Tuesday, December 17, 2013

နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၃ နှစ်ပြည့် တရားပွဲကျင်းပမည်

 17-12-2013
လာမည့် ဇန်န၀ါရီ ၁ ရက်တွင် ကျရောက်မည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ၁၃ နှစ်မြောက် နှစ် ပတ်လည်အထိမ်းအမှတ်အဖြစ် တရားပွဲများကို သုံးရက်တိုင် ကျင်းပမည်ဟု အသင်းအုပ်ချုပ်ရေးမှူး ဒေါ် ဧရာမောင်မောင်က ဒီဇင်ဘာ ၁၆ တွင် မဇ္ဈိမကို ပြောသည်။

နှစ်ပတ်လည်နေ့တွင် တရားပွဲကျင်းပခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး တရားပွဲများကို မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းရုံးတွင် ကျင်းပမည် ဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက်တွင် သီတဂူဆရာတော် အရှင်ဥာဏိဿရ၊ ဇန်န၀ါရီ ၁ ရက်တွင် ဒေါက်တာနန္ဒာမာ လာဘိဝံသနှင့် ဇန်န၀ါရီ ၂ ရက်တွင် တွံတေးဆရာတော် အရှင်ဣန္ဒကတို့က တရားဟောမည် ဖြစ်သည်။

“ရန်ကုန် နာရေးကူညီမှုအသင်းမှာ တရားပွဲကျင်းပတယ်ဆိုတာ ဒါ ပထမဆုံးအကြိမ်ပါ။ နှစ်ပတ်လည် အထိမ်းအမှတ်အတွက် အခမ်းအနားတွေတော့ မလုပ်ပါဘူး”ဟု ဒေါ်ဧရာမောင်မောင်က ပြောသည်။

ဇန်န၀ါရီ ၁ ရက် နံနက် ဆယ်နာရီတွင် သံဃာတော် ၁၃ ပါးကို ဆွမ်းကပ်လှူမည်ဖြစ်ပြီး ယင်းနေ့တွင် လူ ရွှင်တော် အယောက် ၄၀ ကလည်း ရုပ်အလောင်း သယ်ယူမှုတွင် ပါဝင်ကူညီမည်ဖြစ်သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၂၀၀၁ ခုနှစ်ဇန်န၀ါရီ ၁ ရက်တွင် စတင် တည်ထောင်ခဲ့သည်။ အ သင်း၏ခံယူချက်မှာ အသင်းသူအသင်းသားများသည် “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဟူသည့် ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးသွင်းကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် ကိစ္စရပ်များအား တာဝန်ယူ ကူညီဖေးမ ဆောင်ရွက်ကြပါမည်”ဟု ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List