Wednesday, December 18, 2013

ရန်ကုန် - ဗန်ကောက် နေ့ချင်းရောက် ခရီးစဉ်နှစ်ထပ်ဘတ်စ်ကားကြီး များဖြင့် ပြေးဆွဲမည်

18.12.2013

ရန်ကုန်- သထုံ -ဘားအံ-ကော့ကရိတ်-မြ၀တီ-မဲဆောက်-ဗန်ကောက်ခရီးစဉ်ကို Yangon Air-Bus-Taxi လိုင်းမှ ၂၀၁၄ ခုနှစ် မြန်မာ- ထိုင်း နှစ်သစ်ကူးပွဲတော် အမီ ပြေးဆွဲသွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည် ။

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ အဲကွန်းနှစ်ထပ်ဘတ်စ်ကားကြီးများဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ၁၂ နာရီကြာမြင့်မည်ဟု ဆိုသည်။

ခရီးစဉ်တစ်ခုလျှင် ခရီးသည် ၁၂၀ ဆံ့ပြီး တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင် US$ 40 နှုန်း သတ်မှတ်ထားကာ ယာဉ်အစီးရေ ၂၀ ဖြင့် တစ်ရက်ခြား ပြေးဆွဲမည် ဖြစ်သည်။

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကျန်းမာရေးဆိပ်ကမ်း ကားဝင်းအတွင်းမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ဘားအံမြို့သို့ နံနက် ၁၀နာရီ ရောက်ရှိကာ ကော့ကရိတ်မြို့သို့ နံနက် ၁၁ နာရီ ရောက်ရှိမည်ဖြစ်သည်။ မြ၀တီမြို့သို့ မွန်းလွဲ ၁ နာရီ ရောက်ရှိပြီး မဲဆောက်မြို့မှ ဗန်ကောက်မြို့သို့ မွန်းလွဲ ၂ နာရီ စတင်ထွက်ခွာကာ ဗန်ကောက်မြို့သို့ ညနေ ၆နာရီတွင်ေ၇ာက်ရှိမည် ဖြစ်သည်။

The Mirror Daily

No comments:

Post a Comment

My Blog List