19-12-2013
အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့စည်းတွေကို အစိုးရက ကားပါမစ်တွေချပေးတာနဲ့ ပက်သက်ပြီး
အပြင်လောကမှာပြောနေတဲ့ အရေအတွက်ဟာ တကယ်ရရှိတဲ့ အရေအတွက်ထက်
ပိုများနေတယ်လို့ KNU အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
ရန်ကုန်မြို့ Business Alliance Hotel မှာ ပဒို မန်းငြိမ်းမောင်က ဒီနေ့
သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောခဲ့တာပါ။ အစိုးရကအဖွဲ့စည်း ၁၄ ဖွဲ့ကို
ကားတင်သွင်းခွင့်ပါမစ်ချပေးခဲ့ရာမှာ အစီးရေ ၂၉၀ သာ
အခွန်ကင်းလွတ်ခွင့်ရပြီး၊ အစီးရေ ၅၈၀ အတွက် ၆၀ ရာခိုင်နှုန်း
အခွန်ပေးဆောင်ရတာဖြစ်တယ်လို့ အခုလို ပြောပါတယ်။
"ကျနော်တို့
ကရင်ဆိုရင်ဗျာ အစီး ၄ဝ က အခွန်လွတ်၊ အစီး ၈၀ က ၆၀ ရာခိုင်နှုန်းလောက်
အခွန်ဆောင်ရတယ်၊ ဥပမာ RCSS ဆိုရင် အစီး ၂ဝ က အခွန်လွတ်၊ ၄ဝ က အခွန်ဆောင်၊
အဲဒီ ၁၄ ဖွဲ့ကို နိုင်ငံတော်အစိုးရကပေးတာ အခွန်လွတ်က ၂၉၀ ရှိပါတယ်၊ ၆၀
ရာခိုင်နှုန်း အခွန်ဆောင်ရတာ ၅၈၀ ရှိတယ်၊ အဲဒါကျနော်တို့ အခြေအနေမှန်ကို
သိစေချင်လို့ပါ၊ ဒါတိုင်းရင်းသားတွေဘက်က ကိုယ်စားပြုပြီးပြောတာဖြစ်တယ်"
ကေအဲန်ယူအဖွဲ့အနေနဲ့ သူတို့ရရှိတဲ့ ကားတင်သွင်းခွင့်ကိုလည်း
အဖွဲ့အစည်းရပ်တည်ဖို့ အဆင်ပြေတဲ့နေရာမှာ အသုံးပြုတာဖြစ်တယ်လို့ ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရရှိတဲ့ ကားအစီးအရေအတွက်
ထောင်ကျော်ရှိနေကြောင်း ဂျာနယ်တွေမှာ ရေးသားဖေါ်ပြနေကြတာတွေ ရှိနေတယ်လို့
ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
တိုင်းရင်းသား အဖွဲ့အစည်းတွေအတွက် လတ်တလောလိုအပ်ချက်တွေဟာ အခုရရှိနေတာနဲ့တင် မလုံလောက်သေးကြောင်းလည်း သူကပြောပါတယ်။
RFA
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment