16.12.2013
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နယ်တွင်
ဒီဇင်ဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်က လေပြင်းတိုက်ပြီး
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာလေးရွာမှ လူနေအိမ် ၃၆ လုံး
ပျက်စီးခဲ့ပြီး အသက် ၁၆ နှစ်အောက် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း
လေဘေးသင့်သူ များကို သွားရောက် ကူညီပေးသည့်အဖွဲ့မှ ကိုတိုးက ပြောကြားသည်။
မိုးရွာသွန်းချိန် လေပြင်း တိုက်ခတ်မှုကြောင့် ကူးကော်၊ ဝါးပြား၊
ဒရယ်အင်းနှင့် စံသီကုန်း ကျေးရွာတို့မှ လူနေအိမ်များ ပျက်စီးခဲ့ပြီး
ဝါးပြားရွာတွင် နေထိုင်သူ အသက် ၁၄ နှစ်အရွယ် မောင်ဇော်မင်းထွန်းမှာ
နေအိမ်ထုပ်တန်း ဦးခေါင်းပေါ် ပြုတ်ကျသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ အသက် ၁၅
နှစ် မစိုးစန္ဒာထွန်းမှာ အိမ်ခေါင်မိုးပေါ်မှ အုတ်ခဲပြုတ်ကျ ထိမှန်သဖြင့်
နဖူးတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သောကြောင့် ပင်းတယမြို့နယ်
ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
“ခေါင်းပေါ် ထုပ်တန်းပြုတ်ကျတဲ့ ဒဏ်ကြောင့် ဖြစ်ဖြစ်ချင်း ကောင်လေးက
သတိမေ့သွားတာ။ ဒီနေ့ နံနက် ၁၀ နာရီအထိ သတိမရသေးဘူး” ဟု
လေဘေးဒဏ်သင့်သူများကို သွားရောက် ကူညီ ထောက်ပံ့ပေးသောအဖွဲ့မှ ကိုတိုးက
ရှင်းပြသည်။
လေပြင်း တိုက်ခတ်မှုကြောင့် ကူးကော်ကျေးရွာမှ
လူနေအိမ် ၂၃ လုံးနှင့် အခြေခံပညာ အထက်တန်း ကျောင်းတစ်ကျောင်း၊
ဝါးပြားကျေးရွာမှ လူနေအိမ် ၁၁ လုံး၊ ဒရယ်အင်းကျေးရွာမှ လူနေအိမ် နှစ်လုံး၊
စံသီးကုန်းကျေးရွာမှ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဓမ္မာရုံတစ်ရုံနှင့်
မီးစက် အဆောက်အအုံ တစ်လုံးတို့ အမိုးလန် ပျက်စီးခဲ့ကြောင်း၊
ကူးကော်ကျေးရွာရှိ နေအိမ်နှစ်လုံးနှင့် ဝါးပြားကျေးရွာမှ
နေအိမ်နှစ်လုံးတို့ ပြိုလဲပျက်စီးခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင်
လေပြင်းတိုက်ခတ်မှု ရပ်တန့်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏
ထုတ်ပြန်ချက်အရ သိရှိရသည်။
“မိုးရွာပြီး ၁၅ မိနစ်လောက်အကြာမှာ
လေပြင်းတွေ ကျလာတာ။ ပင်းတယမှာ ဒီလိုရာသီမျိုးမှာ လေပြင်းတိုက်တာ တစ်ခါမှ
မဖြစ်ဖူးဘူး။ ဒီနေ့လည်း မိုးတစ်နေကုန် ရွာပေမယ့် လေမတိုက် တော့ဘူး” ဟု
လေဘေးသင့်သူများကို သွားရောက် ကူညီပေးသည့်အဖွဲ့မှ ကိုတိုးက ပြောကြားသည်။
လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေဘေးသင့် ဒေသခံ ၅၀
ကျော် ကို ပင်းတယမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်
အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊
မီးသတ်ဦးစီးဌာနတို့မှ သွားရောက်ကာ ကူညီ ထောက်ပံ့ရေး လုပ်ငန်းများ
ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment