ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်
မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာ လမ်းမကြီးပေါ် ရေကူးအသံလွှင့်ရုံအနီး ဘီယာ များ
တင်ဆောင်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီ ၀န်းကျင်ခန့်တွင် ဝေဇယန္တာလမ်းမကြီး
မြောက်ဥက္ကလာဘက်မှ တောင်ဥက္ကလာဘက်သို့ မောင်းနှင်လာသော လိုက်(စ်)အိပ်
အမျိုးအစား ယာဉ်အမှတ် ၈ည/..... မှာ ရေကူးအသံလွှင့်ရုံနား အရောက်တွင်
တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် အမျိုးသားလေးဦးနှင့် အမျိုးသမီး နှစ်ဦး လိုက်ပါလာကြောင်း သိရသည်။
"ကားက မြောက်ဥက္ကလာဘက်ကနေ လာတာ။ ကားပေါ်မှာ အမျိုးသား လေးဦးနဲ့
အမျိုးသမီးနှစ်ဦး ပါလာတာ တွေ့တယ်။ ဒီကားက အဝေးပြေးက နေ ဘီယာတွေတင်ပြီး
မင်္ဂလာဈေးကို သွားမှာလို့တော့ ကြားရတယ်။ ကားမှောက်လို့ ကျွန်တော်တို့
ပြေးကြည့်တော့ ယာဉ်မောင်းက အရက်မူး နေတာ" ဟု ယာဉ်တိုက်မှုအား မျက်မြင်တွေ့သူ
ကိုပြည့်စုံက ဆိုသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့်
ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ
မြောက်ဥက္ကလာမြို့နယ်ရှိ မေဓါဝီဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။
၎င်းယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အား မရမ်းကုန်း မြို့မရဲစခန်းမှ ယာဉ် (ပ) ၉၇၊
ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်ကာ ယာဉ်မောင်းအား ဖမ်းဆီးစစ်ဆေး
လျက်ရှိသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment