Thursday, December 19, 2013
ABSDF မြောက်ပိုင်းလူသတ်မှု အစီရင်ခံစာ ၂၀၁၄ ဇန်နဝါရီတွင် ထုတ်ပြန်မည်
19-12-2013
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ပါဂျောင်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု စုံစမ်း ဖော်ထုတ်နိုင်ရေးအတွက် အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ် ထုတ်ပြန်မည် ဖြစ်ကြောင်း ABSDF အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ဝင် ဦးကျော်ကျော်လင်းက The Voice သို့ ပြောကြားသည်။
အဆိုပါ အစီရင်ခံစာကို ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ်မည်ဟု ထုတ်ပြန် ကြေညာထားသော်လည်း အချက်အလက်များ ပိုမို မှန်ကန်မှု ရှိစေရန် ၂၀၁၄ နှစ်ဆန်းပိုင်းမှ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အဲဒီအချိန်တုန်းက ရှိခဲ့တဲ့ သူတွေကို ဆက်သွယ်ပြီးတော့ အချက်အလက် အမှန်တွေကို အတည်ပြုနိုင်ဖို့အတွက် ကြိုးစားနေပါတယ်” ဟု ၎င်းကဆိုသည်။
ABSDF မြောက်ပိုင်း ကျောင်းသားများ သေဆုံးမှုအတွက် အချက်အလက်များကို ပြန်လည် အတည်ပြုရာတွင် ABSDF မြောက်ပိုင်း ရဲဘော်ဟောင်း အချို့မှာ ဆက်သွယ် မရသောကြောင့် အစီရင်ခံစာ ထုတ်ပြန်ရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ထံမှ သိရသည်။
ယင်းအစီရင်ခံစာကို ရေးသားပြီးပါက သတ်ဖြတ် ခံခဲ့ရသူများအတွက် အမှန်တရားကို ဖော်ထုတ် ပေးမည် ဖြစ်ကြောင်း ABSDF ဥက္ကဋ္ဌ ဦးသံခဲက သြဂုတ်လ အတွင်းက ပြောကြားထားသည်။
ထို့ပြင် ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့် ကျောင်းသား ရဲဘော် ၁၅ ဦး သေဆုံးမှုကို တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် အထူးစစ်ဆေးရေး အဖွဲ့နှင့် အထူးတရားရုံး ဖွင့်လှစ်ရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း ABSDF ရဲဘော်ဟောင်းများ အဖွဲ့က နိုဝင်ဘာလ အတွင်းက ထုတ်ပြန် ကြေညာထားသည်။
အဆိုပါ ကျောင်းသားများ သတ်ဖြတ်ခံရမှုအတွက် ABSDF ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နှင့် ရဲဘော် ဦးစိန်တို့၏ မိသားစုဝင်များက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း အမှုဖွင့်ထားကြောင်း ABSDF ရဲဘော်ဟောင်းများ အဖွဲ့ထံမှ သိရသည်။
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ABSDF ကျောင်းသား ရဲဘော်များကို အစုလိုက် အပြုံလိုက် ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်မှုများတွင် နစ်နာခဲ့သူများအတွက် သမိုင်းမှတ်တမ်း အစီရင်ခံစာ ပြုစုရန် ၂၀၁၂ ခုနှစ် မတ်လအတွင်း ABSDF အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment