20-12-2013
မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက်၊ သူရလမ်းတွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်
၁၅ လုံး ပျက်စီးဆုံးရှုံးပြီး လူဦးရေ ၂၀၈ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်
မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက်၊ သူရလမ်းရှိ နေအိမ်တစ်အိမ်မှ
စတင်မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၅ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ရကာ
လူဦးရေ ၂၀၈ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၉ ရပ်ကွက်၊
ကမ္ဘာအေးဘုရားအနီး၊ သူရလမ်း၊ အမှတ် (၉၀) နေ ဒေါ်ခင်သန်း၏ နေအိမ်အောက်ထပ်တွင်
ငှားရမ်းနေထိုင်သူ မျိုးမြင့်အောင် (၃၁)နှစ် သည် နေအိမ်အခန်းအတွင်း၌
လျှပ်စစ်မီးပူအား မီးပလတ်ထိုးထားရာမှ အပူလွန်ကဲကာ အနီးရှိ
အကြော်ကြော်ရာတွင် အသုံးပြုသည့် ဖွဲအိတ်များအား မီးကူးစက်လောင်ကျွမ်းရာမှ
ယခုကဲ့သို့ မီးလောင်မှုကြီးဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
အဆိုပါမီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ်အစီး ၅၀၊ အထောက်အကူပြုယာဉ် လေးစီး၊
အုပ်ချုပ်မှုယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် ၃
နာရီခွဲခန့်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း သိရသည်။
ထိုသို့မီးလောင်မှုကြောင့် အဆိုပါ ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး
နေအိမ်တစ်လုံးအပါအ၀င် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး
အိမ်ထောင်စု ၄၅ စုရှိ လူဦးရေ စုစုပေါင်း ၂၀၈ ဦးခန့်
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ ယင်းရပ်ကွက်ရှိ
မစိုးရိမ်ဘုန်းကြီးကျောင်းဝင်းအတွင်ရှိ ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း
ဖွင့်လှစ်ထားရှိခဲ့ရကြောင်း သိရသည်။
" ကျွန်တော် မီးရောင်မြင်လို့
အိပ်ရာက ထကြည့်လိုက်တဲ့အချိန်မှာ မီးကတော်တော် ကြီးနေပြီ။
အခုမီးလောင်နေတဲ့ ပတ်ဝန်းကျင်က ပဲကြော်ကြော်တဲ့
အကြော်ဖိုတွေတော်တော်များတယ်။ ၁၆ ဖိုလောက်ရှိတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်တော့ ပါသွားတယ်။ အဲဒီအချိန်မှာ အနီးက
မစိုးရိမ်ကျောင်းတိုက်က ဆရာတော်တစ်ပါးက မီးလောင်တယ်ဆိုပြီး
စပီကာနဲ့အော်လို့ ပတ်ဝန်းကျင်ကလူတွေက လေဖြတ်နေတဲ့သူတွေကို အရင်ဆွဲထုတ်
ပြီးတော့ ၀ိုင်းငြှိမ်းသတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဆီပုံးတွေရှိတဲ့အတွက်
မီးကအရမ်းကြီးလာပြီး မီးသတ်ကားတွေနဲ့ ငြှိမ်းလိုက်တဲ့အခါကျမှ
မီးညွန့်ကျိုးသွားတာပါ။ လေကလည်း တိုက်နေတော့ မီးသတ်ယာဉ်တွေ အရင်ရောက်မလာရင်
တစ်ရပ်ကွက်လုံးမလွယ်ဘူး " ဟု အဆိုပါမီးလောင်ကျွမ်းခဲ့သော
နေအိမ်ပတ်ဝန်းကျင်တွင်နေထိုင်သူ ကိုထွန်းနိုင်က ပြောကြားသည်။
အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သတ်၍ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားမှူး
ဦးတင်မင်းက " လျှပ်စစ်ဓာတ်အားကို စနစ်တကျ သွယ်တန်းတပ်ဆင်ထားမှု
မရှိခဲ့ခြင်းကြောင့် မီးလောင်မှုတွေဖြစ်ခဲ့တယ်။ ဘာကြောင့် လျှပ်စစ်ကြောင့်
လောင်ရတာလဲဆိုတာက ထင်ရှားတဲ့အမှတ်အသားတွေရှိတယ်။လျှပ်စစ်ကြိုး၊ ကိရိယာတွေ၊
ပစ္စည်းတွေကို အပြင်က လောင်တဲ့ပုံစံနဲ့ အဲဒီပစ္စည်းတွေက အပူလွန်ကဲပြီး
လောင်တဲ့ပုံစံကကွာပါတယ်။အပြင်ကလောင်တဲ့အရောင်က ရိုးရိုးတန်းတန်းအရောင်ပါပဲ။
အဲဒီလျှပ်စစ်ပစ္စည်းတွေက တစ်ဆင့် ၀ိုင်ယာရှော့ကြောင့် လောင်တဲ့မီးတွေက
အရောင်တွေ ထွက်နေတာတွေ့ရပါတယ်။
အဲဒီအချက်ကို အဓိကကြည့်ပြီး လျှပ်စစ်ဝိုင်ယာရှော့ကြောင့် လောင်တာဖြစ်တယ်လို့ သတ်မှတ်ပါတယ် " ဟု ပြောကြားသည်။
ထို့ကြောင့် အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်မှ မီးပေါ့ဆစွာအသုံးပြုသူ
မျိုးမြင့်အောင်အား မရမ်းကုန်းမြို့မရဲစခန်းက (ပ) ၅၁၉/၂၀၁၃ ပုဒ်မ ၂၈၅
ဖြင့်အမှုဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မရမ်းကုန်း ၉ ရပ်ကွက်၊ သူရလမ်းရှိနေအိမ်များ မီးလောင်နေမှုအား ဒီဇင်ဘာ ၁၉
ရက် နံနက် ၂ နာရီခွဲခန့်၌ တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment