Friday, March 18, 2016

သမ္မတရွေးချယ်ပွဲပြီးနောက် တစ်ဒေါ်လာလျှင် ၁,၂၀၀ ကျပ်ဖြင့် ဈေးဖွင့်


သမ္မတရွေးချယ်ပွဲပြီး နောက် နိုင်ငံရေး အခြေအနေ တည်ငြိမ်လာသဖြင့် ပြည်တွင်း ဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာကြောင်း ငွေကြေးဈေးကွက်မှ သတင်းရရှိသည်။နေပြည်တော် သမ္မတရွေး ချယ်ပွဲနေ့ (မတ်လ ၁၅ ရက်)က ပြင်ပငွေဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁,၂၁၅ ကျပ်ခန့််ရှိခဲ့ပြီး ညနေ ဈေးပိတ်ချိန်၌ ၁,၂၀၄ ကျပ်သို့ ကျဆင်းလာသည်။ မတ်လ ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၀၀ကျပ်ဖြင့် ဈေးဖွင့်ပြီးညနေတွင် ၁,၂၀၇ ကျပ်သို့ ပြန်တက်လာသည်။
‘‘အတက်အကျက နည်းပါ တယ်။ အရင်ရက်တွေကလိုမများ တော့ သိပ်ပြဿနာမရှိဘူး’’ ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့်လုပ် ငန်းရှင်တစ်ဦး ကပြောသည်။

ပြည်တွင်း ငွေလဲနှုန်းသည် အတက်အကျ အနည်းငယ်ရှိသ ကဲ့သို့ ပြည်တွင်း ရွှေဈေးမှာလည်း အနည်းငယ် ကျဆင်းလာသည်။ မတ်လ ၁၅ ရက်က ပြည်တွင်း ဈေးကွက်တွင် တစ်ကျပ်သားလျှင် ၇၉၈,၀၀၀ ကျပ်ခန့်ရှိသော ရွှေ ဈေးနှုန်းသည် မတ်လ ၁၇ ရက် တွင် ၇၉၅,၀၀၀ ကျပ်သို့ ကျဆင်း လာသည်။

ပြည်တွင်းရွှေဈေး ကျဆင်းသော်လည်း ကမ္ဘာ့ရွှေဈေးသည် မတ်လ ၁၅ ရက်တွင် တစ်အောင်စလျှင် ၁,၂၂၉ ကန်ဒေါ်လာမှ မတ်လ ၁၇ ရက်တွင် ၁,၂၅၆ ဒေါ်လာသို့ မြင့်တက်လာသည်။

7Day News Journal

No comments:

Post a Comment

My Blog List