20-12-2013
စီးပွားရေးဗီဇာဖြင့် ၀င်ရောက်လာပြီး ရန်တုန်ကုမ္ပဏီအတွက် သတ္တုလုပ်ကွက်
လာရောက်ရှာဖွေနေသူ တရုတ်နိုင်ငံသား ၂၃ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်
ဖမ်းဆီးထိန်းသိမ်းထားမှုအပေါ် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး H.E.
Mr.Yang Houlan က မြန်မာနိုင်ငံ၏တည်ဆဲဥပဒေ အဆုံးအဖြတ် ကိုသာ ခံယူသွားမည်ဟု
ဒီဇင်ဘာ ၁၉ ရက်တွင် မဇ္ဈိမကို မှတ်ချက်ပြုသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့အနီး ရတနာမြေအဖြစ် သတ်မှတ်ထားသည့်
ကန့်သတ်နယ်မြေအတွင်း ၎င်းတို့ကို ဒီဇင်ဘာ ၁၆ရက်က စိစစ်တွေ့ရှိသဖြင့်
မြစ်ကြီးနားရဲစခန်းနှစ်ခုတွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။
တရုတ်သံအမတ်ကြီးက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဒီဇင်ဘာ ၁၉
ရက်ကပြုလုပ်သည့် ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ
သုံးထပ်ကျောင်းဆောင် ဆောက်လုပ်ရန် ကျပ်သန်း ၁၂၀ လှူ ဒါန်းပွဲ အခမ်းအနားတွင်
မဇ္ဈိမကို ပြောခြင်းဖြစ်သည်။
“သူတို့က တကယ်
တရားမ၀င်သွားခဲ့တယ်ဆိုရင် ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့
ဖွဲ့စည်းပုံအခြေခံဥပ ဒေကို လေးစားတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာရှိတဲ့
တည်ဆဲဥပဒေတွေအရပဲ ဆုံးဖြတ်မှုကို ခံယူရမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်ကလည်း
သူတို့ရဲ့ တရားဝင် အခွင့်အရေးတွေကို ထိန်းသိမ်းပေးဖို့အတွက် မျှော်
လင့်ပါတယ်”ဟု တရုတ်သံအမတ်ကြီးက ဆိုသည်။
ဖမ်းဆီးခံရသူများထဲတွင်
တရုတ်နိုင်ငံသား ယာဉ်မောင်းသုံးဦးနှင့် သတ္တုလုပ်ကွက်ရှာဖွေသူ ၁၈ ဦး၊ ရန်
တုန် သတ္တုတူးဖော်ရေး ကုမ္ပဏီဝန်ထမ်း နှစ်ဦးတို့ဖြစ်ပြီး
လိုက်လံပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား ငါးဦး ကိုလည်း ဖမ်းဆီးထားသည်ဟု
မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန
အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။
“သူတို့ကို
မြစ်ကြီးနားကိုရောက်ကတည်းက သွားမယ့်နေရာမေးတော့ တနိုင်းဆိုရင်
ကန့်သတ်နယ်မြေ သွားလို့မရဘူးပြောတယ်။ နောက်ဆုံး ဌာနပေါင်းစုံစစ်တဲ့
ရှဒေါင်ဂိတ်ထိ သွားလို့မရဘူးလို့ တားတာကို သူတို့က မှန်လုံကားနဲ့သွားတယ်။
ကုမ္ပဏီကလာတယ်ဆိုလည်း သူတို့ဆီမှာ လုပ်ငန်းနဲ့ပတ်သက်တဲ့လိုင် စင်
အထောက်ထားတွေ ဘာမှမပါဘူး။ ဒါကြောင့် တနိုင်းမှာဖမ်းခဲ့တာ”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ တရုတ်နိုင်ငံသားများကို လ.၀.က အက်ဥပဒေဖြင့် အရေးယူနိုင်သော်လည်း
ပြည်နယ်အစိုးရအ ဖွဲ့၏အဆုံးအဖြတ်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံသား ငါးဦးကိုမူ အလားတူဥပဒေမှ တရား မ၀င်ပို့ဆောင်မှုဖြင့်
တရားစွဲဆိုရန် စီစဉ်ထားပြီးဖြစ်သည်ဟု အဆိုပါတာဝန်ရှိသူက အသိပေးသည်။ယင်း
ဖြစ်စဉ်ကို ကချင်ပြည်နယ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်သိန်းက
ယမန်နေ့ကတည်းက မဇ္ဈိမကို အသိပေးထားသည်။
သို့သော်
ယင်းတရုတ်နိုင်ငံသားတို့ကို မည်သို့အရေးယူမည်နှင့်စပ်လျဉ်း၍
ပြည်နယ်ဝန်ကြီးချုပ်ရုံးသို့ ယနေ့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း
အချိန်မီပြန်ကြားခဲ့ခြင်းမရှိပေ။ ထို့ပြင် ရန်ကုန်ရှိ ရန်တုန်ကုမ္ပဏီရုံး
သို့လည်း မဇ္ဈိမက ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊
မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက်များအတွင်း တရားမ၀င်လုပ်ကိုင်နေသည့်
တရုတ်နိုင်ငံသားအချို့ကိစ္စ ပေါ်ပေါက်ခဲ့သည်။
ယင်းနှင့်စပ်လျဉ်း၍
မဇ္ဈိမ၏မေးမြန်းမှုကို မန္တလေးရှိ ကောင်စစ်ဝန်ရုံးမှတစ်ဆင့် တရုတ်နိုင်ငံသို့
ပြန်လည် ပို့ဆောင်ပြီးဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက
စကားပြန်မှတစ်ဆင့် ပြန်လည် ဖြေ ကြားသည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment