Tuesday, December 17, 2013

အလှဘုရင်မဆုဖြစ်သည့် Most Beautiful of 2013 Top-80 တွင် ခင်ဝင့်ဝါ ပါဝင်

 ဒီဇင်ဘာ ၁၇၊၂၀၁၃
မြန်မာနိုင်ငံမှ Miss Supranational 2013 ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခင်ဝင့်ဝါသည် Miss Univer-se & Missology ၀က်ဘ်ဆိုဒ်က ကျင်းပသည့် Most Beautiful Queen of 2013 Top -80 စာရင်းတွင် ပါဝင်နေသည်။ ယင်းဝက်ဘ်ဆိုဒ်သည် ယခုနှစ်အတွင်းတွင် ကျင်းပခဲ့သည့် အလှမယ်ပြိုင်ပွဲများတွင် ပါဝင် ကြသည့် အလှမယ်များကို Most Beautiful Queen of 2013 ဆုကို ရွေးချယ်မည် ဖြစ်သည်။

“Miss Universe & Missology ၀က်ဘ်ဆိုဒ်က အယောက် ၈၀ စရွေးတာကို တွေ့ရတယ်။ ဒါကကျတော့ အလှမယ်ပွဲတွေကို အထူးသီးသန့်စောင့်ကြည့်တဲ့ မီဒီယာဝက်ဘ်ဆိုဒ်တစ်ခုပေါ့။ အရင်နှစ်တွေကတော့ တစ်နှစ်လုံးမှာ အကောင်းဆုံး ကျင်းပခဲ့တဲ့ပြိုင်ပွဲဆုရယ်၊ အလှဆုံး အလှမယ်ဆုတစ်ခုရယ် ချီးမြှင့်တယ်။ ဒီနှစ်တော့ ဘယ်လိုရွေးချယ်ပေးမလဲဆိုတာ ကျွန်တော်တို့လဲ အတိအကျ ဘာမှ မသိရသေးဘူး။ Like လုပ်ခိုင်းတာလဲ တွေ့တယ်။ ဘယ်လိုထပ်ရွေးချယ်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်” ဟု Miss Supr-anational Myanmar Organization မှ ကိုဝေယံအောင်က ပြောသည်။ ယင်း ၀က်ဘ်ဆိုဒ်က ပြုလုပ် သည့် အလှမယ်ရွေးချယ်ပွဲ Most Beautiful Queen of 2013 အတွက် ကိုယ်နှစ်သက်သည့် အလှမယ် များကို Like လုပ်ပြီးရွေးချယ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ခင်ဝင့်ဝါသည် Miss Supranational 2013 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ပြီး နောက်ပိုင်းတွင်The Ideal Beauty Website ၏ အယောက် ၁၀၀ စာရင်းတွင် စတင်ပါဝင်ခဲ့ပြီး အယောက် ၅၀ ထပ်မံ ရွေးချယ်ခြင်း တွင်လည်း ထပ်မံရွေးချယ် ခြင်းခံရသူဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List