Tuesday, December 17, 2013

မော်တော်ယာဉ်ပါမစ် ထုတ်ပေးခြင်းမှ အမေရိကန်ဒေါ်လာ (၉၅,၂၇၆,၃၁၀) ကောက်ခံရရှိခဲ့

17-12-2013
ပြည်တွင်း၌ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို လုပ်ကိုင်လျက်ရှိ ရာ မြို့ပြအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေ ရန်အတွက် မော်တော်ယာဉ်သစ်များ ကို ပြည်ပမှတင်သွင်းခွင့်ကိုပြုပေး လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တွင် (၈) လတာအတွင်း မော်တော် ယာဉ်ပါမစ်ထုတ်ပေးမှုမှ အမေရိ ကန်ဒေါ်လာ (၉၅,၂၇၆,၃၁၀) ကောက်ခံရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးမှ သိရှိရ သည်။

မော်တော်ယာဉ်ပါမစ်ထုတ်ပေး ရာတွင် တစ်ဦးချင်းပါမစ်အပါအ၀င် အခြားသော မော်တော်ယာဉ်တင်သွင်း ခွင့်ပါမစ်များ ထုတ်ပေးလျက်ရှိ ကြောင်းလည်းသိရှိရသည်။ မော်တော် ယာဉ်ပါမစ် ထုတ်ပေးခဲ့ရာတွင် (၂၀၁၃) ဧပြီလတွင် (၁၈၃၉) စီး၊ မေ လတွင် (၁၈၁၂) စီး၊ ဇွန်လတွင် (၁၂၁၂) စီး၊ ဇူလိုင်လတွင် (၁၈၀၆) စီး၊ သြဂုတ်လတွင် (၁၆၇၉) စီး၊ စက် တင်ဘာလတွင် (၁၆၅၀) စီး၊ အောက် တိုဘာလတွင် (၁၈၉၀) စီး၊ နိုဝင်ဘာ လတွင် (၁၇၇၃) စီး စသဖြင့် (၈) လ တာကာလအတွင်း စုစုပေါင်း မော် တော်ယာဉ်တင်သွင်းခွင့်ပါမစ် (၁၃ ၆၆၁) စီးအထိ ခွင့်ပြုခဲ့ကြောင်း သိ ရှိရသည်။

ဤကဲ့သို့ (၈) လတာအတွင်း ကားပါမစ် ထုတ်ပေးမှုမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ အမေ ရိကန်ဒေါ်လာ (၉၅ç၂၇၆ç၃၁၀) ကို ရှာဖွေပေးခဲ့ကြောင်းလည်း သိရှိရ သည်။ ထို့အပြင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မော်တော်ယာဉ်ပါမစ်များ ထုတ်ပေး လျက်ရှိရာ တစ်နေ့လျှင် အစီးရေ (၇၀) ခန့် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

Auto World Journal

No comments:

Post a Comment

My Blog List