Monday, March 14, 2016

ဒုသမ္မတ(၁) ဘယ်သူဖြစ်မလဲ


သမ္မတလောင်းသုံးဦး အမည်စာရင်းထွက်ပေါ်လာပြီးနောက် သမ္မတရွေးချယ် တင်မြှောက်ခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပတော့မည်ဖြစ် သည်။ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ်ဖွဲ့စည်း ပါဝင်မှုကို လေ့လာကြည့် လျှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၃၉၀ ဦး၊ တပ်မတော်သားကိုယ်စား လှယ် ၁၆၆ ဦး၊ ပြည်ခိုင်ဖြိုးမှ ၄၁ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၂၂ ဦး၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၅ ဦး၊ တအာင်း (ပလောင်) အမျိုးသား ပါတီမှ ငါးဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ လေးဦး၊ ဇိုမီးဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ လေးဦး၊ ဒူးလေးပါတီမှနှစ်ဦး၊ ကချင်ပြည်နယ် ဒီမို ကရေစီပါတီမှ တစ်ဦး၊ ‘ဝ’ဒီမိုကရက်တစ်ပါတီမှတစ်ဦး၊ မွန်အမျိုးသားပါတီမှ တစ်ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီိမှတစ်ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ တစ်ဦး၊ တစ်သီးပုဂ္ဂလသုံးဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ 
စုစုပေါင်း ၆၅၇ ဦးဖြစ်သည်။ သို့သော် သမ္မတရွေးချယ်ပွဲအတွက် မဲပေါင်း ၆၅၇ မဲရှိသော်လည်း ခွင့်တိုင်ထားသည့် ဒုသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်းနှင့် ဝန်ကြီးနှစ်ဦးတို့၏ မဲလေးမဲနုတ်ပါက ၆၅၃ မဲသာ ရှိမည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီမှ အမတ်သုံးဦးနှင့် တစ်သီးပုဂ္ဂလမှ တစ်ဦး ခွင့်တိုင်ထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြည်ခိုင်ဖြိုး၏မဲမှာ ၃၈ မဲသာ ရှိမည်ဖြစ်သည်။

ကိုယ်စားလှယ် ၆၅၃ ဦးမဲပေး ရမည့် သမ္မတရွေးချယ်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်မှာ ၃၉၀ ဦးရှိသည့် အတွက် ဒီချုပ်က သမ္မတကို အလွယ်တကူ တင်မြှောက်နိုင် မည်ဖြစ်သည်။ သို့သော် ဒုသမ္မတ(၁)နေရာကိုတော့ စိုးရိမ်ရမည်ဖြစ်သည်။ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးနှင့် ကျန်ကိုယ်စားလှယ် အားလုံးဖြစ်သော ၉၇ ဦး ပေါင်းလျှင် ၂၆၃ဦးရှိသည်။သို့ဖြစ်ရာ ဒီချုပ်သည် စိတ်ချရအောင် သမ္မတအတွက် ၂၆၄ မဲရပါမှ သမ္မတကို လွတ်လွတ်ကျွတ်ကျွတ်တင်မြှောက်နိုင်မည်ဖြစ်သည်။ ဒီချုပ်ကိုယ်စားလှယ် ၃၉၀ ဦးထဲမှ ၂၆၄ မဲရလျှင် ၁၂၆မဲသာ ကျန်မည်ဖြစ် သည်။ သို့ဆိုလျှင် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ၃၈ ဦး ပေါင်းထားမည့် ၂၀၄ မဲကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။

ယေဘုယျအားဖြင့် အဆိုပါ ၂၀၄ မဲမှာ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သည့် ဒုသမ္မတဦးမြင့်ဆွေအတွက်ဖြစ်ရန် သေချာနေသည်။ ကျန်တိုင်းရင်းသားအားလုံးက ဒီချုပ် အတွက် မဲထည့်ပေး လျှင်ပင် ဒီချုပ်မှ ၁၂၆ မဲ၊ တစညပါတီနှင့် ကျန်တိုင်းရင်းသားပါတီများ တစ်သီးပုဂ္ဂလ မဲ ၅၉ မဲပေါင်းမှ ၁၈၅မဲသာရှိမည် ဖြစ်သည်။ သို့ဖြစ်ရာတပ် နှင့်ပြည်ခိုင်ဖြိုး ပေါင်းခြင်း ၂၀၄ မဲထက်၁၉ မဲလျော့နေ၍ ဒုတိယသမ္မတ(၁)နေရာကို စွန့်လွှတ်ရမည်ဖြစ်သည်။ ထိုတွက်ဆချက်အတိုင်းသာဆိုလျှင် ဒီချုပ်သည်သမ္မတနေရာကိုသာ အာရုံစိုက်မည်ဖြစ်သည်။ ယင်းမှာဒီချုပ် ကိုယ်စား လှယ်များနှင့် အခြားကိုယ်စား လှယ်များကို ခွဲခြားတွက်ဆခြင်း ဖြစ်သည်။

ဒီချုပ်ကိုယ်စားလှယ် ၃၉၀ ဦးနှင့် တပ်နှင့်ပြည်ခိုင်ဖြိုးမဟုတ် သည့် အခြားကိုယ်စားလှယ် ၅၉ ဦးပေါင်းပါက ၄၄၉ ဦး ရှိမည်ဖြစ် သည်။ ၄၄၉ ဦးကို ၂၃၉ ဦးနှင့် ၂၁၀ ဦး ခွဲထည့်နိုင်လျှင် တပ်နှင့် ပြည်ခိုင်ဖြိုးပေါင်းထား သည့် ၂၀၄ မဲကို ကျော်လွန်ကာ သမ္မတရောဒုသမ္မတ (၁) ပါ ခန့်အပ်နိုင်မည် ဖြစ်သည်။ သို့သော် လွှတ်တော် အတွင်း၌ လက်ရှိအစိုးရ၊ ပြည်ခိုင် ဖြိုး၊ တပ်မတော်နှင့် နီးစပ်သော တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ(တစည) ကဲ့သို့ ပါတီ အချို့ရှိ၍ ကြားမဲအချို့ကို တရား သေတွက်မရပေ။ သို့ဖြစ်ရာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် သမ္မတရော ဒုသမ္မတ(၁)နေရာကို ပါ ရရှိရန်မှာ တိုင်းရင်းသားများ၏ မဲမှာ အရေးပါလာပြီဖြစ်သည်။ သို့သော်လည်း ယင်းမှာ ယုံကြည် မှုနှင့် စွန့်စားမှုများ ပါနေပါသည်။

ဒီချုပ်ပါတီဝင်များမှာ သမ္မတနေရာအတွက် ဦးထင်ကျော် ကို လုံလောက် သည့်မဲ အရေအတွက်အထိထည့်ပြီး ကျန်ဒီချုပ် ကိုယ်စားလှယ်များနှင့် တိုင်းရင်း သားများက ဒုသမ္မတ(၁)နေရာ အတွက် ဦးဟင်နရီဗန်ထီးယူကို ထည့်လျှင် နှစ်နေရာစလုံးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ယင်းကိစ္စမှာလည်း သေချာကြိုတင်ညှိနှိုင်း မှသာ ဖြစ်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ဒီချုပ်ကို မဲထည့်မည့် ကိုယ်စားလှယ်များကို လေ့လာကြည့် ပါစို့။

ပုံမှန်အတိုင်းဆိုလျှင် ရခိုင် အမျိုးသားပါတီ၏ ၂၂ မဲမှာ ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ နေရာပေးထားသောကြောင့် ရနိုင်မည်ဖြစ် သည်။

မဟာမိတ်ကောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၅ မဲကိုလည်း ဒီချုပ်က ရယူနိုင်ရန် သေချာသည်။ တအာင်း(ပလောင်) အမျိုးသားပါတီက ငါးမဲကိုလည်း ရရှိနိုင်သည်။ ဦးခွန်မောင်သောင်းကို ပြည်သူ့လွှတ် တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌနေရာ ပေးထား၍ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)ပါတီမှ လေးမဲရရှိနိုင်သည်။ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လေးဦး မှာ ၎င်းတို့၏ ဒေသခံကို ဒုသမ္မတ(၁)အဖြစ် မြင်တွေ့လိုမည်ဖြစ်သည်။ ကျန် တိုင်းရင်းသား ကိုယ်စားလှယ် ခုနစ်ဦးမှာလည်း အစိုးရဖွဲ့မည့် ဒီချုပ်ကို မဲပေးရန် ဝန်လေးမည် မဟုတ်ပေ။

ထို့ပြင် ဒေါ်အောင်ဆန်းစု ကြည်သည် ပြီးခဲ့သည့် ဖေဖော် ဝါရီ ၂၉ ရက်က လွှတ်တော်တွင်းရှိ တိုင်းရင်းသားကိုယ်စားလှယ်များ နှင့် တွေ့ဆုံပွဲလုပ်ခြင်း ဖြင့် မဟာ ဗျူဟာမြောက် ခြေလှမ်းကို လှမ်း ပြီးဖြစ်သည်။ သို့သော် တစ်သီး ပုဂ္ဂလနှစ်ဦးဖြစ်သည့် ဦးစခုန်တိန့် ယိန်းနှင့် ဦးတင်အေးထံမှ မဲနှစ်မဲ ကိုမူ မျှော်လင့်ထား၍မရပါချေ။

တပ်မတော်နှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ မပါဘဲ ဒီချုပ်နှင့် အခြားပါတီ ကိုယ်စားလှယ် စုစုပေါင်း ၄၄၉ ဦးရှိရာ ၎င်းတို့ထဲက ၂၃၉ မဲကို ဦးထင်ကျော်အတွက်ပေးပြီး ကျန် ၂၁၀ ဦးက ဦးဟင်နရီဗန်ထီးယူကို ခွဲထည့်လျှင် ပြဿနာတစ်ခု ရှိနေပါသည်။

အကြောင်းမှာ တပ်နှင့်ပြည် ခိုင်ဖြိုးပေါင်းထားသည့် ၂၀၄ မဲက ဦးမြင့်ဆွေ ကိုမပေးဘဲ ဦး ဟင်နရီဗန်ထီးယူကို ပေးလိုက်ပါ က ဦးထင်ကျော်သမ္မတ မဖြစ် တော့ဘဲ ဦးဟင်နရီဗန်ထီးယူက သမ္မတဖြစ်လာမည်ဖြစ်သည်။ သို့ ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ၏ မဟာဗျူဟာကို အကြီးအ ကျယ် ထိုးနှက်လိုက်သကဲ့သို့ ဖြစ် မည်ဖြစ်သည်။ သို့ဖြစ်ရာ ဒီချုပ် သည် ဦးထင်ကျော်ကို သမ္မတ ဖြစ်စေလိုလျှင် ပုံအောပေးသည့် နည်းမှလွဲ၍ အခြားမရှိပေ။ သို့ မဟုတ်ပါက မလိုလားအပ်သော ပြဿနာများ ရှိလာနိုင်ပေသည်။

မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်မှာ ပယ်မဲကိစ္စဖြစ်သည်။ ဒုသမ္မတ ရွေးချယ်စဉ်က ပြည်သူ့ လွှတ်တော်တွင် ပယ်မဲ ၁၄ မဲထိရှိ ခဲ့ပြီး အမျိုးသားလွှတ်တော်တွင် ခြောက်မဲ လွှတ်တော်နှစ်ရပ်ပေါင်း ပယ်မဲ ၂၀ အထိရှိခဲ့သည်က သက်သေပင်။ ထို့ပြင်၂၀၁၁ ခုနှစ် သမ္မတရွေးစဉ်ကလည်း ပယ်မဲငါး မဲထိ ရှိခဲ့သည်။

၂၀၁၁ သမ္မတရွေးချယ် တင်မြှောက်စဉ်က ဦးသိန်းစိန်သည် ၄၀၈ မဲဖြင့် သမ္မတဖြစ်ခဲ့သည်။ တပ်မတော်ကိုယ်စားလှယ်များ တင်မြှောက်သည့် သီဟသူရဦးတင်အောင်မြင့်ဦးက ၁၇၁ မဲဖြင့် ဒုသမ္မတ (၁)ဖြစ်ခဲ့သည်။ ဒေါက်တာစိုင်းမောင်ခမ်းမှာ ၇၅ မဲသာရပြီး ဒုသမ္မတ(၂) ဖြစ်ခဲ့ သည်။ ထိုစဉ်က လွှတ်တော်ထဲရှိ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်မှာ ၃၃၈ ဦးဖြစ်သည်။ သို့ဖြစ်ရာ ဦးသိန်းစိန်ရော သီဟသူရဦးတင် အောင်မြင့်ဦးပါ အခြားပါတီများမှ မဲကိုရရှိခဲ့ကြောင်း တွေ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဒုသမ္မတ(၁)မှာ သမ္မတလစ် လပ်လျှင် အလို အလျောက် သမ္မတဖြစ်လာမည်မဟုတ်ပေ။ ယာယီသမ္မတသာ ဖြစ်လာမည် ဖြစ်သည်။ ၎င်းက ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားပြီး ၂၁ ရက်အတွင်း ဒုသမ္မတတစ်ဦး ပြန်လည်ရွေးချယ်ကာ သမ္မတ ရွေးချယ်တင် မြှောက်ပွဲ ပြန်လုပ်ရ မည်ဖြစ်သည်။

သို့ဖြစ်ရာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီဝင်များမှာ သမ္မတနေရာ အတွက် ဦးထင် ကျော်ကို လုံလောက်သည့်မဲ အရေအတွက်အထိထည့်ပြီး ဒုသမ္မတ(၁)နေရာကို စွန့်လွှတ်မည်လား၊ ထိုသို့ မဟုတ် တိုင်းရင်းသားများ၏ မဲနှင့်စနစ်တကျ ပူးပေါင်းပြီး သမ္မတနေရာရော ဒုသမ္မတ(၁) နေရာကိုပါ ရယူမည်လားဆိုသည်မှာ မကြာမီတွေ့မြင်ရတော့မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List