စိတ်ဓာတ်တွေတံခါးဖွင့်တဲ့ပွဲ
ခင်မောင်ညို(ဘောဂဗေဒ)
ဆရာကြီးတစ်ယောက်က နေပြည်တော်မှာလုပ်မယ့် ဆွေးနွေး ပွဲတစ်ခုကို
လိုက်ခဲ့ဖို့ခေါ်တယ်။ လိုက်ခဲ့ဆိုတော့လဲ လိုက်သွားတာ ပါပဲ၊ ဘာခက်တာမှတ်လို့။
သီးသီး သန့်သန့် ကိုယ့်ကိုတာဝန်ပေးထား တာမျိုးမဟုတ်ရင် မိုက်ခဲထဲမပါ
ပါဘူး။ ဒါပေမယ့် မကြာခဏ ဆိုသလို မိုက်ကိုင်ထားတဲ့သူတွေ ဆီက
မိုက်ပြန်တောင်းရတဲ့ အလုပ် မျိုးတွေကို မကြာခဏလုပ်လုပ်နေ ရတယ်။
နေပြည်တော်လိုက်သွားတာ က ဆီးဂိမ်းလို့ခေါ်တဲ့ အရှေ့တောင် အာရှအားကစားပွဲကို
တစေ့ တစောင်း ကြည့်ချင်တာလဲပါပါ တယ်။ တမင်သက်သက်တော့ မရောက်ခဲ့ပါဘူး။
ဧည့်သည်ဆိုတာ က တက်ဆိုတက်၊ ဆင်းဆိုဆင်း၊ စားဆိုစား၊
အိမ်ရှင်တွေပင်ပန်းမယ့်၊ အလုပ်ပိုမယ့် အလုပ်မျိုးတွေ မလုပ်
ချင်လို့မသွားတာလဲ ပါပါတယ်။အသက်ရလာတဲ့အခါ ကြည့်ရလဲ ကောင်းကောင်း၊ မကြည့်ရလဲ
ဘာမှမဖြစ်ဘူးဆိုတဲ့ စိတ်အခံလေး ရှိနေတာလဲပါတာပေါ့။
၁၁၅ မိုင်
ယာဉ်ရပ်နားစခန်း လောက်ရောက်တော့ အားကစား သမားတွေကြိုမယ့် ယာဉ်တန်း
ထင်ပါရဲ့။ ရန်ကုန်ဘက်ကို မောင်း လာတာတွေ့ရတယ်။ ၁၁၅ မိုင် စခန်းမှာလဲ
မီးရှူးတိုင်ကြိုဆိုမယ့် စင်မြင့်ဆောက်ထားတာ တွေ့ရ တယ်။
နေပြည်တော်ဟိုတယ်ဇုန် အဝင်မှာလဲ အလံတွေတွေ့ရတယ်။ နောက်တစ်ရက်
အားကစားရုံမုခ်ဦး ရှေ့က ဖြတ်သွားတယ်။ ဒီလောက် ပါပဲ။
ဆရာကြီးတစ်ယောက်က အိမ် ရှင်တွေကို သမီးမှာတဲ့ဇီးကွက်ရုပ် နှစ်ရုပ်
ဝယ်ခိုင်းတယ်။ ဒါလဲ အား ကစားလှုပ်ရှားမှုမှာ ပါဝင်တာပဲ လေ။
ကျွန်တော်တို့တစ်တွေက အပြန်မှာ ၁၁၅ မိုင်ရောက်တော့ င်္နနူ
စားသောက်ဆိုင်ရှေ့မှာရောင်း နေတဲ့ တီရှပ်တွေ၊ ဦးထုပ်တွေ အားပေးကြတယ်။
ပြည်ပခရီး သွားတဲ့အခါမြန်မာနိုင်ငံနဲ့ပတ်သက် လို့ သပ်သပ်ရပ်ရပ်ရှိတဲ့ အမှတ်
တရပစ္စည်းပေးစရာများများစားစား မရှိဘူး။ အခုဒီပွဲမှာ အမှတ်တရ ပစ္စည်းတွေ
အတော်လေးစုံလင်တာ နဲ့ပဲ သဘောကျတယ်။
ရန်ကင်းစက်မှု(၁)လမ်းပေါ်
မှာတော့ အားကစားသမားတွေ ဖြတ်သန်းသွားလာတဲ့ယာဉ်တန်း ကို မကြာခဏတွေ့ရပါရဲ့။
ဖွင့်ပွဲ ကျင်းပတဲ့နေ့ကလဲကိုယ်ကတစ်နေ့ လုံး လျှောက်သွားနေတာဆိုတော့
တစ်နေရာမှာ မီးရှူးတိုင် နေပြည် တော်ရောက်တာတွေ့လိုက်တယ်။ ပြီးတော့
အိမ်မှာကလဲ ရုပ်မြင် သံကြားလုံးဝမရှိဘူးဆိုတော့ ဘာမှ မကြည့်ဖြစ်ပါဘူး။
ဒါပေမယ့် အင်တာနက်နဲ့ နောက်တစ်နေ့သတင်းစာမှာဓာတ်ပုံ တွေ၊ သတင်းတွေ၊
ဝေဖန်ချက်တွေ စုံနေတာတွေ့ရပါတယ်။ အဆင် မပြေတာတွေ၊ သဘောမကျ
တာတွေလဲကြားရပါရဲ့။ ဒါပေမယ့် သဘောအကျဆုံး ဝေဖန်ချက်က တော့ ''ဒီပွဲဟာ
မြန်မာနိုင်ငံတံခါး ဖွင့်လှစ်တဲ့ အထိမ်းအမှတ်ဖြစ် တယ်''ဆိုတဲ့ခေါင်းစဉ်ပါ။
တစ်ဖက်မှာ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့သူတွေ အများကြီးရှိနေ တာ၊ ပညာရေး၊
ကျန်းမာရေး အသုံးစရိတ်တွေ နည်းနေတာ၊ နေပြည်တော်အားကစားကွင်းမှာ
မီးရှူးမီးပန်းတွေ ပစ်ဖောက်နိုင်ပေ မယ့် တစ်နိုင်ငံလုံး မီးမလင်းသေး
တာအားလုံးမှန်ပါတယ်။ ပျဉ်းမနား က ဟိုတယ်လေးတစ်ခုမှာ ခြင်
တစ်ကောင်နှစ်ကောင်လောက်လာ ကိုက်တော့ အားကစားသမား တွေကိုရော
ခြင်ကိုက်သလားလို့ တောင် စဉ်းစားမိလိုက်သေးတယ်။ ဒီဖွင့်ပွဲအတွက်
အကူအညီယူတဲ့ ကိစ္စတွေကိုလဲ ဝေဖန်ကြတာတွေ့ ရတယ်။
လုပ်စရာတွေကတော့
အများ ကြီးပါပဲ။ ဒီအထဲမှာ လုပ်သင့်တာ တွေလဲရှိတယ်။ လုပ်ချင်တာတွေ လဲရှိတယ်။
လုပ်သင့်ပေမယ့် မလုပ် နိုင်သေးတာ၊ လုပ်ချင်ပေမယ့်
လုပ်လို့မရသေးတာတွေရှိတယ်။
ဆွေးနွေးပွဲမှာလဲ ဒီသဘောပဲ ထားပါတယ်။
သူတို့ကိုယ်တိုင် စွမ်းနိုင်သမျှ၊ နားလည်သမျှကြိုး စားလုပ်ထားတာဆိုတဲ့
အခြေအနေ ကိုသိနေတယ်။ သူတို့နားမလည် တာ၊ နားမလည်သေးတာတွေကိုလဲ
ကိုယ်ကသိနေလေတော့ ထွေထွေ ထူးထူးဝေဖန်ချက်
မပေးခဲ့ပါဘူး။
ဝေဖန်ချက်မပေးဘဲနေတာတောင် မှ ပြောတဲ့သူတွေရှိနေလေတော့ အချိန်က
မလောက်ချင်ပါဘူး။ ဒီအားကစားပွဲနဲ့ အရင်အား ကစားပွဲတွေယှဉ်ရင် အမြင်အမျိုး
မျိုးနဲ့ ပြောကြဆိုကြ၊ ရေးသားကြ၊ ဆွေးနွေးနိုင်ကြတာဖြစ်တယ်။
အရင်ကအစိုးရမီဒီယာကပဲတွေ့ရ မြင်ရတယ်။ တစ်ဖက်သတ်ဆန် တယ်။ အခုတော့
မီဒီယာပေါင်းစုံ ကသွားလာဝင်ထွက်၊ သတင်းတွေ တင်ဆက်ခွင့်ရကြတယ်။ မြန်မာ
နိုင်ငံက ရုပ်ပိုင်းဆိုင်ရာ တံခါး ဖွင့်လှစ်တဲ့အထိမ်းအမှတ် သာမက ထူးခြားတဲ့
အသိအမြင်အသစ်တွေ၊ တိုးတက်တဲ့ အတွေးအခေါ်တွေ၊ ကွဲလွဲတဲ့စိတ်သဘောထားတွေကို
လက်ခံနိုင်တဲ့ သဘောထားတွေ ဖွင့်လှစ်ပေးတဲ့ အားကစားပွဲလဲ ဖြစ်ပါစေလို့
ကျွန်တော်ဆုတောင်း နေမိတယ်။
The Union Daily
No comments:
Post a Comment