18.12.2013
ဒီဇင်ဘာ ၁၆ ရက်က ကစားခဲ့သော ဆီးဂိမ်း
အမျိုးသားဘောလုံးပြိုင်ပွဲ ဆီးမီးတက်ရေး အဆုံးအဖြတ်ပွဲ စဉ်တွင်
အင်ဒိုနီးရှားအသင်းအား ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ရပြီးနောက်
ပွဲပြီးပြီးချင်းမှာပင် နည်းပြ ပတ် ဆောင်ဟွာကို
ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ
ကြေညာခဲ့သည်။ ပတ်ဆောင်ဟွာကို ၂၀၁၁ ဒီဇင်ဘာက ၂ နှစ်သက်တမ်းရှိ စာချုပ်
ချုပ်ဆိုထားခြင်းဖြစ်ရာ ၎င်း၏ စာချုပ်သက်တမ်းမှာ ယခုနှစ် ဒီဇင်ဘာကုန် မှပြည့်မည်
ဖြစ်သော်လည်း လ၀က်ခန့်အလိုတွင် ထုတ်ပယ် လိုက် ခြင်းဖြစ်သောကြောင့်
လက်ကျန်လစာ ခံစားခွင့်ရရှိတော့ မည်မဟုတ်ဟု မြန်မာအသင်းမန်နေဂျာ
ဦးစိုးမိုးကျော်က ပြောသည်။
“သူ့ရဲ့စာချုပ်က ဒီလကုန်မှ
ပြည့်မှာဖြစ်ပေမယ့် ရာထူးကထုတ်လိုက်တဲ့အတွက် မြန်မာနည်းပြအဖြစ် သူ
ဆက်ရှိနေမှာမဟုတ်သလို စာချုပ်သက်တမ်းရဲ့ လက်ကျန် လစာခံစားခွင့်လည်း
ရရှိတော့မှာမဟုတ်ပါ ဘူး။ သူကလည်း သူ့တာဝန်သူယူပြီး
နှုတ်ထွက်သွားတာဖြစ်တဲ့အတွက် နောက်ထပ် ဇာတ်လမ်းဆက်စ ရာ
အကြောင်းမရှိတော့ပါဘူး”ဟု ဦးစိုးမိုးကျော်က ပြောသည်။ ပတ်ဆောင်ဟွာသည်
မြန်မာနိုင်ငံသို့ ၂၀၁၁ခုနှစ် အောက်တိုဘာတွင် ရောက်ရှိလာခဲ့ပြီး
အင်ဒိုနီးရှားဆီးဂိမ်းသို့ လေ့လာသူအဖြစ်တက်ရောက် ခဲ့ကာ ဒီဇင်ဘာတွင် ၂ နှစ်
စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ကိုရီးယားသံရုံး၏ အစီအစဉ်ဖြင့်
ခန့်အပ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဘက်မှ
နေထိုင်စားသောက်ရေးအတွက်သာ တာဝန်ယူ ခဲ့ရပြီး လစာကို မြန်မာပေါ်စကိုကုမ္ပဏီက
ပေးချေခြင်းဖြစ်ကြောင်း ၎င်းအား နည်းပြအဖြစ် ခန့်အပ်စဉ်က ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲတွင် ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။
လစာနှင့်ပတ်သက်၍ တရားဝင် ထုတ်ဖော်ခြင်းမရှိသော်လည်း တစ်လ ဒေါ်လာ ၅၀,၀၀၀
နှင့် ၆၀,၀၀၀ ကြားရှိနိုင်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ
အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။၂၀၁၃ ဆီးဂိမ်းအမျိုးသား
ဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့်ပွဲ၌
ပွဲထွက်စာရင်းမှချန်လှပ်ခံရသော တိုက်စစ်မှူးကျော်ကိုကို မှ ပတ်ဆောင်ဟွာကို
ထိုင်ကန်တော့ပြီးမှ ဒုတိယပိုင်း၌ ၀င်ကစားခွင့်ရခဲ့ခြင်းမှာလည်း
အမှန်ပင်ဖြစ် ကြောင်း မြန်မာအသင်းမန်နေဂျာ ဦးစိုးမိုးကျော်က ဆိုသည်။
“ကျော်ကိုကိုက နည်းပြရဲ့ နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်လို့ဆိုပြီး
ပွဲထွက်လူစားရင်းက ချန်လှပ်ခံရ တာပါ။ ဒါနဲ့ ပထမပိုင်းအပြီးမှာ ဥက္ကဋ္ဌက
မှားတဲ့သူ တောင်းပန်လိုက်ပါဆိုလို့ ကျော်ကိုကိုက ထိုင်ကန်
တော့တောင်းပန်တော့မှ ၀င်ကစားခွင့်ရခဲ့တယ်”ဟု ဦးစိုးမိုးကျော်က ပြောသည်။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းဖြင့်
ဆုံးဖြတ်ခြင်းကို မသိရှိဟု ပတ်ဆောင်ဟွာက ပြောဆိုခဲ့ ခြင်းအပေါ်တွင်လည်း
ဦးဇော်ဇော်က ဒေါသပေါက်ကွဲခဲ့ပြီး ပွဲမတိုင်ခင်ရက်၊ ပွဲကစားမည့်ရက်များတွင်
တာဝန်ရှိသူအားလုံး၊ နည်းပြအဖွဲ့ဝင်အားလုံးက အသိပေးထားခဲ့ပြီးဖြစ်ကြောင်း
ပြောကြားခဲ့ပြီး နံရံကို လက်သီးနှင့်ထိုးခဲ့သည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment