယ့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ အတွက် ဖွဲ့ စည်းပုံ အခြေခံဥပဒေနဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများမှာ ပါဝင်တဲ့ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များ လေ့လာထားဖို့ မှာကြားလိုပါတယ်”ဟု ဦးမန်းဝင်းခိုင်သန်းကပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ယင်းကဲ့သို့ မှာကြားလိုက်ခြင်းဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေကဖွဲ့စည်းပုံကို ကျေကျေညက်ညက်နားလည်ထားဖို့လိုတယ်။ အဲ့လိုပဲ ပြည် ထောင်စုလွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်၊ ပြည်သူ့လွှတ်တော်ရယ် အဲ့သုံးခုမှာလည်း သက်ဆိုင်ရာ လွှတ်တော်ဥပဒေနှစ်ခုစီကို ကျွမ်းကျွမ်းကျင်ကျင်နားလည် ထားဖို့လိုပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကပြောသည်။

သတင်း - MMK
Photo - ကိုပေါက်
The Ladies News

No comments:

Post a Comment

My Blog List