Friday, July 19, 2013

မိုးနည်း၍ မြို့နယ်အချို့ စပါးစိုက်ချိန်နောက်ကျ

Friday, July 19, 2013
မြန်မာနိုင်ငံ၏ ဆန်စပါးအဓိက စိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြို့နယ်အချို့တွင် မိုးရွာ သွန်းမှုအားနည်း၍ မိုးရေနည်းပါးပြီး လယ်ကွက်များအတွင်း ရေမရှိသည့် အတွက် စပါးစိုက်ပျိုးချိန် နောက် ကျနေကြောင်း တောင်သူများထံမှ သိရသည်။
မိုးရွာသွန်းမှုမှာ တစ်မြို့နယ်နှင့် တစ်မြို့နယ်မတူညီဘဲ မိုးရွာသွန်းမှုအား ကောင်းသည့်ဒေသတွင် စပါး စိုက်ပြီးဖြစ်ကာ ငွေကြေးတတ်နိုင်ပြီး မြစ်ရေနှင့်နီးသည့် တောင်သူများကစက်များဖြင့် ရေတင်စိုက်ပျိုး နိုင်သော် လည်းအချို့နေရာများတွင် ရေတင်စရာနေရာမရှိ၍ စပါးမစိုက်ရသေးကြောင်း တောင်သူများက ပြောဆို သည်။ စပါးစိုက်ရက်သည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ရက်ပေါင်း ၂၀ ကျော် နောက်ကျနေပြီး မိုးဖွဲဖွဲသာ ရွာသွန်းသဖြင့် တမန်းဖြစ်ရုံသာ စိုက်ပျိုးနေကြရကာ လယ်ကွက်အတွင်း လက်ဆေးစရာပင် ရေမ ရှိကြောင်း အင်္ဂပူမြို့ နယ် မကျီးကုန်းအုပ်စုမှ တောင်သူ ဦးဝင်းမောင်က ပြောကြားသည်။
စပါးစိုက်ရက်များ နောက်ကျရခြင်းသည် မိုးရေမရသည့် အတွက်ကြောင့်ဖြစ်ပြီး ကောက်စိုက်လုပ်သား များလည်း ပင်ပန်းစွာ စိုက်ပျိုးနေရကြောင်း ဟင်္သာတမြို့နယ် သုံးအိမ်တန်းကျေးရွာမှ တောင်သူ ဦးစိန်ဝင်းက ပြောဆိုသည်။
The Voice Weekly

No comments:

Post a Comment

My Blog List