Monday, March 14, 2016

မြန်မာစတော့အိတ်ချိန်း ပထမဆုံး စာရင်းသွင်းရောင်းဝယ်မှုစတင်တော့မည်


မြန်မာစတော့အိတ်ချိန်းအသစ်သည် မတ်လ ၂၅ ရက်တွင် ပထမအသုတ် စတင်စာရင်းသွင်းရောင်းဝယ်မှုများ လုပ်ဆောင်တော့မည်ဟု ဘဏ္ဍာရေး ဒုဝန်ကြီးက ရိုက်တာသတင်းဌာနအား ပြောကြားလိုက်သည်။ စတော့အိတ် ချိန်းဖွင့်ပြီး သုံးလအကြာ၌ပထမအသုတ်ကို စတင်မည်ဖြစ်သည်။
စစ်အစိုးရလက်ထက်၌ နှစ် ငါးဆယ်နေခဲ့ရစဉ်အတွင်း မြန်မာ နိုင်ငံ၏ စီးပွားရေးသည် ယိုယွင်း ပျက်စီးခဲ့သည်။ ၂၀၁၁ စစ်တပ်က အာဏာလွှဲ ပြောင်းသည့်အခါ ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အရ တိုင်းပြည် ဘဏ္ဍာရေး တိုး တက်လာမှုဖြစ်စေမည့် စတော့ အိတ်ချိန်းဈေးကွက်သစ် ပေါ် ပေါက်ခဲ့ပါသည်။

သို့သော် အတွေ့အကြုံမရှိမှု နှင့် စွမ်းဆောင်ရည်အားနည်းမှု ကြောင့် တိုးတက်မှုများ နှေးကွေး နေခဲ့သည်။ ဒီဇင်ဘာတွင် စတော့အိတ်ချိန်းသစ် ဖွင့်ခဲ့သော်လည်း ရောင်းဝယ်မှုများ မရှိသည့်အတွက် ငွေသွင်းငွေထုတ်များ မရှိခဲ့ပေ။

ဘဏ္ဍာရေးဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက မတ်လ ၂၅ ရက်မှစပြီး ကုမ္ပဏီသုံးခုသည် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းသွင်းပြီး ရောင်းဝယ် ဖောက်ကားတော့မည်ဟု ဆိုသည်။ သို့ သော် ကုမ္ပဏီနာမည်များကို ၎င်းကပြောကြားခြင်းမရှိပေ။ အဆိုပါ ကုမ္ပဏီများသည့် အဆင်သင့်ဖြစ် နေပြီဟုသာ ဆိုသည်။

ဈေးကွက်မှာ အစပိုင်း ဖြစ်နေသေးသည့်အတွက် ကုမ္ပဏီ တစ်ခုကို ရက်အတော်များများ ရောင်းဝယ်ခွင့် ကန့်သတ်သတ် မှတ်ပေးထားမည်ဖြစ် သည်။ သို့သော် မည်သည့်ကုမ္ပဏီကမျှ ယင်းစတော့အိတ်ချိန်းသို့ စာရင်း သွင်းမှုနှင့် ပတ်သက်၍ လာရောက် ဆွေးနွေးခြင်းမရှိသေးကြောင်းရန် ကုန်အခြေစိုက်ဘဏ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်းကို မတ်လ ၁၁ ရက်က စတင်ရောင်း ဝယ်ရန် စီစဉ်ခဲ့သော်လည်း စမ်း သပ်ရောင်းဝယ်မှု နှောင့်နှေးနေသည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်း၌ ပထမဆုံးစာရင်းသွင်းသည့်ကုမ္ပ ဏီမှာ FMI ကုမ္ပဏီဖြစ်သည်။

ထိုကုမ္ပဏီကို စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေခေါ် ဆာ့ခ်ျပန်း က ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံ၏အ ကြီးဆုံး အများပိုင် ကုမ္ပဏီဖြစ် သည်။

FMI တာဝန်ရှိသူကမူ ရန် ကုန်စတော့အိတ်ချိန်းနှင့် ပတ် သက်ပြီး ပြောဆိုရန် ငြင်းဆန်ခဲ့ သည်။ FMI စတော့အိတ်ချိန်းပါဝင်မှုသည် ငွေအရင်းအနှီးအသစ် ရအောင် ပြုလုပ်ခြင်းမဟုတ်ဘဲ ယခင် FMI က အများပြည်သူတို့ ရောင်းချပြီး သား ရှယ်ယာများကို ပြန်လည်ရောင်းချခြင်းသာ ဖြစ် လိမ့်မည်ဟု သိရသည်။

FMI ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ပွင့်လင်းမြင်သာရှိမှုနှင့် အုပ် ချုပ်မှုတွင် အခြားကုမ္ပဏီများထက် စာလျှင် ရှေ့ဆုံးမှာ ရှိနေသည်။ အဆိုပါကုမ္ပဏီ၏ ညီနောင်ကုမ္ပ ဏီတစ်ခုဖြစ်သည့် ရိုးမကုမ္ပဏီ သည် စင်ကာပူစတော့အိတ် ချိန်း၌စာရင်းသွင်းထားပြီး နိုင်ငံခြားစ တော့အိတ်ချိန်းတွင် ပါဝင်သည့် တစ်ဦးတည်းသော မြန်မာကုမ္ပဏီ ဖြစ်သည်။

FMI အပြင် ရန်ကုန်စတော့ အိတ်ချိန်း၌ အစိုးရက ပါဝင်စေချင်သည့်ကုမ္ပဏီ များမှာ မြန်မာနိုင်ငံ သားများဘဏ်၊ ပထမပုဂ္ဂလိက ဘဏ်၊ ဂျပန်နှင့် မြန်မာအစိုးရပူး တွဲလုပ်ဆောင်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်ကုမ္ပဏီ တို့ ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း သည် မြန်မာစီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း ရှယ်ယာပါဝင်၍ နိုင်ငံခြားကုမ္ပဏီများ အနာဂတ်၌ ရင်းနှီးမြှုပ်နှံရန် ပြဿနာရှိသည်။ အဆိုပါဘဏ်သည် အမေရိကန်အစိုးရ၏ပိတ်ဆို့မှု စာရင်းတွင်ပါ၍ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ ကျန်ရှိသေးသော ရှယ်ယာများကို တိုကျိုစတော့ အိတ်ချိန်း လုပ်ကိုင်နေသည့် ဂျပန်ဒိုင်ဝါကော်ပိုရေးရှင်းက ပိုင်ဆိုင်ပါသည်။

ကိုးကား-ရိုက်တာ
7Day News Journal

No comments:

Post a Comment

My Blog List