Wednesday, December 18, 2013

မန္တလေးတိုင်းရှိ မြို့နယ်လေးခုတွင် ၀န်ထမ်းအိမ်ရာများ ၂၀၁၄ အပြီးသတ် ဆောက်လုပ်မည်

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်

မန္တလေးတိုင်းအတွင်း မြို့နယ်လေးခုအတွက် ဆောက်လုပ်မည့် ၀န်ထမ်းအိမ်ရာစီမံကိန်းအတွက် တင်ဒါ ခေါ်ယူမှုကို ဒီဇင်ဘာ ၁၆ ရက်တွင် ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အပြီးဆောက် လုပ်သွားမည်ဟု တိုင်းမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်လင်းက ပြော သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ တင်ပြတောင်းဆိုတဲ့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါ တယ်။အိမ်ရာစီမံကိန်းအတွက် တင်ဒါပြန်ရွေးမယ့်နေ့က ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။ ဒီတစ်ပတ်အတွင်း ပြန်ဖွင့်မှာပါ။ ဒေသခံမဟုတ်တဲ့ ၀န်ထမ်းတွေအတွက် သက်သာတဲ့ဈေးနှုန်းနဲ့ နေရာချ ထားပေးမှာပါ”ဟု ပြောသည်။

အောင်မြေသာစံ၊ ချမ်းမြသာစည်၊ မိတ်္ထီလာ၊ မြင်းခြံမြို့နယ်များတွင် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ယခုလ ၆ ရက်က အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ တင်ဒါလျှောက်ထားသည့် ကုမ္ပဏီ ၁၀ ခုခန့်ရှိသည်။ ဖော် ပြပါ မြို့နယ်လေးမြို့နယ်တွင် အိမ်ရာများကို လေးခန်းတွဲ၊ သုံးထပ် တည်ဆောက်မည်ဖြစ်သည်။

အလားတူပင် လာမည့်ဘဏ္ဍာနှစ်များတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၈မြို့နယ်အတွက် ၀န်ထမ်း အိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းများကို ဆောင်ရွက်သွားမည်ဟုလည်း ဦးကျော်ကျော်လင်းက ပြော သည်။

မန္တလေးမြို့တွင် တာဝန်ကျသည့် ၀န်ထမ်းများနေထိုင်ရန် အရှေ့ပြင် ၀န်ထမ်းအိမ်ရာစခန်း၊ စိတ္တမဟီ ၀န် ထမ်းအိမ်ရာစခန်းနှင့် မြရည်နန္ဒာ ၀န်ထမ်းအိမ်ရာစခန်း သုံးခုရှိသည်။

ဖြိုး
Mizzima

No comments:

Post a Comment

My Blog List