Thursday, December 19, 2013

အသိပေးကြေညာချက်

19.12.2013

(၂၇) ကြိမ်မြောက် အရှေတောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့် ၂၂ - ၁၂ - ၂၀၁၃ ရက်နေ့ မွန်းတည့် ၁၂း ၀၀ နာရီ အချိန်မှ အခမ်းအနားပြီးဆုံးချိန်အထိ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဧရီယာသို့ ဝင်ရောက်နိုင်သည့် အောက်ပါနေရာ လမ်းဆုံရှစ်ခုတွင် ခေတ္တ လမ်းပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေးကြေ ညာအပ်ပါသည်။

(၁) ပျဉ်းမနား - တောင်ညိုလမ်းနှင့် ဥာဏအောင်မြေလမ်းဆုံ (စိုးစံလမ်း ထိပ်)

(၂) မြရည်နန္ဒာလမ်းနှင့် မဏိစန္ဒာလမ်းဆုံ (ဆွာလမ်းဆုံအနီး)

(၃) ဇေယျာအောင်မြေလမ်းနှင့် မဏိန္ဒာလမ်းဆုံ (အထက - ၁၁ ထိပ်)

(၄) မဏိစန္ဒာလမ်းနှင့် ဂိတ် (၅) ထိပ် လမ်းဆုံ (ဂိတ် ၅ ထိတ်)

(၅) ဇေယျာအောင်မြေလမ်းနှင့် မဏိစန္ဒာလမ်းဆုံ (အားကစားရွာထိပ်)

(၆) ပျဉ်းမနား - တောင်ညိုလမ်းနှင့် V4 လမ်းဆုံ (နေပြည်တော် မြို့ပတ် လမ်းဆုံ )

(၇) ဇေယျောအောင်မြေလမ်းနှင့် နန်ချွန်ကျေးရွာ ဘုန်းကြီးကျောင်းလမ်းဆုံ

(၈) မဟာဇေယျာလမ်းနှင့် ဇေယျဗလ လမ်းဆုံ (ခရေအိမ်ရာထိပ်)

တို့ဖြစ်ပါသည်။

မြ၀တီ

No comments:

Post a Comment

My Blog List