Wednesday, December 18, 2013

အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ စတင်ရန် ဇန်နဝါရီတွင် ညှိနှိုင်းမည်

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များ စတင်နိုင်ရန် အတွက် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင် ညှိနှိုင်း အစည်းအဝေး ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် ဦးစောလှထွန်း ကပြောကြားသည်။

ယင်းအစည်းအဝေးတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆပ်ကော်မတီများ ဖွဲ့စည်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကော်မတီ အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာကို ဇန်နဝါရီ လကုန်တွင် ပြည်ထောင်စု လွှတ်တော်သို့ အပြီးသတ် တင်ပြရမည် ဖြစ်သောကြောင့် ကော်မတီသို့ ရောက်ရှိနေသော အကြံပြုချက်များကို ကြိုတင် ညှိနှိုင်းမှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခုအစည်းအဝေးမှာ ဆပ်ကော်မတီတွေ ဖွဲ့ပြီး ဘယ်အပိုင်းကို ဘယ်လိုခွဲမယ်ဆိုတာ လုပ်သွားပါလိမ့်မယ်” ဟု ကော်မတီဝင် ဦးဝင်းမြင့် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူလူထုနှင့် အသင်းအဖွဲ့အစည်းများက အကြံပြုစာ ၁၅၀၀ ကျော် ပေးပို့ထားပြီ ဖြစ်ပြီး အဆိုပါ အကြံပြုချက်များကို အဖွဲ့ဝင် ၁၀၉ ဦးက ဥပဒေ၏ အခန်းကဏ္ဍအလိုက် သီးခြား ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုစာများကို ယခုလ ၃၁ ရက်နေ့ မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List