Monday, March 14, 2016

ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ခြောက်ဦးကို ပါတီမှ ထုတ်ပယ်


ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခြောက်ဦးကို ပါတီစည်းကမ်းလိုက်နာမှုမရှိဘဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့မှုနှင့် ကြေညာချက် ထုတ်ပြန်ခဲ့မှုများကို အရေးယူရန်အတွက် မတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်အမျိုးသားပါတီမှ ထုတ်ပြန်ခဲ့သော ကြေညာချက်နှစ်စောင်သည် တရားမ၀င်ကြောင်း ယခုလ ၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းကြောင့် ထုတ်ပယ်ခြင်း ဖြစ်ကြောင်း သိရသည်။
ထုတ်ပယ်ခံရသော် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခြောက်ဦးမှာ ဦးကျော်မြင့်၊ ဦးမျိုးဆွေ၊ ဦးဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးထွန်းရွှေသိန်းနှင့် ဦးသန်းနိုင်မြင့်တို့ ဖြစ်ကြောင်း သိရသည်။

The Ladies News


No comments:

Post a Comment

My Blog List