၁၈-၁၂-၂၀၁၃
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုဒေါ်အောင်ဆန်း
စုကြည်ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်NLDအနေနဲ့ ဘာကြောင့်အရေးတကြီးလုပ်ဆောင်နေပါသလဲ။ ပြည်သူတွေကိုစုစုဝေးဝေး
လာရောက်ဖို့ ဖိတ်ခေါ်ပြီး ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်
သိက္ခာချပွဲတွေ ကျင်းပနေရပါသလဲ…ဆိုတဲ့မေးခွန်းကိုပြည်သူတစ်ဦးအနေ
နဲ့မေးချင်ပါတယ်။ ဒီလိုမေးချင်တာအကြောင်းရှိပါတယ်။ အဲဒါကတော့
တည်ငြိမ်အေးချမ်းမှုတွေပျက်ပြားပြီးဆင်းရဲသားတွေရဲ့မကျေနပ်
မှုတွေပေါက်ကွဲကုန်မှာစိုးရိမ်လို့ပါပဲ။ လူတွေ စုပြုံပြီး
လမ်းပေါ်ရောက်လာခဲ့ရင် ချမ်းသာလှတဲ့ ထိုင်းနိုင်ငံအဖို့ မသိသာလှပေမယ့်
ဆင်းရဲနေတဲ့မြန်မာနိုင်ငံ အဖို့တော့ စိုးရိမ်စရာကောင်းပါတယ်။ ဒါကြောင့်
ဒီမေးခွန်းကို မေးချင်တာပါ။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဘက်ကနေလိုက်ပြီး
အကောင်းမြင်ဝါဒနဲ့ ပြောနေတာမဟုတ်ပါဘူး။ ၂၀၀၈ခုနှစ် အခြေခံဥပဒေကို
ပြင်ဆင်ဖို့ လွှတ်တော်ကနေ ဆုံးဖြတ်လုပ်ဆောင်နေဆဲမို့ စောင့်ကြည့်သင့်တဲ့
အနေအထားမှာပဲဖြစ်သင့်ပါတယ်။
မြန်မာနိုင်ငံမှာသင်ခန်းစာယူမယ်ဆိုရင်အများကြီးပါပဲ။
၁၉၈၈ခုနှစ် ကနေ အနှစ်(၂၀)ကျော်လုံးလုံး စစ်တပ်ကအုပ်ချုပ်သွားတာဟာ
တကယ့်တရားခံ အစစ်က ဆန္ဒတွေစောခဲ့လို့ပါပဲ။ လုပ်သင့်တာကိုမလုပ်ခဲ့ဘဲ
ဆန္ဒတွေစောခဲ့လို့ အဲဒီတုန်းက သမ္မတက(၃)လအတွင်း ရွေးကောက်ပွဲလုပ်ပေး မယ်။
သူတို့အစိုးရတစ်ဖွဲ့လုံးဝင်ပြီး အရွေးမခံဘူးဆိုပြီး ကတိပေးခဲ့တာကို
လက်ခံသင့်ပါလျက်နဲ့ လက်မခံဘဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆိုးလာ တာကြောင့်
စစ်တပ်က နေရာရသွားခဲ့တာပါ။
အဲဒီတုန်းကသာ
အာဏာရအစိုးရက ပေးတဲ့အခွင့်အရေးကိုကောင်းမွန်စွာ အသုံးချခဲ့ရင်အခုဆိုရင်
ဒီမိုကရေစီရတာနှစ်ပေါင်းအစိတ်ကျော်ပါပြီ။ ဒါဟာသင်ခန်းစာ
ယူသင့်တဲ့ကိစ္စတစ်ရပ်ပါ။ ပေးပါ့မယ်ဆိုတာ ကိုမရဘူး..အခုချက်ချင်းပေးလို့
တောင်းဆိုခဲ့တဲ့အမှားကြောင့် အနှစ်(၂၀)ကျော်လုံးလုံး ဒီမိုကရေစီမရခဲ့တာ
ပါပဲ။အခုလဲ ၂၀၀၈ခုနှစ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုတရားဝင်လမ်းကြောင်းကနေလုပ်ကိုင်နေတာ
လေးကို NLD အနေနဲ့စောင့်ကြည့် သင့်ပါတယ်။ အခုတော့ဒီလိုမဟုတ်ဘဲ ပြည်သူတွေ
စုစုဝေးဝေးနဲ့ ဆူဆူ
ပူပူဖြစ်အောင်လမ်းကြောင်းပေးသလိုဖြစ်နေပါတယ်။လွှတ်တော်ကလဲပြင်ဆင်မယ်၊ပြည်သူတွေကလဲ
ပြင်ချင် တယ်ဆိုရင် ပြင်ဖို့ပဲရှိပါတော့တယ်။
NLD
အဖွဲ့အနေနဲ့ငွေကြေးအမြောက်အမြားအကုန်အကျခံပြီး
အလံတွေလုပ်၊ဆိုင်းဘုတ်တွေထောင်၊ လူထုတွေစုဝေးခိုင်းပြီး လုပ်နေတာဟာ
ပွင့်ပွင့်လင်းလင်းပြောရယင် အပိုအလုပ်တွေဖြစ်နေပါတယ်။ ၂၀၁၅
ခုနှစ်ကိုရောက်ဖို့ကြားမှာ၂၀၁၄ခုနှစ်၊ တစ်နှစ်လုံးကျန်ပါသေးတယ်။
ပြောရမယ်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အချိန်လုံလုံ
လောက်လောက်ရှိနေပါသေးတယ်။ NLD အနေနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးကို အကြောင်း
ပြပြီးလူထုကိုမဲဆွယ်နေတာလား။ ငြိမ်သက်နေတဲ့ပြည်သူတွေကို
စိတ်ခံစားမှုတွေပေးနေတာလား။ ဒါတွေ ဟာမဖြစ်သင့်ပါဘူး။
အခုလဲ လွှတ်တော်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ရမယ့် အချက်တွေထဲကမှ ဘယ်လို ပြင်ဆင်ကြမယ်ဆိုတဲ့အဖြေကို ရှာကြရမှာပါ။
အဲဒီကရလာတဲ့အဖြေပေါ်မူတည်ပြီးမှ
NLD က ဆက်လက် လုပ်ဆောင့် သင့်ပါတယ်။ အခုဟာကတော့ စစ်မရောက်ခင်
ကထဲကမြားကုန်အောင် ပစ်နေသလိုပါပဲ။ လက်ရှိ အစိုးရကလဲ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံ
အခြေခံ ဥပဒေကြီးကိုမပြင်ဘူးဆိုပြီးသော့ခတ်ထားတာမဟုတ်ပါဘူး။ ဥပဒေ
ပြုရေးအာဏာရှိတဲ့ လွှတ်တော်အဆင့်ဆင့်ကလည်း မပြင်ဘူးဆိုပြီး
တင်းခံနေတာမဟုတ်ပါဘူး။ လူပေါင်း ရာကျော်ပါတဲ့ ကော်မတီတစ်ရပ်ဖွဲ့ပြီး
ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်နေပါလျက် NLDကဘာကြောင့် အရေး
တကြီးလုပ်ဆောင်ချင်နေရတာပါလဲဆိုတဲ့ မေးခွန်းကိုမေးချင်ပါတယ်။
မျိုးချစ်ခင်
From : We Love True
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment