Miss Asean 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံက
ငွေနှင်းမှုန်နှင့်ဝမ်းသီရိဖြိုးတို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ် သည်။
ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ကာ ယခုယှဉ်ပြိုင်ခြင်း သည် မြန်မာနိုင်ငံအနေဖြင့်
တတိယအကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း မော်ဒယ်ငွေနှင်း
မှုန်က မဇ္ဈိမသို့ ပြောသည်။
“ညီမတို့ ဒီပြိုင်ပွဲမှာပါဖို့ ကြိုးစားထားပါတယ်။ အင်္ဂလိပ်စကားပြောကို
အဓိကထား ပြင်ဆင်ထားသလို အားကစားပိုင်းကိုလည်း ပြင်ဆင်နေ ပါတယ်။ အစစအရာရာ
အကုန်လုံး လေ့လာရပါတယ်။ နောက်ပြီး ခန္ဓာကိုယ်အလှတွေရော ဂရုစိုက်နေပါတယ်”ဟု
ပြောသည်။
ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန်အတွက်
ပြိုင်ပွဲဝင်များသည် ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီတွင် TG-304 လေယာဉ်ဖြင့်
မြန်မာနိုင်ငံက ထွက်ခွာမည်ဖြစ်သည်။ ယင်း Miss Asean 2013 ပြိုင်ပွဲကို Miss
Asean Organization မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ
ဘန်ကောက်မြို့၊ chiang Rai (ချင်းယွိုင်) မြို့နှင့် Golden Tringle
(ရွှေတြိဂံ)တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ဒီဇင်ဘာ ၂၅ ရက်တွင်
မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိကြမည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို
အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ တစ်နိုင်ငံလျှင် နှစ်ဦး
ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားခြင်း ဖြစ်သည်။
အဆိုပါပြိုင်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်း မှ
မော်ဒယ်အေဂျင်စီများနှင့်star & model int’l တို့ကို Miss Asaen
Organization က အောက်တိုဘာလတွင် လာရောက် ချိတ်ဆက် ခြင်းဖြစ်ပြီး star &
model အေဂျင်စီက မော်ဒယ် ၁၀ ဦး ၀င်ရောက်ယှဉ်ပြိုင် ခဲ့ခြင်း ဖြစ်ရာ
ပွဲကျင်းပရေး ကော်မတီက ငွေနှင်းမှုန်နှင့် ၀မ်းသီရိဖြိုး တို့ကို
ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ ၏
အလှပုံများ၊ အင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်မှုများ၊ နိုင်ငံတကာ
ဗဟုသုတအတွေးခေါ်များ၊ ပညာအရည် အချင်းများ၊ ပြည်တွင်းအထွေထွေ ဗဟုသုတများကို
ဗီဒီယိုဖိုင်များ ရိုက်ကူးပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ ကို
ပေးပို့ရခြင်း ဖြစ်သည်။
ပြိုင်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ကြမည့်သူများ၏ ကုန်ကျစရိတ်များကို ပွဲကျင်းပသည့် ကော်မတီက
ကျခံပေး ခြင်းဖြစ်ပြီး Miss Asean 2013 ဘတ်တစ်သန်း၊ 1st runner up
ဘတ်ငါးသိန်း၊ 2nd runner up ဘတ် နှစ်သိန်းနှင့် တခြားသောဆုများကိုလည်း
ပေးအပ် ချီးမြှင့်မည် ဖြစ်သည်။
ယင်းပြိုင်ပွဲအတွက်
မြန်မာနိုင်ငံမှ ဒီဇိုင်နာမျိုးမင်းစိုး(MDY)၊ ဂျိုကာ၊ ဖြိုးပြည့်အောင်၊
ဇော်ဇော်(MDY)၊ လက်ဝတ်ရတနာနှင့် ၀တ်စုံကို မေဦးမောင်(တော်ဝင်သူ)၊ လင်းလင်း
(make-up artist) တို့က ပါဝင် ကူညီကြမည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်Miss Asean ပြိုင်ပွဲကို ၂၀၀၅ ခုနှစ်တွင်
စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အိရူပါဝင်းသည် Miss personality ဆုကို
ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် နှင်းယမုံဦးနှင့် ခင်ရူပတို့
ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုမရရှိခဲ့ကြောင်း သိရသည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment