17-12-2013
အင်ဒိုနီးရှား အသင်းကို အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ရှုံးနိမ့်ကာ
ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာ
အသင်းကို (၂)နှစ်ကြာ တာဝန်ယူခဲ့သည့် တောင်ကိုရီးယား နိုင်ငံသား နည်းပြချုပ်
ပတ်ဆောင်ဟွာကို မြန်မာအသင်း၏ နည်းပြချုပ် အဖြစ်မှ ထုတ်ပယ်လိုက်ပြီ
ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က
ကြေငြာခဲ့သည်။ ပတ်ဆောင်ဟွာသည် ဦးဇော်ဇော် အပါအ၀င် မြန်မာ့ ဘောလုံး
အသိုင်းအ၀န်း၏ ယုံကြည်ကိုးစားမှုကို အထူးရရှိခဲ့သည့် နည်းပြ တစ်ဦး ဖြစ်ပြီး
မြန်မာ ယူ-၂၃ အသင်းအပါအ၀င်၊ မြန်မာ့ လက်ရွေးစင် အသင်းကိုပါ တစ်ဦးတည်း
တာဝန်ယူခွင့် ရရှိခဲ့သူ ဖြစ်သည်။
"ရလဒ်ဆိုးအတွက် ပရိသတ်တွေကို
ကျွန်တော် စိတ်မကောင်းလွန်းလို့ ရှိခိုးတောင်းပန် ချင်ပါတယ်။
ပတ်ဆောင်ဟွာနဲ့ ကျွန်တော်တို့ရဲ့ လက်တွဲမှုက ဒီမှာပဲ ရပ်ပါပြီ။ သူနဲ့
စာချုပ်သက်တမ်း ကျန်နေသေးပေ မယ့် ဆက်ပြီး လက်တွဲတော့မှာ မဟုတ်ပါဘူး"ဟု
မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ပြောကြားခဲ့ခြင်း
ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုနောက်ဆုံးပွဲ ဖြစ်သည့် အင်ဒိုနီးရှားနှင့်
ပွဲတွင် သရေရ ပါက အုပ်စုမှ လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း ပွဲချိန်
ပထမပိုင်းတွင် ပေးခဲ့ရသည့် ပင်နယ်တီဂိုးကြောင့် အုပ်စုအဆင့်မှပင်
နှုတ်ဆက်ခဲ့ရပြီ ဖြစ်သည်။ နည်းပြ ပတ်ဆောင်ဟွာသည် အသင်း၏ ပွဲထွက်လူစာရင်းတွင်
အဓိက တိုက်စစ်မှူး ကျော်ကိုကိုအား ထည့်သွင်းခဲ့ခြင်း မရှိဘဲ
အင်ဒိုနီးရှားကို ရင်ဆိုင် ခဲ့သည်။ ပတ်ဆောင်ဟွာ ၏ အသင်းသည် ပွဲချိန်
ပထမပိုင်းတွင် မည်သို့မျှ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ဘဲ အင်ဒိုနီးရှား
အသင်း၏ တိုက်စစ်ကို အလူးအလဲ ခုခံခဲ့ရပြီးနောက် ပင်နယ်တီဂိုးကိုပါ
ခွင့်ပြုခဲ့ရသည်။ ပတ်ဆောင်ဟွာ အနေဖြင့် ဒုတိယပိုင်းတွင် ကျော်ကိုကို ကို
ထည့်သွင်းကာ တိုက်စစ်ဆင်ခဲ့သည်။ သို့သော် မြန်မာ အသင်း၏ ဒုတိယပိုင်း
ခြေစွမ်းပြမှုမှာ ရလဒ်ကို မည်သို့မျှ ပြောင်းလဲနိုင်ခြင်း မရှိတော့ဘဲ
ပွဲအပြီးတွင် အရှုံးရလဒ်ကိုသာ လက်ခံခဲ့ရခြင်း ဖြစ်သည်။
ပွဲအပြီးတွင် လူထုတ်ပုံနှင့် ပတ်သက် သတင်းထောက်များက မေးမြန်းသောအခါ
ပတ်ဆောင်ဟွာက Head to head စနစ်ဖြင့် ဆုံးဖြတ်မည်ကို ကျော်ကိုကိုအား
လူစားလဲချိန်ထိ မိမိလုံးဝ မသိခဲ့ကြောင်း ဆိုခဲ့သည်။ ပတ်ဆောင်ဟွာ ၏ အဆိုပါ
အပြောအတွက် ဦးဇော်ဇော်မှာ ဒေါသပေါက်ကွဲခဲ့ပြီး နံရံကိုပင် လက်သီးဖြင့်
ထိုးခဲ့သေးသည်။ ထို့အပြင် ဦးဇော်ဇော်က ပတ်ဆောင်ဟွာ ၏ အဆိုပါ ပြောဆိုမှုမှာ
ခေါင်းရှောင်မှု သက်သက်သာ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment