Friday, December 20, 2013

အမျိုးသမီးအသင်း အကြိုဗိုလ်လုပွဲ ရှုံးနိမ့်အပြီး ငါးမိနစ်အတွင်း အမျိုးသားကြီးတစ်ဦး စိတ်ထိခိုက်ပြီး သေဆုံးခဲ့...

20-12-2013
၁၈-၁၂-၂၀၁၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားကြသော ထိုင်းနှင့်မြန်မာ အမျိုးသမီးလက်ရွေးစင်အသင်းတို့၏ အကြိုဗိုလ်လုပွဲစဉ်ကို ရုပ်မြင်သံကြားမှ စောင့်ကြည့်သည့် အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပွဲစဉ်အပြီး ငါးမိနစ်ခန့်တွင် မြန်မာအသင်းရှုံးပွဲကြောင့် စိတ်ထိခိုက်ပြီး သေဆုံးခဲ့ရမှု ကျောက်တန်းမြို့နယ် ကျေးရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်မတို့ထဲမှာ ဘောလုံးပွဲလာကြည့်တယ်။ ကျွန်မတို့တဲနဲ့သူ့တဲက ဆိုင်ကယ်နဲ့ ငါးမိနစ်လောက်ပဲမောင်းရတာ။ ဘောလုံးပွဲကြည့်ပြီးတော့ သူ့သားနှစ်ဦးနဲ့အတူ ဆိုင်ကယ်နဲ့ပြန်တာ အငယ်ကောင်က ရှေ့က၊ အလတ်ကောင်က နောက်က၊ သူက အလယ်ကပါ။ သူ့တဲကိုလည်းရောက်ရော အသက်ပါမလာတော့ဘူး”ဟု တူမဖြစ်သူ ဒေါ်တင်တင်နိုင်က ပြောကြားသည်။

ဦးစံမြင့်သည် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုအဆုံးအဖြတ်ပွဲစဉ်ကလည်း ကြည့်ရှုခဲ့ဖူးပြီး ဘောလုံးအားကစားဝါသနာပါသူတစ်ဦးဖြစ်ကာ အမျိုးသမီးပွဲစဉ်ကြည့်ပြီး မကွယ်လွန်ခင်အထိ ကျန်းကျန်းမာမာပင်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “အမျိုးသမီးပွဲကြည့်ပြီးလို့ ရှုံးသွားတော့ ငါ့ရင်ထဲမှာ မကောင်းဘူးကွာလို့ ပြောပါတယ်”ဟု ဒေါ်တင်တင်နိုင်က ပြောသည်။ “မနက်ဖြန် ၂၀-၁၂-၂၀၁၃ သင်္ဂြိုလ်မှာပါ”ဟု ၎င်းကဆက်လက်ပြောကြားသည်။ အမျိုးသမီးအသင်းပွဲစဉ်တွင် ပွဲကြည့်ပရိသတ်များကို အကြီးအကျယ် စိတ်လှုပ်ရှားစေခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်ဖော်ရေးသားကြသည်များကို တွေ့ရသည်။

===============================
လွင်သန္တာစိုး မီဒီယာမှ

No comments:

Post a Comment

My Blog List