20-12-2013
၁။ ရုပ်ရှင်ရုံတွင် -
အတန်းစီနေချိန် "သယ်ရင်း. မင်းဘာလုပ်နေလဲ"
ဟု အမေးခံရသောအခါ အကောင်းဆုံးအဖြေ - "အေး လက်မှတ် တစ်စောင်နဲ့
သိန်းတစ်ထောင် အလကား ပေးတယ်ဆိုလို့ တန်းစီနေတာလေ"
၂။ ဘတ်စ်ကားပေါ်တွင် -
အမျိုးသမီးတစ်ဦးက ဒေါက်ဖိနပ်ချွန်ဖြင့် တက်နင်းပြီး "ဆောရီးနော်.
နာသွားလာဟင်" ဟု မေးသော အခါ အကောင်းဆုံး အဖြေ - " ဟင့်အင်း. ခြေထောက်က
သံနဲ့ လုပ်ထားတာ။ မာနေတာပဲ။ နောက်တစ်ခေါက် ထက်နင်းပါအုံး"
၃။ ည သန်းခေါင် အိပ်ကောင်းနေချိန်တွင် -
သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး "ဆောရီး..။ အိပ်ပျော်နေတာလား" ဟု
မေးသောအခါ အကောင်းဆုံး အဖြေ "ဟင့်အင်း ငါးလေးတွေ ဘယ်အချိန်အိပ်တတ်လည်း
သိချင်လို့ မအိပ်ပဲ Research လုပ်နေတာ"
၎။ ဆံပင် အတိုညပ် ထားသော အခါ -
သူငယ်ချင်းက " သယ်ရင်း မင်းဆံပင်ညှပ်ထားတာလား" ဟု လာမေးလျှင် အကောင်းဆုံး
အဖြေ " ဟင့်အင်း၊ ဆံပင်တွေ နွေဦးရောက်လို့ သူ့ပါသူ ကြွေကုန်တာ"
၅။ အိမ်ကြိုးဖုန်းတွင် -
သူငယ်ချင်းက "သယ်ရင်း မင်းဘယ်တွေရောက်နေလဲ" ဟု မေးသော အခါ အကောင်းဆုံး
အဖြေက "အေး၊ ငါ့အိမ်ဖုန်းကို လည်ပင်းမှာဆွဲပြီး စူပါမားကတ်
လျှောက်သွားနေတယ်"
၆။ ကားရေဆေးနေသော အခါ -
အိမ်နီးချင်းမိတ်ဆွေက "မိတ်ဆွေ ကားရေဆေးနေတာလား" ဟုမေးသော အခါ အကောင်းဆုံး
အဖြေ - "ဟင့်အင်း ကားကို ရေလောင်းပေးတော့ ဘော်ဒီများ ပိုကြီးလာမလားလို့ပါ
၇။ အိမ်တွင် တီဗီ ကြည့်နေစဉ် -
သူငယ်ချင်းက ရောက်လာပြီး "မင်း တီဗီကြည့်နေတာလား" ဟုမေးသော အခါ
အကောင်းဆုံး အဖြေ "ဟင့်အင်း တီဗီထဲကနေ လူတွေ အပြင်ထွက်လာ မလားလို့
စောင့်ကြည့်နေတာ"
အစရှိသဖြင့် မဆီလျော်သော မေးခွန်းနှင့် မဆီလျော်သော အဖြေများစွာ ...
Ref: everjokes
အောင်ခမ်း ( ရိုးရာလေး )
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
8 months ago
No comments:
Post a Comment